စုလတ်:
ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာပြည်ရဲ့ ပညာရေးအခြေအနေနဲ့ ပညာရေးစနစ်ကို နဲနဲလောက်လေ့လာကြည့်ချင်ပါတယ်ရှင့် ။ referenceတွေဘယ်မှာရှာရင် ရနိုင်မလဲပြောပြပေးပါလားရှင်။
အဖြေ :
မြန်မာပြည် BEd မှာပြဌာန်းတဲ့ Education Theory (Part II) မှာ ပုဂံခေတ်ကစပြီး ၁၉၇၄ ခုနှစ်အထိ မြန်မာပြည်ရဲ့ ပညာရေးသမိုင်းကို ရေးထားပါတယ် ။ ပညာရေးတကသိုလ်တက်နေတဲ့အသိတယောက်ဆီကနေ ကူးယူနိုင်ပါတယ် ။
ဒါပေမယ့် တခုသတိပြုသင့်တာကတော့ ဒီစာအုပ်က မြန်မာပြည်မှာ ဆရာဆရာမတွေအတွက် ပြဌာန်းစာအုပ်အနေနဲ့ မြန်မာပြည်မှာပြန်ရေးထားတာဆိုတော့ တချို့အချက်အလက်တွေကို တကယ်စစ်မှန်လားဆိုတာကတော့ မေးခွန်းထုတ်စရာတွေ တွေ့မိပါတယ် ။
Wednesday, December 22, 2010
မြန်မာပြည်ပညာရေး သမိုင်းကြောင်း |
Friday, January 8, 2010
အီကိုနှင့်ပတ်သတ်သော အကြောင်းအရာများ |
QNS:
17 Dec 09, 08:19
မေ:
အီကိုနှငိ့ပတ်သတ်သော အကြောင်းအရာ များ အားလည်း ရေးသားပေးပါရန်မေတ္တရပိခံပါတယ် မြန်မာလို စာအုပ်များရှိရင် လည်းညွန်ပြပေးပါ
ANS:
20 Dec 09, 10:30
ခင်မမမျိုး:
မမေရှင့်။ အီကိုနှင့် စီမံခန့်ခွဲရေး၊ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို www.mmentrepreneur.blogspot.com မှာ တင်ထားပါတယ်
ဥပဒေနဲံပတ်သက်တဲ့အကြောင်း |
QNS:
26 Dec 09, 07:53
လှိုင်လေး:
ဥပဒေနဲံပတ်သက်တဲ့အကြောင်းတွေဖတ်ချင်ပါတယ်။
ANS:
8 Jan 10, 08:05
ခင်မမမျိုး:
မလှိုင်လေးရှင့်။ ဘယ်လို ဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ချင်တာပါလဲ။ Administrative law, Public law, law of contract, law of trust, etc စတာလေးကို ပြောပေးပါရှင့်။ အုပ်ချုပ်ရေးဥပဒေအပိုင်းကိုတော့ နိုင်ငံတော်သစ် စာဖတ်ဝိုင်း (www.newnationgroup.blogspot.com) မှာ ဧပြီလ ခေါင်းစဉ်အနေနဲ့ အသေးစိတ်တင်မှာဖြစ်ပါတယ်။ ဥပဒေနဲ့ပတ်သက်တဲ့ သီးခြားဘလော့တခု ပေါ်ထွက်လာဖို့ကိုလဲ ကြိုးပမ်းလျက်ရှိပါတယ်
Monday, July 13, 2009
မြန်မာပြည်ရှိ ကျောင်းနေနိုင်သူ ရာခိုင်နှုန်း |
QNS:
11 Jul 09, 01:53
စုလတ်: သိချင်တာလေးတခုရှိပါတယ် မြန်မာပြည်ရဲ့ကျောင်းနေနိုင်သူရာခိုင်နှုန်းလေးသိချင်ပါတယ် မူလတန်းကနေ တက္ကသိုလ်အထိပေါ့ ဘယ်မှာရှာရင်ရနိုင်ပါသလဲရှင်
ANS:
UNICEF ရဲ့ အောက်ဖော်ပြပါလင့်ခ်တွေမှာ တွေ့နိုင်ပါတယ် ။
http://www.unicef.org/infobycountry/myanmar_statistics.html#56
http://www.unicef.org/publications/index_42623.html
Sunday, July 12, 2009
Website with online courseware on Political Economy Subject |
QNS:
6 Jul 09, 01:34
Nay Mar: Please advise the website regarding to online learning of Political Economy
ANS:
MIT Open Courseware website မှာ ဘာသာရပ်တော်တော်များများနဲ့ဆိုင်တဲ့ လက်ချာတွေ ၊ ဖတ်စရာစာအုပ်စာရင်းတွေ အစုံတင်ပေးထားပါတယ် ။ အောက်ကလင့်ခ်မှာတော့ Political Economy နဲ့ဆိုင်တဲ့ Graduate Course က materials တွေကို တွေ့နိုင်ပါတယ် ။
http://ocw.mit.edu/OcwWeb/Political-Science/index.htm
ဒါ့အပြင် Youtube လိုနေရာမျိုးမှာလည်း ကိုယ်လိုချင်တဲ့ဘာသာရပ်စကားလုံးကိုရိုက်ကြည့်လိုက်မယ်ဆို အဲဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ lecture video တွေ ၊ discussion video တွေကို တွေ့နိုင်ပါတယ် ။
Bill Emmott: Fathauer Lecture on Political Economy
http://www.youtube.com/watch?v=kuGuYopyw8c&feature=channel_page
တခြား Open Courseware လင့်ခ်တွေကို ကြည့်ချင်ရင် ကိုရဲမွန်ရေးခဲ့တဲ့ အောက်လင့်ခ်ကပို့စ်ကို ဖတ်ကြည့်နိုင်ပါတယ် ။
အင်တာနက်ပေါ်က ပညာဒါန
Saturday, June 13, 2009
သမိုင်းနှင့်ချီ၍ ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် |
Qns: မျိုးချစ်သွေး။
ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သမိုင်းနှင့်ချီ၍ အကျယ်တ၀င့် သိလိုပါတယ်။ ရှင်းပြပေးပါ သို့မဟုတ် ဖတ်ရှုနိုင်သော စာအုပ်များကို ညွန်ပြပေးပါ။
Ans: သင်ကာ။
Culture ကို မြန်မာစကားမှာ ယဉ်ကျေးမှုလို့ အကြမ်းဖျဉ်းသုံးပါတယ်။ နယ်ပယ်အလိုက် သုံးစွဲမှုကိုလိုက်ပြီး အဓိပ္ပာယ်ကို ခွဲခြားနားလည်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ အင်တာနက်ယဉ်ကျေးမှု စတဲ့ အသုံးအနှုန်းတွေကိုလည်း တွေ့ရပါတယ်။ တချို့နေရာတွေမှာ Culture ကို မြန်မာဘာသာစကားအဖြစ်သုံးရာမှာ “အလေ့အထ”၊ “ဓလေ့” စသည်ဖြင့် ခွဲထုတ် သုံးသင့်တယ်ထင်ပါတယ်။
Culture ဆိုတာ လက်တင် စကားလုံး cultura က လာတာဖြစ်ပြီး မူလအဓိပ္ပာယ်က ပြုစု ပျိုးထောင်ခြင်း (to cultivate) လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက Alfred Kroeber နဲ့ Clyde Kluckhohn တို့ နှစ်ဦးဟာ culture ရဲ့ အဓိပ္ပာယ်အမျိုးမျိုးကို စာရင်းတင်ရာမှာ ၁၆၄ မျိုးတွေ့ရတယ်လို့ သူတို့ရဲ့ Cluture:A Critical Review of Concepts and Definitions ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
အဓိကအားဖြင့် Culture ဆိုတဲ့ စကားလုံးကို အခြေခံအချက်သုံးချက်ပေါ်မူတည်ပြီးသုံးပါတယ်။
(၁) အဆင့်မြင့်ယဉ်ကျေးမှု (High culture) လို့ ခေါ်တဲ့ ရသအနုပညာနဲ့ စာပေ၊ သမိုင်း၊ ဒဿန စတဲ့ လူမှုဝိဇ္ဇာဘာသာရပ် အမျိုးအစားများ။
(၂) လူမှုအသိုက်အမြုံကနေ သိမြင်လာတဲ့ အတွေ့အကြုံနဲ့ သဘာဝပေါ် အခြေခံလာတဲ့ လူသားတို့ရဲ့ သိမှု၊ ယုံကြည်ထားမှုနဲ့ အပြုအမှုတွေ။
(၃) အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတွေရဲ့ မျှဝေလက်ခံထားတဲ့ ယုံကြည်ချက်၊ တန်ဖိုး၊ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်များ။
