Sunday, August 5, 2007

အနာဂါတ်တွက် ရင်သွေးငယ်များ

လွန်ခဲ့တဲ့ နှစ်ကရေးထားဖြစ်ခဲ့ ပြီး ဘယ်မှာမှ မဖော်ပြဖြစ်ခဲ့တဲ့ ကျွန်တော့ အမြင်တခုကို ပြန်လည်ချပြ ဖြစ်ခဲ့ပါ ပြီ။ အပြည့် အစုံကို အောက်မှာ ဆက်လက် ကြည့်ရှု ဝေဖန်ပေးကြပါ။

အနာဂါတ်အတွက်ရင်သွေးငယ်တွေ
နေ.နဲ့ ညလို့လောကကြီးကို သက်မှက်ခဲ့လို့အချိန်ကာလဆိုတာ လူတွေရဲ့နေ့စဉ်ဘ၀မှာ အစားထိုးမရတဲ့ အရာတွေအဖြစ်ခံယူလာခဲ့တာရှေးယခင်ထဲကပါ။ ပြောင်းလဲဖြစ်ပေါ်နေတဲ့နည်းပညာတွေဟာတကယ့်ကို အံ့မခန်းပါဘဲ။ လူနေမှု့ပုံစံတွေဟာရှေးယခင်ကလိုမဟုတ်ဘဲအလွန့်အလွန်တိုးတက်နေပါတယ်။တခုရှိ
တာကပြောင်းလဲမှု့တွေနဲ့အတူအလျှင်အမြန်ဖြစ်ပေါ်လာမယ့်တနိုင်ငံနဲ့တနိုင်ငံနည်းပညာကွာဟမှု့ဟာ ကျဉ်းမြောင်းသွားမှာ လား၊ကျယ်ပြန့်လာမှာလား။ မေးခွန်းထုတ်စရာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ကလဲနည်းပညာပြန့်ပွားရေးဆိုင်ရာစာချုပ်တွေချုပ်ဆိုပြီးပညာခေတ် ကြီးဖြစ်ပေါ်ဖို့အပြင်းအထန်အားထုတ်
နေကြတာတွေ့ရပါတယ်။နည်းပညာcompany ကြီးတွေအရှေ့ဘက်ကို ရွေ့လာတာဟာအရှေ့တိုင်းသား
တွေရဲ့ပညာရေး တိုးတက်မှု့အပေါင်းဘက်ပြနေတာ ဖြစ်ပါတယ်။ အရှေ့တိုင်းရဲ့လစာနည်းပညာတက် လုပ်သားအင်အားပေါများမှုဟာcompany ကြီးတွေရဲ့စားကွက်လုစရာဖြစ်လာတာပေါ့။ တဖက်ကလဲပညာ တက်လုပ်သားတွေရဲ့ အခွင့်အလမ်းပေါများလာသလို၊ ကာယလုပ်သားတွေရဲ့ အခွင့်အလမ်းတွေလျော့ကျ လာတာတွေ့ရပါတယ်။ အခုမှတဟုန်ထိုး တိုးတက်လာတဲ့လူနေမှု့ပုံစံတွေက ကျေးလက်မှာလူနေထူတပ်တဲ့ အရှေ့တိုင်းနိုင်ငံတွေအဖို့ လူတန်းစားကွာဟမှု့ကြီးထွားအောင် တွန်းပို့သလိုဖြစ်နေပါတယ်။ စက်မှု့စိုက်ပျိုးရေးပြောင်းလဲလာမှု့နဲ့အတူကျေးလက်ကနေမြို့ပြပြောင်းရွေ့လာတဲ့လုပ်သားတွေရဲ့အ လုပ်လက်မဲ့ပြသနာကလဲမသေးပါဘူး။ပြည်တွင်းစစ်တွေ၊နိုင်ငံရေးမတည်ငြိမ်မှု့တွေကြားကကြီးပြင်းလာတဲ့အရှေ့
