Tuesday, July 31, 2007

ရန်ပုံငွေကိစ္စ

ဒီကိစ္စကို ကျွန်မစဉ်းစားနေမိတာ ကြာပါပြီ ။ ကျွန်မတို့ဗမာလူမျိုးတွေဟာ လှူချင် ကူညီချင်ကြတယ် ။ စင်္ကာပူမှာဆိုလည်း ဘာအရေးဖြစ်ဖြစ် တယောက်ယောက်က အလှူကောက်တယ်ဆိုရင် တခြားဗမာတွေကလည်း တတ်နိုင်သမျှဝင်ပါကြတာပဲ ။ ဒါပေမယ့် ခက်နေတာ.. လှူနိုင်တဲ့ပမာဏထက် လှူစရာတွေပိုများနေတယ် ။ ကျွန်မတို့ နိုင်ငံမှာ ကလေးတွေ မိဘမဲ့ဖြစ်နေတယ်.. စာမသင်နိုင်ဘူး.. တချို့ဆင်းရဲနေသူတွေ လူနေမှုအဆင့်အတန်း အရမ်းချို့တဲ့စွာ နေရတယ်.. ဘုန်းကြီးကျောင်း ဘုရားတွေ သာသနာ့ရေးအတွက်လည်း လှူချင်သေးတယ်.. တခြား ကိစ္စတွေ ပေါ်လာတိုင်းလဲ လှူချင်တယ် ။ ဒီတော့ လှူစရာတွေများတယ် ။ လူတွေက regular donation ထက် ၊ ad-hoc donation တွေပဲ လှူနိုင်ကြတော့တယ် ။

ကျွန်မအမြင်မှာတော့ အခမဲ့သင်ကြားပေးနေတဲ့ကျောင်းတွေ ဖြစ်မြောက်ဖို့ဆိုတာ အနည်းဆုံး regular donor အဖွဲ့ တဖွဲ့ ရှိသင့်တယ် ။ ရန်ပုံငွေမရှိရင်လည်း လည်ပတ်မရတဲ့ သူတို့အခြေအနေမှာ ၊ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ဦးစားပေးနေရတယ် ။ ရှေ့တိုးဖို့ထက် နောက်ပြန်ဆုတ်ချင်ဆုတ်နေရမယ် ။ ရန်ပုံငွေမလောက်တဲ့အခါ ဆရာမတွေ လစာမပေးနိုင် ၊ လက်ခံထားပြီးသားကလေးတွေကို ထောက်ပံ့ချင်သလောက် မထောက်ပံ့နိုင်တာတွေ ဖြစ်လာနိုင်တယ် ။

ဒါကြောင့် ကျွန်မတို့ နိုင်ငံအသီးသီးက ဗမာတွေအနေနဲ့ ဘလောဂါ့တွေရဲ့ရန်ပုံငွေလိုမျိုး ကောက်ခံပြီး (be it regular or ad-hoc basic) ၊ ကျောင်းအသီးသီးကို regular donor အနေနဲ့ ပြန်ခွဲဝေလှူဒါန်းချင်တယ် ။ ဒီလိုလုပ်နိုင်ဖို့ ဘလောဂါ့တွေထဲက အမာခံ လှူဒါန်းသူတချို့ ၊ ဒိုင်ခံ လုပ်ဆောင်ပေးသူတို့ လိုပါတယ် ။ ကျွန်မကိုယ်တိုင်ကလည်း အမာခံတယောက်အနေနဲ့ လုပ်ဖို့ ဆုံးဖြတ်ပြီးသားပါ ။

ကျွန်မတို့ အဲဒီကိစ္စလေး ဆွေးနွေးကြရအောင်လား ။ အားလုံးရဲ့အမြင်လေးတွေကို သိပါရစေ ။

2 comments:

MM Scholar said...

I support your suggestion.
But aid for education is, sometime, can be complicate procedure. Anyway, we should start it.

myanmar.scholar@gmail.com

YeKyawAungMDY said...

ဂျစ်ရေ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ ဒီဘက်မှာ တော့ NGOs proposal နဲ့ သွားနေကြတာများတယ်။ အတွင်းထဲကို တော်တော်များများလှမ်းနေကြတာတွေ ရှိတယ်။ ပြည်ပမှာရှိတဲ့ ဗမာတွေရဲ့ တတ်နိုင်တဲ့ဘက်က လှူဒါန်းတာကပိုကောင်းတာပေါ့၊ နှောင်ကြိုးကင်းတယ်။

 

© 2007 IngridGrey By Arephyz