Culture အယူအဆဟာ ၁၈ နဲ့ ၁၉ ရာစု ဥရောပမှာ စတင်စဉ်က စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသိပ္ပံ ပေါ်မှာ မူတည်ခဲ့ပါတယ်။ ၁၉ ရာစုဘက်မှာ ပညာရေးနဲ့ အဲဒီကနေ အမျိုးသားရေးဝါဒ အယူအဆတွေအထိ ကျယ်ပြန့်သွားပါတယ်။ ၁၉ ရာစုအလယ်လောက်မှာ ပညာရှင်တချို့ဟာ Culture ကို ကမ္ဘာ့ လူသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို ရည်ညွှန်းဖို့ သုံးစွဲခဲ့ပါတယ်။
၂၀ ရာစုမှာတော့ Culture ဟာ မနုဿဗေဒမှာ ရေးပါတဲ့ အယူအဆဖြစ်လာပါတယ်။ လူမှုဆက်ဆံရေးဗေဒ၊ ယဉ်ကျေးမှုလေ့လာရေး၊ အစုအဖွဲ့ဆိုင်ရာ စိတ်ပညာနဲ့ စီမံခန့်ခွဲမှုရေးရာ လေ့လာရေး ဘာသာရပ်တွေမှာ Culture ရဲ့ အဓိပ္ပာယ်ဟာ ကွဲပြားပါတယ်။
Culture ဟာ အောက်ပါတို့ ပါဝင်တဲ့ (ဒီ့ထက်လည်း မကတဲ့) လူမှုဘဝပုံစံတွေဖြစ်တယ်လို့ Roshan Cultural Heritage Institute က ဖွင့်ဆိုပါတယ်။ အဲဒါတွေကတော့ ဘာသာစကား (Language)၊ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ (Arts&Sciences)၊ အတွေးအခေါ် (Thought)၊ အစဉ်အဆက်ယုံကြည်မှုဆိုင်ရာ (Spirituality)၊ လူမှုလုပ်ရှားလုပ်ကိုင်မှု (Social Activity)နဲ့ အပြန်အလှန် တုံ့ပြန်မှု (Interaction) တို့ ဖြစ်ပါတယ်။ Roshan ဌာနရဲ့ ဖွင့်ဆိုချက်က လူမှုဆက်သွယ်ရေးဘက်ကို ကဲပါတယ်။
Culture နဲ့ ပတ်သက်တဲ့ သီအိုရီ အယူအဆတွေကတော့ ယဉ်ကျေးမှုပြဌာန်းခံသီအိုရီ (Theory of Cultural Determinism)၊ ယဉ်ကျေးမှု အညမညဆက်စပ်မှုဝါဒ (Cultural Relativism)၊ ယဉ်ကျေးမှုဆိုင်ရာ လူမျိုးစု မဟာဝါဒ (Cultural Ethnocentrism) တို့ဖြစ်ပါတယ်။ Culture နဲ့ ပတ်သက်လို့ ဒီလောက်ဆိုရင် အကြမ်းဖျဉ်း ပုံပေါ်လောက်ပါပြီ။
စာအုပ်တွေ ဆက်ဖတ်ချင်ရင် Culture နဲ့ ဘယ်သာသာရပ်၊ နယ်ပယ်နဲ့ တွဲပြီးလေ့လာမလဲဆိုတာ အရင်ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။ ဥပမာ စိုက်ပျိုးရေးနဲ့ Culture, လူမျိုးစုရေးရာနဲ့ Culture, စီးပွားရေးနဲ့ Culture, နိုင်ငံရေးနဲ့ Culture, ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ Culture, လူနေမှုပုံစံများပြောင်းလဲခြင်းနဲ့ Culture စသဖြင့်။ ဒါဆိုရင် ဖတ်ချင်တဲ့ စာအုပ်ရှာဖွေဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ Culture သက်သက်ကိုပဲ အဓိပ္ပာယ်လေ့လာချင်တယ်ဆိုရင်တော့ အစပိုင်းမှာ ညွှန်းခဲ့တဲ့ Alfred Kroeber နဲ့ Clyde Kluckhohn တို့ရဲ့ စာအုပ်ကို ဖတ်နိုင်ပါတယ်။
သင်ကာ
www.mmthinker.existencemediagroup.com
Ref:
Wikipedia http://en.wikipedia.org/wiki/Culture
Roshan Cultural Heritage Institute http://www.roshan-institute.org/templates/System/details.asp?id=39783&PID=474552
Culture Definitation http://www.tamu.edu/classes/cosc/choudhury/culture.html
Wednesday, February 4, 2009
ပညာရေးဆိုင်ရာ အမေးအဖြေ (၂) |
Nay Mar: I want to study " Acturary Science".Now I am in S'pore.Pls advise.