တောင်အာရှကနှစ်ဆယ်ကျော်သက်လုပ်သားတွေထဲမှာပညာရေးဆုံးခန်းမတိုင်သူတွေအများ ကြီးရှိပါ
တယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းပြောင်းလဲသွားတဲ့စီးပွားရေး၊လူမှု့ရေးတွေကိုအမှီလိုက်ဖို့ ကြိုး စားရင်း
ပထမမျိုးဆက်ရဲ့ပညာရေးအားပေးနိုင်ဖို့လစ်ဟင်းခဲ့ရပါတယ်။အခုသူတို့တွေအရွယ်ရောက် လာတဲ့အခုပ
ညာခေတ်ရဲ့နောက်ထပ်ပေါက်ဖွားလာမယ့်သူတို့တတွေရဲ့အနာဂါတ်ရင်သွေးအတွက်ရင်ဆိုင် ကြရာမှာလူနေစားရိတ်ကြီးမြင့်မှု့၊ပညာရေးစားရိတ်ခေါင်ခိုက်မှု့တွေကြောင့်နည်းပညာဆိုင်ရာသင်ကြားရေးတွေမှာ
ရှိတဲ့ကန့်သက်ချက်တွေကိုကြော်လွှားဖို့ခက်ခဲပါလိမ့်မယ်။လူတယောက်ပီစီတလုံးခေတ် ရောက်အောင်
မျှော်နေရင်ဘာမှအလုပ်ဖြစ်မှာမဟုတ်ပါဘူး။နောက်ထပ်အတားအဆီးတခုကဘာသာစကား ဖြစ်ပါတယ်။
မိရိုးဖလာဘာသာစကားအရမ်းထွန်းကားတဲ့အာရှအရှေ့တိုင်းမှာတော့နည်းပညာကွာဟမှုက နောက်ကနေ
ထပ်ချက်မကွာလိုက်နေဦးမှာပါ india နဲ့ china မတူတာ english လိုတက်ကျွမ်းတဲ့လုပ်သားတွေက
india မှာပိုများနေတာပါဘဲ။ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာနည်းပညာဆိုင်ရာတွေကိုမိခင်ဘာသာစကားနဲ့သင်တဲ့ japan ကိုသဘောကျပါတယ်။ english စာကိုအခြေခံကနေကျကျနနသင်တဲ့ india စတိုင်ကလဲကောင်းပါတယ်။ဘာလို့လဲဆိုရင်နည်းပညာတွေလေ့လာရာမှာဘယ်လိုဘာသာရပ်ဘဲဖြစ်ဖြစ်အ
နောက်နိုင်ငံတွေကနေဆင်းသက်လာတာဆိုတော english့ လိုတိုက်ရိုက်လေ့လာရာမှာလူများစုအတွက်
တော့ချဉ်းကပ်ဖို့အခက်အခဲအနဲငယ်ရှိကြမှာပါ။အခေါ်အဝေါ်သုံးနှုံးမှု့တွေကတိုက်ရိုက်ခေါ်ဆိုသင့်ပေမယ့်လဲလေ့လာရာမှာတော့အောက်စီဂျင်နဲ့ဟိုက်ရိုဂျင်ပေါင်းရင်ရေကတော့ရေပါဘဲ။ ကျောင်းတွေမှာငယ်
စဉ်ကတည်းက english စာကိုအခြေခံကနေသေသေချာချာအောက်သက်ကျေအောင်သင်လာမှဖြစ်မှာပါ။
