tag:blogger.com,1999:blog-1899403076260186177.post6477393208139907819..comments2024-03-27T11:31:58.400-07:00Comments on "Education for Myanmar Youths": အနာဂါတ်တွက် ရင်သွေးငယ်များUnknownnoreply@blogger.comBlogger4125tag:blogger.com,1999:blog-1899403076260186177.post-34237537676676418292007-08-07T08:56:00.000-07:002007-08-07T08:56:00.000-07:00နောက်တချက်က ရွက်ဝါတင်ပြသလို ကျန်းမာရေး.. အစားအစာ ၊...နောက်တချက်က ရွက်ဝါတင်ပြသလို ကျန်းမာရေး.. အစားအစာ ၊ ဆေးဝါး စတဲ့ သိသင့် သိထိုက်တဲ့ အကြောင်းတွေကိုလည်း ၊ စာမေးပွဲမဖြေဆိုရပဲ ၊ knowledge ရစေတဲ့ ဘာသာရပ်အဖြစ် သင်ကြားမယ်ဆိုရင် ၊ အထောက်အကူအများကြီး ဖြစ်မယ် ဆိုတာ ထောက်ခံပါတယ် ။ (supporting subjects အနေနဲ့ပေါ့ )

ဒါပေမယ့် သင်ရိုးညွှန်းတန်းမှာ ရှိသင့်ရှိထိုက်တဲ့ ဘာသာရပ်တွေကိုတော့ ၊ ကျမတို့ မပယ်သင့်သေးဘူး ။ ဘာလို့လဲဆိုတော့ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အနည်းငယ်ပဲ ရှိသေးတယ် ။ သူတို့ကို နည်းပေးလမ်းပြလည်း လုပ်ရဦးမယ် ။ ဒါအတွက် စာအုပ်ထဲက စာတွေပါတဲ့ core subjects တွေ လိုတုန်းပဲ ။

ခုလို ဆွေးနွေးတင်ပြတာ ကျေးဇူးပဲ ရွက်ဝါ ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-50730318580770937222007-08-07T08:52:00.000-07:002007-08-07T08:52:00.000-07:00ရွက်ဝါ.. ဒီကိစ္စ ပြောမလို့ပါပဲ...(၁) အင်္ဂလိပ်စာကို ဘ...ရွက်ဝါ.. ဒီကိစ္စ ပြောမလို့ပါပဲ...

(၁) အင်္ဂလိပ်စာကို ဘာသာစကားတခုအနေနဲ့ပဲမို့လို့ ၄နှစ်နဲ့သင်နိုင်လောက်တယ်ဆိုပြီး ငယ်၂တည်းက မသင်ဘူးဆိုတာ ကျမတော့ လက်မခံမိဘူး ။ ဘာလို့လဲဆိုတော့..

- အင်္ဂလိပ်စာဆိုတာ ကမ္ဘာမှာ globalization ဆိုတာ ဖြစ်ထွန်းတဲ့တနေ့ ၊ လူတိုင်းသုံးမယ့် globalized language တခုအဖြစ် ထိပ်ဆုံးမှာ ပါတယ် ။ ဒီတော့ ဒီဘာသာရပ်ဟာ အရေးကြီးတယ် ။

- အင်္ဂလိပ်စာကို ၄နှစ်နဲ့သင်မယ်ဆိုတာ စာအုပ်ထဲပါတာတွေတော့ သင်နိုင်ပါတယ် ။ ဒါပေမယ့် ဘာသာစကားတခု ကျွမ်းကျင်ဖို့ဆိုတာ အမြဲ ထိတွေ့ နေဖို့ လိုတယ် ။ ကျမ အမေဟာ ဗမာပြည်မှာ ၉တန်း ၁၀တန်း အင်္ဂလိပ်စာ သင်ခဲ့တာ နှစ်အတော်များများပဲ ။ English Grammar ကို ကျမထက် ပိုတတ်ကျွမ်းတယ် ။ ဒါပေမယ့် သူက အမြဲ အင်္ဂလိပ်လို ထိတွေ့ မှုမရှိတဲ့အတွက် ၊ ကျမလောက် ဝေါဟာရ မကြွယ်ဝဘူး ၊ နောက် တချို့ စာကြောင်း အသုံးအနှုံးတွေမှာ ထောက်နေတတ်တယ် ။