3 Feb 09, 17:47
Khin Ma Ma Myo: MSc (Financial Engineering) ဘွဲ့များကို တက်ရောက်ဖို့ အကြံပြုလိုပါတယ်။
3 Feb 09, 17:46
Khin Ma Ma Myo: ဒါမှမဟုတ်ပဲ တက္ကသိုလ်က ဘွဲ့တခုခုကို အရင်တက်မယ်ဆိုရင်တော့ MSc Actuarial science (သို့မဟုတ်) MSc Mathematical Finance (or) MSc Financial Mathematics (or) MSc Fiancial Economics (or)
3 Feb 09, 17:44
Khin Ma Ma Myo: ယူကေ FIA စာမေးပွဲအသေးစိတ်ကို www.actuaries.org.uk မှာ လေ့လာနိုင်ပါတယ်
3 Feb 09, 17:42
Khin Ma Ma Myo: ယူအက်စ် FSA အသေးစိတ်ကို www.soa.org မှာ လေ့လာကြည့်ရှုနိုင်ပါတယ်
3 Feb 09, 17:42
Khin Ma Ma Myo: လှပါဘူး။ စင်ကာပူကနေ နှစ်မျိုးလုံးကို လေ့လာသင်ယူလို့ ရတာကြောင့် ယူအက်စ်စာမေးပွဲနဲ့ ယူကေစာမေးပွဲ တခုခုကို အရင်ရွေးချယ်စေလိုပါတယ်
3 Feb 09, 17:40
Khin Ma Ma Myo: မနေမာရှင့်။ actuarial science နဲ့ ပတ်သက်ပြီး၊ ယူကေအဖွဲ့က ကျင်းပတဲ့ FIA exam ရယ်၊ ယူအက်စ်အေအဖွဲ့ က ကျင်းပတဲ့ FSA exam ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကနေဒါစာမေးပွဲစတာမျိုးတွေရှိပေမယ့် ယူအက်စ်နဲ့ သိပ်မကွာ
Sunday, August 17, 2008
ပညာရေးဆိုင်ရာ အမေးအဖြေ (၁) |
ကျွန်မတို့ရဲ့ ဒီပညာရေးဘလောဂ့်လေးမှာ အားလုံးနဲ့ စကားဝိုင်းလေးသဘောမျိုး ဖြစ်စေချင်ပါတယ် ။ အဲဒီစကားဝိုင်းလေးမှာ
- အမေး အဖြေ အပိုင်း
- အတွေ့ အကြုံ ဆွေးနွေးဖလှယ်တဲ့အပိုင်း
- ကိုယ်တတ်မြောက်ထားတာပေါ် မူတည်ပြီး မျိုးဆက်သစ်များကို အကြံဥာဏ်ပေးတဲ့အပိုင်း
တို့ကို အလေးထား လုပ်ပေးချင်ပါတယ် ။
စစချင်းအနေနဲ့ c-box ထဲမှာ မနီနီက မေးသွားတဲ့ မေးခွန်းကို မခင်မမမျိုးက ပြန်ဖြေထားတာလေးနဲ့ စလိုက်ပါမယ် ။
16 Aug 08, 15:52
ခင်မမမျိုး: မနီရေ။ ဒီလင့်မှာ တချို့သောအချက်တွေရနိုင်ပါတယ်။ ဥပမာ- ဂျာမနီကပြုစုထားတာတွေထဲမှာ education နဲ့ social problems စတာလေးတွေပါပါတယ်။ http://www.burmalibrary.org/show.php?cat=163&lo=d&sl=0
14 Aug 08, 02:34
နီနီ: မြန်မာနိုင်ငံ ပညာရေး (အခြေခံပညာ အထက်တန်းကျောင်းအထိ) မဆလ - နအဖ သမိုင်းကို ပြုစုထားတာ ဘယ်မှာ ရနိုင်မလဲ။ ဥပမာ - သင်ရိုးညွန်းတမ်းများ ပြောင်းလဲမှု၊ သင်ရိုးညွန်းတမ်း စာအုပ် ကော်ပီ (ဒီလောက်ပါပဲ)..