ငယ်စဉ်ကတည်းကသင်လာရင်နောက်ပိုင်းတော်တော်ပြောင်းလဲသွားနိုင်ပါတယ်။အခုခေတ်မှာကငွေကြေး
တက်နိုင်ပါမှပညာတွေတက်ရမယ့်ပုံဖြစ်နေတာပါ။တက်နိုင်တဲ့သူကလဲတက်နိုင်သလိုမတက် နိုင်လို့အခြေ
ခံပညာကျောင်းတောင်မတက်နိုင်တဲ့ခလေးတွေအများကြီးပါ။ကြိုးစားရင်ဘာမဆိုဖြစ်တယ်မေ ပြောချင်ပါနဲ့
သူတို့လေးတွေမှာစာလဲကောင်ကောင်းမဖတ်တက်တော့ဗဟုသုတဆိုတာလဲမပြညိ့်ဝကြပါဘူး။ကြိုးစားဖို
အခွင့်အရေးတွေလဲမရှိကြပါဘူး။နေ့စဉ်နေ့တိုင်းစားဝတ်နေရေးအတွက်ရုံးကန်ရင်းဘ၀ကိုခက်ခက်ခဲခဲ
ကျော်လွှားရင်ဆိုင်နေကြရပါတယ်။ India ဘယ်လောက်ဘဲတိုးတက်လာနေပါစေဆင်းရဲမွဲတေနေတဲ့က
လေးတွေအများကြီးရှိပါသေးတယ်။တရုတ်မှာလဲထိုနည်း၎င်းဘဲ။နောင်မကြာတော့မယ့်အချိန် မှာြ ကီးပြင်း
လာတော့မယ့်မျိုးဆက်သစ်တွေအတွက်ရင်ဆိုင်စရာအခက်အခဲတွေကတနေ့ထက်တနေ့ပို လာာနေပါတယ်
သူတို့လိုကလေးတွေအတွက်လဲစိတ်မအေးရသလို၊တိုင်းပြည်အတွက်ရောအနာဂါတ်မှာမလှမပဖြစ်နေမှာပါ။ခုချိန်မှာကတည်းကပြင်ဆင်သင့်တာဆောင်ရွက်သင့်တာတွေသေသေချာချာ လုပ်သင့်ပါပြီ။ထိုင်းမှာ
တော့ကျောင်းသားတယောက်လက်စွဲကွန်ပျူတာတစ်လုံးစီမံကိန်းကိုလုပ်နေပါတယ်။လုပ်နေ ပေမယ့်လဲအ
ခြေခံလူတန်းစား၊ဖွံ့ဖြိုးမှု့နောက်ကျနေတဲ့ကျေးလက်အစွန်အဖျားတွေကိုပစ်မှတ်ထားပါတယ်။အမှန်က
တော့မျောက်လက်ထဲအုံးသီးပေးသလိုပါဘဲ၊အခြေခံကျတဲ့လိုအပ်ချက်တွေဖြစ်တဲ့ကျောင်းနေရွယ်ရောက်ကလေးတိုင်းကျောင်းတက်နေနိုင်ရေး၊မိဘမဲ့ကလေးများအတွက်ထိရောက်မယ့်အကူအညီပေးမှု့၊ကလေးတွေအတွက်စိတ်ပိုင်း၊ရုတ်ပိုင်းဆိုင်ရာအကာအကွယ်ပေးမှု့တွေ၊ကျန်းမာရေးကဏ္ဍတွေကိုဖြည့်စီးမပေး
နိုင်သေးဘဲနည်းပညာရပ်ဆိုင်ရာတွေကိုခုန်ပျံကျော်လွှားပြီးပံ့ပိုးပေးဖို့ရာလုံးဝမဖြစ်နိုင်ပါဘူး။အောက်
ခြေအဖွဲ့အစီးတွေရဲ့အားနည်းချက်တွေကနိုင်ငံတော်တော်များများရဲ့ပညာရေးမူဝါ-ကိုဖော်ဆောင်ရာမှာ
