အကြမ်းဖျဉ်းအားဖြင့် ဆွေးနွေးရလျင် ဤဘလောက်တွင် ကျယ်ပြန့်သော ရည်ရွယ်ချက်များ ရှိနေသည်။ ထိုအခါ ရည်ရွယ်ချက်အားလုံးကို ခြုံငုံမိရန် အတန်ငယ် ခဲယဉ်းပေမည်။
မည်သည့် အရွယ်၊ မည်သို့သော လူငယ်များကို ဦးတည်သည်ဟု အတိအကျ စဉ်းစား နိုင်လျင် ထည့်သွင်းရေးသားမည့် အကြောင်းအရာများမှာ ပိုမိုတိကျ နိုင်မည်။ ဥပမာ - အထက်တန်း ကျောင်းသား၊ ကျောင်းသူ အရွယ်၊ မြန်မာနိုင်ငံတွင်းမှာပင် ဆက်လက် ပညာသင်ကြားလိုသည့် ကလေးများ အတွက် လိုအပ်ချက် နှင့် နိုင်ငံခြားထွက် ပညာသင်ကြားလိုသည့် ကလေးများ အတွက် လိုအပ်ချက် မတူညီနိုင်ပေ။ အလားတူပင် အစိုးရ အတန်းကျောင်းများ ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း ) ရှိကလေးများ နှင့် ပုဂ္ဂလိကကျောင်းများ ( ဥပမာ - ILBC, International School Yangon, Diplomatic School ) ရှိကလေးများ လိုအပ်ချက် မတူညီနိုင်။ တဖန် ကျွန်ုပ်တို့၏ ဦးတည်အုပ်စု (target group) မှာ မူဝါဒချမှတ်သူများ၊ သုတေသနပြုသူများ ဆိုလျင် ပါဝင်ရမည့် အကြောင်းအရာများမှာ ကွာခြားပေလိမ့်မည်။
ထို့ကြောင့် ဦးတည်အုပ်စု (target group) ကို ရွေးချယ်ခြင်း၊ ထိုဦးတည် အုပ်စုအနေဖြင့် အင်တာနက် အသုံးပြုမှု ရှိမရှိဆန်းစစ်ခြင်း၊ ထိုဦးတည်အုပ်စု၏ လတ်တလော လိုအပ်ချက်များကိုလေ့လာခြင်း၊ ဘလောက်ဂါများတွင် ရှိသော (ဘလောက်ဂါများ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်သော) အကြောင်းအရာ၊ ကဏ္ဍများကို သုံးသပ်ခြင်း တို့ကိုပြုလုပ်သင့်သည်ဟု ယူဆသည်။
ပညာရေး ကဏ္ဍများ ခွဲခြားရာတွင် ကျွန်ုပ်ဥာဏ်မီသလောက် လူပြိန်းအတွေးဖြင့် အောက်ပါအတိုင်း ပိုင်းခြားမိသည်။ ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူများ အနေဖြင့်မူ ပိုမို စနစ်ကျသော ကဏ္ဍခွဲခြားမှုများကို လမ်းပြနိုင်မည်ဟု ယုံကြည်သည်။
(က) အဆင့်အလိုက်

- အခြေခံပညာရေး (မူလတန်း မှ အထက်တန်း အထိ)
- အဆင့်မြင့်ပညာရေး (ကောလိပ်၊ ဘက်ခ်ျလာဘွဲ့၊ မာစတာဘွဲ့၊ ပါရဂူဘွဲ့များ အထိ)
- ပြည်တွင်း
- ပြည်ပ
- အစိုးရ
- ပုဂ္ဂလိက
- အစိုးရမဟုတ်သောအဖွဲ့
- အစိုးရ ပညာသင်ဆုများ
- အစိုးရ ထောက်ပံ့ကြေးများ
- နိုင်ငံတကာ ပညာသင်ဆုများ
- နိုင်ငံတကာ ထောက်ပံ့ကြေးများ
- တစ်ဦးချင်း အလှူရှင်များ
- ပညာရေး ဆိုင်ရာ သတင်းအချက်အလက်များ
- ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်တွေ့များ
- ပညာရေး သုတေသန
- မူဝါဒ နှင့်
- စနစ်
2 comments:
ကိုရဲမွန်ရေးထားတဲ့ အချက်အလက်က ပိုတိကျ ပြည့်စုံတယ် ထင်ပါတယ် ။ ကျမ သူ့ အချက်အလက်တွေကို ရည်ရွယ်ချက် အပိုင်းတွေအဖြစ် ပြန် ပြောင်းလိုက်ပါမယ် ။
သဘောမတူတာရှိခဲ့ရင် ထောက်ပြကြပါဦး ။
Good for people to know.
Post a Comment