Thursday, July 26, 2007

မဲဆောက်မှ Children Development Centre အကြောင်း

ဇင်ကိုလတ်အီးမေးလ်မှတဆင့်သိရသော မဲဆောက်ကျောင်းကို ငွေလှူပြီး ၊ နောက်ထပ် နှစ်စဉ်လှူချင်ရင် ဘယ်လိုအစီအစဉ်ရှိလည်းလို့ ထိုကျောင်းတာဝန်ခံ ကိုဇော်ထွန်းကို အီးမေးလ်နဲ့မေးမြန်းခဲ့ပါတယ် ။ တကယ်တော့ ကျွန်မစိတ်ကူးထဲမှာ အဲလိုမျိုးလေးလုပ်ချင်နေတာ ကြာပြီ ။ နှစ်စဉ်ကျောင်းတကျောင်းကို သီးသန့်လှူမယ်ပေါ့ ။ မောင်ရန့်ကိုတောင် ပြောမိသေးတယ်.. ဘလောဂါ့တွေပေါင်းပြီး အဲလို အဖွဲ့ အစည်းမျိုးလေး ထောင်ချင်တယ်လို့ ။ ခု ကျွန်မတို့ ဘလောဂ့်စာအုပ်ထုတ်ပြီး ရတဲ့အမြတ်အစွန်းနဲ့ ထိုသို့သော ပရဟိတတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ် ။ မဖြစ်ခင်တော့ ကျွန်မဘာသာပဲ တတ်နိုင်သလောက်လေး လှူမယ်လို့ ဆုံးဖြတ်မိတယ် ။

Donation_1.JPG
Students at book donation (သူတို့ရဲ့ မျှော်လင့်ချက်အပြည့်နဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့မျက်နှာများက ကျွန်မကို ဖမ်းစားခဲ့ပါတယ်)

ကျွန်မရေးဖူးသလိုပဲ အလှူတွေထဲ ပညာရေးအလှူက အလွန်မွန်မြတ်တယ်လို့ ထင်ပါတယ် ။ ဒီ မဲဆောက်ကကျောင်းလေးဟာဆိုရင်လည်း နယ်စပ်က မရှိမဲ့ကလေးတွေ ပညာရဖို့ ဒေါက်တာစင်သီယာမောင်အပါအ၀င် အဖွဲ့ မှ ၁၉၉၅ တည်းက ဆရာမ၂ယောက်နဲ့ ဖွင့်လှစ်ခဲ့တာပါ ။

-----------------------------------
Children Development Centre (C.D.C) school, was commenced on June 3rd, 1995 to meet the education and daycare needs of the health workers employed at Mae Tao Clinic. At the first start of the school year, it had only two teachers and thirty children. Since the CDC has expanded every year as the needs of the Burmese community has grown; and now provides daycare and education services to the children of staff employed at Mae Tao Clinic and Burmese Migrant Workers. The school has grown exponentially over the last seven years and in 2004, CDC spilt its students into two groups to meet the increased demand for more space and resources. One group is for Primary School Children aged 6 to 16 years and Nursery school, for children aged 2 and half to 6 years old. The Nursery school was delayed in finding a proper place suitable for younger children. Finally, the nursery school could formally open at January 4th, 2004; near Mae Tao Clinic. At the school year term on June 2004, about 136 children enrolled in the nursery school. These children were divided into three groups, daycare (aged 2 to 3 and half years), Nursery (aged 4 to 5 and half years) and Kindergarten (aged 6 to 8 years old)
----------------------------------

အဲဒီမှာ လှူနိုင်တာတွေကတော့ တနှစ်စာ နေရေးထိုင်ရေး ၊ စားသောက်စရိတ် ၊ ကျောင်းသုံးစာအုပ် စာရေးကိရိယာများ ၊ ကျောပိုးအိတ် ဖိနပ် စောင် စသည့် လိုအပ်သော အသုံးအဆောင်များ ... ကျောင်းသားတယောက်တွက် ပျမ်းမျှ တနှစ်ကို ထိုင်းဘတ် ၁၉၂၇၀ (စင်္ကာပူဒေါ်လာ ပျမ်းမျှ ၉၆၅ဒေါ်လာလောက်) ကျမည်ဟု ထိုကျောင်းမှ ကိုယ်စားလှယ် ကိုဇော်ထွန်းက အီးမေးလ်ပို့ပြီး ကျွန်မကို အောက်ပါအတိုင်းစာရင်းပြပါတယ် ။

student%20total%20cost.JPG

Student_and_7th_July_1.JPG
ကျောင်းတွင်ကျင်းပသော ဆဲဗင်းဇူလိုင်အထိမ်းအမှတ်

Group.JPG
CDC School မှ အဖွဲ့ သားများ

/DSC02403.JPG

ဒီပုံထဲက အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ တောက်ပနိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ် ။ ကျွန်မတို့တတွေ တတ်အားသမျှ ကူညီကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေရှင် ။

Download CDC High School Proposal for details

ကူညီလိုသူများ ကိုဇော်ထွန်းထံ ဒီအီးမေးလ်မှာ (htay_aung2004@yahoo.com) ဆက်သွယ်နိုင်ပါတယ် ။

0 comments:

 

© 2007 IngridGrey By Arephyz