ချို့ယွင်းစေပါတယ်။နိုင်ငံတကာအလှူရှင်တွေကထောက်ပံ့နေပေမယ့်လဲအတိုင်းအတာတခုလောက်မှာသာသွားစုနေတာတွေ့ရပါတယ်။ထောက်ပံ့ငွေတွေကိုအကြောင်းပြုပြီးနိုင်ငံရေးဖိအားပေးမှု့တွေလုပ်
ဆောင်ခြင်း၊ထောက်ပံ့ငွေတွေဟာအမှန်လိုအပ်တဲ့နေရာမရောက်ဘဲအလွဲသုံးစားမှု့တွေပေါ် ပေါက်နေ
ခြင်းစတဲ့မဖြစ်သင့်တဲ့အခြအနေတွေကြောင့်အချိန်တွေကုန်ဆုံးပြီးကလေးတွေအတွက်အများ ကြီးနစ်နာ
စေပါတယ်။ဘယ်နေရာမှာတော့ကလေးတွေကျောင်းအပ်လို့မရဘူး၊ဘယ်မှာတော့ဖြင့်ကလေးလုပ်သား
တွေသုံးနေတယ်လို့ပြောနေမယ့်အစားလက်တွေ့မှာတက်နိုင်သလောက်ကူညီကြစမ်းပါလားလို့ပြောချင်ပါတယ်။သူများနိုင်ငံကိုအားကျနေရုံနဲ့တော့တိုင်းပြည်ကြီးတိုးတက်လာမှာမဟုတ်ပါဘူး။ကိုယ်စွမ်းသ
လောက်နဲ့တိုင်းပြည်ကိုအကြိုးပြုစေချင်ပါတယ်။ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသလိုကလေးတွေဟာအနာဂါတ်ရဲ့အသီးအပွင့်တွေပါ။သူတို့တတွေကိုလစ်လျှူရှုထားရင်အနာဂါတ်ကိုမေ့လျော့နေတာနဲ့အတူတူပါဘဲ။တူညီတဲ့ခံစားချက်တွေရှိရင်ကလေးတွေနဲ့အတူကမာကြီးကို ပြောင်းလဲကြပါစို့လား။အစားထိုးမရတဲ့အချိန်တွေထဲကအများအကျိုးအတွက်နဲနဲလောက်ဖဲ့ ပေးးကြည့်စမ်းပါ။စားလက်စကိတ်မုန့်ကိုကြောင်လေးတွေချကြွေးလိုက်ရရင်ခံစားရတဲပီတိ ထက်မနဲသင်ခံစားရလိမ့်မယ်။ကလေးတိုင်းကိုစာတက်စေချင်တယ်၊နိုင်ငံတော်ကစာကြည့်တိုက်တွေကျေးလက်အထိဖွင့်ပေးနေတာကောင်းပါတယ်။တခုရှိတာရေရှည်
တည်မြဲအောင်ထိန်းထားနိုင်ဖို့ကအရေးကြီးတာကြောင့်စေတနာထားဆောင်ရွက်ကြစေချင်ပါတယ်။စာ
တက်မှစာဖတ်နိုင်မယ်၊စာဖတ်နိုင်မှဗဟုသုတတိုးပွားမယ်၊ဗဟုသုတရှိမှဝေဖန်ပိုင်းခြားစမ်းစစ် နိုင်တဲ့အ
ရည်အခြင်းတွေရလာပြီးလူတကိုယ်ခြင်းရဲ့တိုးတက်အောင်မြင်မှု့ကိုဖြစ်စေမှာပါ။လူတိုင်းညာ ဥဏ်အမျော်
အမြင်နဲ့ပြည့်စုံပြီးသာယာတဲ့တိုင်းပြည်နိုင်ငြံဖစ်ထွန်းလာမှာမလွဲဧကန်ပါဘဲ။