- ကျမ ဂျာမန်ဘာသာကို လေးနှစ်တိတိ သင်ကြားခဲ့တယ် ။ အရေး ၊ အဖတ် ၊ အပြော.. ဒါပေမယ့် လုံးဝမထိတွေ့ တာကြာလာတော့ ၊ ခုဆိုရင် မင်္ဂလာပါ ၊ နေကောင်းလား ၊ ကောင်းသောမနက်ခင်းပါ စတာတွေပဲ ပြောနိုင်တော့တယ် ။

- နောက်တခု ပြောချင်တာ.. ဘာသာစကားဆိုတာ စာအုပ်ထဲ သုံးတာနဲ့ ၊ အမြဲသုံးနေတာ မတူပါဘူး ။ ကျမတို့ ဗမာစကားမှာတောင် ၊ အမြဲ ကျင်လည်ကျက်စားနေတဲ့ပေါ် မူတည်ပြီး ၊ အသုံးအနှုံးတွေ ကွဲပြားတယ် ။

- ကလေးတွေကို ငယ်၂လေးထဲက အင်္ဂလိပ်လို သင်ပေးထားရင် ၊ သူတို့ဟာ အင်္ဂလိပ်စကားကို နားရည်ဝမယ်.. သပ်၂ကြီး ဘာသာစကားတခုလို မသင်ရတော့ပဲ ၊ ကိုယ့်ဘာ့သာစကားအပြင် ၊ အင်္ဂလိပ်စာကိုလဲ natural language တခုအနေနဲ့ ၊ interchange လိုပြီး ၊ လိုအပ်ရင် လိုအပ်သလို ပြောတတ်လာမယ် ။ စင်္ကာပူမှာ အင်္ဂလိပ်လို သင်ပြီး ၊ အင်္ဂလိပ် ပြဌန်းစာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ တရုတ် ၊ မလေး ၊ ကုလား ကလေးတွေဟာ ၊ ဘာသာ ၂မျိုးလုံးကို အနည်းနဲ့အများ တတ်မြောက်နေသလိုပေါ့ ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-75130985995422090452007-08-07T01:41:00.000-07:002007-08-07T01:41:00.000-07:00အခုလို ဆွေးနွေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမြင်...အခုလို ဆွေးနွေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမြင် တစ်ခုထဲကို အဓိကထားရေးခဲ့တာပါ။ လက်တွေ့မှာ ကွဲလွဲ မှု့တွေ အများကြီးရှိနေပါသေးတယ်။ တစ်စုံတရာ အပြောင်း အလဲတစ်ခုအတွက် ကျွန်တော့် ကြိုးပမ်းမှု့လေးပါ။ နောက်လဲ ဆက်လက် ဆွေးနွေး ပေးပါဦး။ ကျေးဇူးပါ။ZawZawhttps://www.blogger.com/profile/16499198848065177767noreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-12886298014000145022007-08-06T10:15:00.000-07:002007-08-06T10:15:00.000-07:00balargout ပြောသွားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်...balargout ပြောသွားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနာဂါတ်မှာ လူကြီးဖြစ်လာမယ့် ကလေးတွေအတွက် စဉ်းစားဖို့လည်း သင့်ပါတယ်။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို စနစ်တကျသင်ပေးသင့်တယ် ဆိုတဲ့ကိစ္စကတော့ ကျွန်တော်အတွေးနဲ့က မတူဘူးဖြစ်နေတယ်။ စနစ်တကျလို့ သုံးထားတာတော့ ပြောစရာမရှိပါဘူး။ လက်ရှိသင်ပုံသင်နည်းကတော့ စနစ်တော်တော်မကျတာပါ။ အခြေခံပညာ ပြီးတဲ့လူ၊ ဘွဲ့ရပြီးတဲ့လူအပြင် ဘွဲ့လွန်ပြီးဆုံးပြီးအချို့တောင် အင်္ဂလိပ်စကားပြောဖို့ လိုအပ်လာရင် အပြင်သင်တန်းတွေကို အားကိုးနေကြရပါတယ်။