4 comments:

ရွက်ဝါ said...

balargout ပြောသွားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနာဂါတ်မှာ လူကြီးဖြစ်လာမယ့် ကလေးတွေအတွက် စဉ်းစားဖို့လည်း သင့်ပါတယ်။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို စနစ်တကျသင်ပေးသင့်တယ် ဆိုတဲ့ကိစ္စကတော့ ကျွန်တော်အတွေးနဲ့က မတူဘူးဖြစ်နေတယ်။ စနစ်တကျလို့ သုံးထားတာတော့ ပြောစရာမရှိပါဘူး။ လက်ရှိသင်ပုံသင်နည်းကတော့ စနစ်တော်တော်မကျတာပါ။ အခြေခံပညာ ပြီးတဲ့လူ၊ ဘွဲ့ရပြီးတဲ့လူအပြင် ဘွဲ့လွန်ပြီးဆုံးပြီးအချို့တောင် အင်္ဂလိပ်စကားပြောဖို့ လိုအပ်လာရင် အပြင်သင်တန်းတွေကို အားကိုးနေကြရပါတယ်။

ဘာသာစကားတစ်မျိုးက သေချာလေ့လာမယ်ဆိုရင် ၆ လတောင် မကြာဘူး ကောင်းကောင်းတတ်ကျွမ်းနိုင်တယ်လို့ အချို့ကဆိုပါတယ်။ ဒါကတော့ ပါရမီရှင်တွေမို့ပါလို့ စောဒကတတ်လို့ရပါတယ်။ အဲဒါဆိုရင်လည်း သာမန်လူတွေအတွက်က ၄ နှစ်ဆိုရင် လုံလောက်နိုင်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာကို ငယ်ငယ်လေးကတည်းက မသင်သင့်ဘူးထင်ပါတယ်။ နောက်တော့ မြန်မာနိုင်ငံမှာ ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း ) အဆင့်ဆင့်မှာ ဆုံးခန်းမတိုင်ခင် တစ်ဝက်တစ်ပျက်နဲ့ ပညာရေးကိုကျောခိုင်လိုက်ရတဲ့သူက တော်တော်များတယ်လို့ ပြောကြပါတယ်။ အတိအကျသိရဖို့ကတော့ အသေအချာ ကွင်းဆင်းလေ့လာနိုင်ဖို့လိုပါလိမ္မယ်။ အဲလိုပညာရေး မပြီးဆုံးပဲ မိရိုးဖလာ စားဝတ်နေရေးကို လုပ်ကိုင်စားသောက်မဲ့ လူတွေအတွက်က ကျောင်းကသင်ပေးလိုက်တဲ့ အင်္ဂလိပ်စာက အသုံးမတည့် ဖြစ်နေဖို့ များပါတယ်။ ပညာရေးက လိုအပ်ချက်နဲ့မညီသလို (ဈေးကွက်မ၀င်သလို) ဖြစ်နေတာပေါ့။
အဲလိုအင်္ဂလိပ်စာသင်ရမယ့် အချိန်တွေမှာ (ရူံးကန်ရမယ့်ဘ၀အတွက်) တစ်ခြားအကျိုးရှိမယ့် ဘာသာတစ်ခုခုကို အစားထိုးသင်ကြားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ...
ကျန်မာရေးနဲ့ပတ်သက်ပြီး။ အစားအစာနဲ့ အဟာရအကြောင်း၊ ဆေးဝါများအကြောင်း၊ အားကစားနဲ့ကာယပညာ၊ ရှေးဦးသူနာပြုစုနည်း
စာပေနဲ့ပတ်သက်ပြီး။ ၀တ္တု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း တို့ကိုဖတ်နည်း နဲ့ဝေဖန်နည်း၊ အခြေခံ စာနယ်ဇင်းပညာ
စီးပွားရေးနဲ့ပတ်သက်ပြီး။ အသုံးနဲ့အဖြုန်းကိုနားလည်ဖို့၊ ကျင်လည်ရမယ့် ပတ်ဝန်းကျင်ရှိစီးပွားရေးလုပ်ငန်း အခြေခံပညာ၊ စီးပွားရေးလောကမှာ သိပ်ခါရှိရှိနေနိုင်အောင် လိုက်နာသင့်တဲ့ လူ့စည်းကမ်းကျင့်ဝတ်တွေ.
စသဖြင့် အခုဥပမာပေးသွားသလို အကြောင်းအရာတွေကို ပညာရှင်တွေက သီအိုရီထုတ်ပြီး သင်ရိုးရေးဆွဲပေးမယ်ဆိုရင်၊ (ကျန်းမာရေးအဆင့်အတန်းပို မြင့်တဲ့၊ စာပေနဲ့ပိုမိုနီးစပ်တဲ့၊ စီးပွားရေးကို ပိုလုပ်တတ်တဲ့) အခုအနေအထားထက်သာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်မယ်လို့ထင်တယ်။ အခုပြောထားတဲ့ ဥပမာတွေအပြင် လက်တွေ့ ဘ၀မှာအသုံးတည့်မယ့် အခြား သိသင့်တာတွေလည်းရှိဦးမှာပါ။ ရရှိနိုင်တဲ့ အချိန်အနေအထားနဲ့ သင့်တော်မယ့် ပြဌာန်းချက်ကိုပြုစုပြီး ပို့ချပေးသင့်တယ်ထင်တယ်လို့ ဆွေးနွေးလိုပါတယ်။
ဒီအကြောင်းနဲပတ်သက်ပြီး ပိုစ်တစ်ခုရေးဖြစ်ဖို့ ကြိုးစားလိုက်ပါဦးမယ်။ သားရေးထားတာတွေကိုလည်း အားမနာတမ်းလာရောက်ဝေဖန် ဆွေးနွေးလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

(လူနေမှု့၊ ကွာဟမှု့ တို့မှာ (မှု) က အောက်ကမြင့်မပါဘူးထင်ပါတယ်....လူနေမှု၊ ကွာဟမှု)

ZawZaw said...

အခုလို ဆွေးနွေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမြင် တစ်ခုထဲကို အဓိကထားရေးခဲ့တာပါ။ လက်တွေ့မှာ ကွဲလွဲ မှု့တွေ အများကြီးရှိနေပါသေးတယ်။ တစ်စုံတရာ အပြောင်း အလဲတစ်ခုအတွက် ကျွန်တော့် ကြိုးပမ်းမှု့လေးပါ။ နောက်လဲ ဆက်လက် ဆွေးနွေး ပေးပါဦး။ ကျေးဇူးပါ။

Anonymous said...

ရွက်ဝါ.. ဒီကိစ္စ ပြောမလို့ပါပဲ...

(၁) အင်္ဂလိပ်စာကို ဘာသာစကားတခုအနေနဲ့ပဲမို့လို့ ၄နှစ်နဲ့သင်နိုင်လောက်တယ်ဆိုပြီး ငယ်၂တည်းက မသင်ဘူးဆိုတာ ကျမတော့ လက်မခံမိဘူး ။ ဘာလို့လဲဆိုတော့..

- အင်္ဂလိပ်စာဆိုတာ ကမ္ဘာမှာ globalization ဆိုတာ ဖြစ်ထွန်းတဲ့တနေ့ ၊ လူတိုင်းသုံးမယ့် globalized language တခုအဖြစ် ထိပ်ဆုံးမှာ ပါတယ် ။ ဒီတော့ ဒီဘာသာရပ်ဟာ အရေးကြီးတယ် ။

- အင်္ဂလိပ်စာကို ၄နှစ်နဲ့သင်မယ်ဆိုတာ စာအုပ်ထဲပါတာတွေတော့ သင်နိုင်ပါတယ် ။ ဒါပေမယ့် ဘာသာစကားတခု ကျွမ်းကျင်ဖို့ဆိုတာ အမြဲ ထိတွေ့ နေဖို့ လိုတယ် ။ ကျမ အမေဟာ ဗမာပြည်မှာ ၉တန်း ၁၀တန်း အင်္ဂလိပ်စာ သင်ခဲ့တာ နှစ်အတော်များများပဲ ။ English Grammar ကို ကျမထက် ပိုတတ်ကျွမ်းတယ် ။ ဒါပေမယ့် သူက အမြဲ အင်္ဂလိပ်လို ထိတွေ့ မှုမရှိတဲ့အတွက် ၊ ကျမလောက် ဝေါဟာရ မကြွယ်ဝဘူး ၊ နောက် တချို့ စာကြောင်း အသုံးအနှုံးတွေမှာ ထောက်နေတတ်တယ် ။