ဘာသာစကားတစ်မျိုးက သေချာလေ့လာမယ်ဆိုရင် ၆ လတောင် မကြာဘူး ကောင်းကောင်းတတ်ကျွမ်းနိုင်တယ်လို့ အချို့ကဆိုပါတယ်။ ဒါကတော့ ပါရမီရှင်တွေမို့ပါလို့ စောဒကတတ်လို့ရပါတယ်။ အဲဒါဆိုရင်လည်း သာမန်လူတွေအတွက်က ၄ နှစ်ဆိုရင် လုံလောက်နိုင်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာကို ငယ်ငယ်လေးကတည်းက မသင်သင့်ဘူးထင်ပါတယ်။ နောက်တော့ မြန်မာနိုင်ငံမှာ ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း ) အဆင့်ဆင့်မှာ ဆုံးခန်းမတိုင်ခင် တစ်ဝက်တစ်ပျက်နဲ့ ပညာရေးကိုကျောခိုင်လိုက်ရတဲ့သူက တော်တော်များတယ်လို့ ပြောကြပါတယ်။ အတိအကျသိရဖို့ကတော့ အသေအချာ ကွင်းဆင်းလေ့လာနိုင်ဖို့လိုပါလိမ္မယ်။ အဲလိုပညာရေး မပြီးဆုံးပဲ မိရိုးဖလာ စားဝတ်နေရေးကို လုပ်ကိုင်စားသောက်မဲ့ လူတွေအတွက်က ကျောင်းကသင်ပေးလိုက်တဲ့ အင်္ဂလိပ်စာက အသုံးမတည့် ဖြစ်နေဖို့ များပါတယ်။ ပညာရေးက လိုအပ်ချက်နဲ့မညီသလို (ဈေးကွက်မ၀င်သလို) ဖြစ်နေတာပေါ့။
အဲလိုအင်္ဂလိပ်စာသင်ရမယ့် အချိန်တွေမှာ (ရူံးကန်ရမယ့်ဘ၀အတွက်) တစ်ခြားအကျိုးရှိမယ့် ဘာသာတစ်ခုခုကို အစားထိုးသင်ကြားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ...
ကျန်မာရေးနဲ့ပတ်သက်ပြီး။ အစားအစာနဲ့ အဟာရအကြောင်း၊ ဆေးဝါများအကြောင်း၊ အားကစားနဲ့ကာယပညာ၊ ရှေးဦးသူနာပြုစုနည်း
စာပေနဲ့ပတ်သက်ပြီး။ ၀တ္တု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း တို့ကိုဖတ်နည်း နဲ့ဝေဖန်နည်း၊ အခြေခံ စာနယ်ဇင်းပညာ
စီးပွားရေးနဲ့ပတ်သက်ပြီး။ အသုံးနဲ့အဖြုန်းကိုနားလည်ဖို့၊ ကျင်လည်ရမယ့် ပတ်ဝန်းကျင်ရှိစီးပွားရေးလုပ်ငန်း အခြေခံပညာ၊ စီးပွားရေးလောကမှာ သိပ်ခါရှိရှိနေနိုင်အောင် လိုက်နာသင့်တဲ့ လူ့စည်းကမ်းကျင့်ဝတ်တွေ.
စသဖြင့် အခုဥပမာပေးသွားသလို အကြောင်းအရာတွေကို ပညာရှင်တွေက သီအိုရီထုတ်ပြီး သင်ရိုးရေးဆွဲပေးမယ်ဆိုရင်၊ (ကျန်းမာရေးအဆင့်အတန်းပို မြင့်တဲ့၊ စာပေနဲ့ပိုမိုနီးစပ်တဲ့၊ စီးပွားရေးကို ပိုလုပ်တတ်တဲ့) အခုအနေအထားထက်သာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်မယ်လို့ထင်တယ်။ အခုပြောထားတဲ့ ဥပမာတွေအပြင် လက်တွေ့ ဘ၀မှာအသုံးတည့်မယ့် အခြား သိသင့်တာတွေလည်းရှိဦးမှာပါ။ ရရှိနိုင်တဲ့ အချိန်အနေအထားနဲ့ သင့်တော်မယ့် ပြဌာန်းချက်ကိုပြုစုပြီး ပို့ချပေးသင့်တယ်ထင်တယ်လို့ ဆွေးနွေးလိုပါတယ်။
ဒီအကြောင်းနဲပတ်သက်ပြီး ပိုစ်တစ်ခုရေးဖြစ်ဖို့ ကြိုးစားလိုက်ပါဦးမယ်။ သားရေးထားတာတွေကိုလည်း အားမနာတမ်းလာရောက်ဝေဖန် ဆွေးနွေးလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

(လူနေမှု့၊ ကွာဟမှု့ တို့မှာ (မှု) က အောက်ကမြင့်မပါဘူးထင်ပါတယ်....လူနေမှု၊ ကွာဟမှု)ရွက်ဝါhttps://www.blogger.com/profile/09099379767419618225noreply@blogger.com