- ကျမ ဂျာမန်ဘာသာကို လေးနှစ်တိတိ သင်ကြားခဲ့တယ် ။ အရေး ၊ အဖတ် ၊ အပြော.. ဒါပေမယ့် လုံးဝမထိတွေ့ တာကြာလာတော့ ၊ ခုဆိုရင် မင်္ဂလာပါ ၊ နေကောင်းလား ၊ ကောင်းသောမနက်ခင်းပါ စတာတွေပဲ ပြောနိုင်တော့တယ် ။

- နောက်တခု ပြောချင်တာ.. ဘာသာစကားဆိုတာ စာအုပ်ထဲ သုံးတာနဲ့ ၊ အမြဲသုံးနေတာ မတူပါဘူး ။ ကျမတို့ ဗမာစကားမှာတောင် ၊ အမြဲ ကျင်လည်ကျက်စားနေတဲ့ပေါ် မူတည်ပြီး ၊ အသုံးအနှုံးတွေ ကွဲပြားတယ် ။

- ကလေးတွေကို ငယ်၂လေးထဲက အင်္ဂလိပ်လို သင်ပေးထားရင် ၊ သူတို့ဟာ အင်္ဂလိပ်စကားကို နားရည်ဝမယ်.. သပ်၂ကြီး ဘာသာစကားတခုလို မသင်ရတော့ပဲ ၊ ကိုယ့်ဘာ့သာစကားအပြင် ၊ အင်္ဂလိပ်စာကိုလဲ natural language တခုအနေနဲ့ ၊ interchange လိုပြီး ၊ လိုအပ်ရင် လိုအပ်သလို ပြောတတ်လာမယ် ။ စင်္ကာပူမှာ အင်္ဂလိပ်လို သင်ပြီး ၊ အင်္ဂလိပ် ပြဌန်းစာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ တရုတ် ၊ မလေး ၊ ကုလား ကလေးတွေဟာ ၊ ဘာသာ ၂မျိုးလုံးကို အနည်းနဲ့အများ တတ်မြောက်နေသလိုပေါ့ ။

Anonymous said...

နောက်တချက်က ရွက်ဝါတင်ပြသလို ကျန်းမာရေး.. အစားအစာ ၊ ဆေးဝါး စတဲ့ သိသင့် သိထိုက်တဲ့ အကြောင်းတွေကိုလည်း ၊ စာမေးပွဲမဖြေဆိုရပဲ ၊ knowledge ရစေတဲ့ ဘာသာရပ်အဖြစ် သင်ကြားမယ်ဆိုရင် ၊ အထောက်အကူအများကြီး ဖြစ်မယ် ဆိုတာ ထောက်ခံပါတယ် ။ (supporting subjects အနေနဲ့ပေါ့ )

ဒါပေမယ့် သင်ရိုးညွှန်းတန်းမှာ ရှိသင့်ရှိထိုက်တဲ့ ဘာသာရပ်တွေကိုတော့ ၊ ကျမတို့ မပယ်သင့်သေးဘူး ။ ဘာလို့လဲဆိုတော့ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အနည်းငယ်ပဲ ရှိသေးတယ် ။ သူတို့ကို နည်းပေးလမ်းပြလည်း လုပ်ရဦးမယ် ။ ဒါအတွက် စာအုပ်ထဲက စာတွေပါတဲ့ core subjects တွေ လိုတုန်းပဲ ။

ခုလို ဆွေးနွေးတင်ပြတာ ကျေးဇူးပဲ ရွက်ဝါ ။

 

© 2007 IngridGrey By Arephyz