Saturday, November 17, 2012

စိတ်အားထက်သန်သောကျောင်း (အခန်းဆက်ဘာသာပြန်ဆောင်းပါး) (အပိုင်း-၁)

အခန်း (၁) နိဒါန်း ပြောင်းလဲရန် လိုအပ်နေပြီ (၁၉၈၀) မတိုင်မီကာလတွေရဲ့ ကျောင်းသားစီမံခန့်ခွဲမှု သဘောတရားကို ရိုက်နှက်ပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေက ကြီးစိုးထားခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ အခြားနည်းလမ်းဖြစ်တဲ့ စာရွက်စာတမ်းနဲ့ ပြစ်ဒဏ်ပေးမှု (ဥပမာ- ခံဝန်ကတိထိုးခိုင်းခြင်း၊ မိဘလက်မှတ်ထိုးခိုင်းခြင်း စသည်များ)နဲ့ အစားထိုးလာခဲ့ပေမယ့်လဲ ပြုပြင်ရေးပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေကသာ ပိုမို လွှမ်းမိုးနေခဲ့ပါတယ်။ ရိုက်နှက်ပြစ်ဒဏ်ပေးမှုတွေကို ကျောင်းတွေမှာ ကန့်သတ်လိုက်ချိန်မှာ စာသင်ကျောင်းတွေအနေနဲ့ ကောင်းမွန်တဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ ထိရောက်တဲ့ သင်ယူရေးကို ဘယ်လိုတွန်းအားပေး လုပ်ဆောင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လှန်စဉ်းစားလာကြရပါတယ်။ ပြစ်ဒဏ်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (punitive approach) ကနေ ပြုပြင်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (corrective approach) ကို ပြောင်းလဲလာပေမယ့်လဲ ထိန်းချုပ်မှုသဏ္ဍာန် (control model) က လွှမ်းမိုးနေတဲ့အခါ ကျောင်းဆရာတွေအနေနဲ့ ကျောင်းသားများနှင့် အတူတကွ အရာတခုကို လုပ်ဆောင်တယ်ဆိုတဲ့ သဘောတရားထက် ကျောင်းသားတွေအတွက် အရာတခုကို လုပ်ပေးရတယ် ဆိုတဲ့ သဘောတရားကိုသာ တွေးတောမိနေစေနိုင်ပါတယ်။ ဒီလိုသဘောတရားတွေကနေတဆင့် ကျောင်းသားလူငယ်တွေ အပေါ်မှာ ကျောင်းနဲ့ လူ့အဖွဲ့အစည်းက ပေးအပ်သတ်မှတ်ထားတဲ့ အဆင့်အတန်းတွေအကြား လိုက်လျောညီထွေ မရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

ဆက်ဖတ်ရန်...

Saturday, May 5, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၃)

ဆရာတွေအကြောင်း …

ရေးသားသူ - - ခင်နှင်းစိုး

လူတွေဟာ သူတို့စိတ်ဓါတ်ပေါ် မူတည်ပြီး ပြောဆို ဆက်ဆံ ပြုမူတတ်ကြပါတယ်။ ကျွန်မလုပ်သက် ဆယ့်သုံးနှစ်ကျော်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးမျိုး ရှိခဲ့တယ်။ စည်းကမ်းမဲ့၊ တာဝန်မသိတတ်သူတွေ၊ ကိုယ်နာမည်ကောင်းရဖို့ သူများကို ဂျောက်တွန်းသူတွေ၊ ကိုယ့်အမှားကို ၀န်မခံချင်သူတွေ၊ ကိုယ်ပဲမှန်တယ်ဆိုပြီး ခေါင်းမာသူတွေကို၊ အင်ဂျင်နီယာဖြစ်တုန်းက လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ ဆရာမဖြစ်လာတော့ အဲလိုလုပ်ဖော်ကိုင်ဖက်မျိုးကို တွေ့တိုင်း၊ သူတို့သင်တဲ့အတန်းထဲက ကျောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ ဆရာတယောက်အနေနဲ့ သူတို့လုပ်ရပ်တွေကို သဘောမကျမိဖူး။

ဆရာတွေကို သင်တန်းပေးတဲ့အခါတိုင်း၊ လုပ်ဖော်ကိုင်ဖက် ဆရာတွေနဲ့ ဆွေးနွေးဖြစ်တိုင်း၊ ဆရာပီသတဲ့ စိတ်ဓါတ် ရှိဖို့ အရေးကြီးတဲ့အကြောင်း ကျွန်မက အမြဲ ပြောလေ့ရှိတယ်။ ဆရာတွေရဲ့ စိတ်ဓါတ် နဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေက သူတို့ကျောင်းသားတွေအပေါ် အများကြီး အကျိုးသက်ရောက်စေတယ် ဆိုတာကို ဆရာတွေ အမြဲသတိပြုမိ စေချင်ပါတယ်။

လက်တွေ့ဘ၀မှာ ဆရာပီသတဲ့စိတ်ဓါတ်နဲ့ ဆရာတွေကို ကျွန်မကြုံခဲ့ဖူးပါတယ်။ သူတို့ကို လေးစားမိသလို၊ သူတို့လို ဆရာတွေ ရှိပါသေးလား ဆိုပြီး ၀မ်းသာပီတိ ဖြစ်ရတယ်။

ဆက်ဖတ်ရန်...

ခေတ်သစ်လူငယ်တို့ ခေတ်မှီရေးသို့

ရေးသူ - ခင်နှင်းစိုး

ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊ လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက် သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့ ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊ ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့ အစနားမှာရှိနေသည်။

ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။ ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော နိုင်ငံပေါင်းစုံမှ လာကြသည်။

ဆက်ဖတ်ရန်...

Tuesday, March 20, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၂)

ဆရာစိတ်ဓါတ်ဆိုတာ

ရေးသားသူ - - ခင်နှင်းစိုး

ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။

ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္ဒောအနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ် ။ ဒါပေမယ့် အဲလိုသတ်မှတ်ခံလိုက်ရတာနဲ့ ဆရာဆိုတာ ကျေးဇူးရှင်ဖြစ်သွားတယ်လို့ ကျမမထင်မိပါဖူး ။ ဆရာကောင်းတယောက်ဖြစ်မှသာ အဲဒီဂုဏ်ထူးနဲ့ ထိုက်တန်တာပါ ။

ဆရာကောင်းတယောက်ဖြစ်ဖို့ စာသင်ကောင်းတာအပြင် ကျမတို့ ဆရာ ဆရာမတွေ ဘယ်လိုစိတ်ဓါတ်မျိုး ရှိသင့်ပါသလဲ ။

ဆက်ဖတ်ရန်...

Sunday, February 26, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၁)

ဆရာဆိုတာ

ရေးသားသူ - ခင်နှင်းစိုး

၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ် [1] ။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအ၀င်) ကို သူတို့ လေ့လာခဲ့ကြတယ် ။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ ထိပ်တန်းကပါဝင်တဲ့အချက်ကတော့ အရည်အချင်းပြည့်စုံပြီး လူမှန်နေရာမှန်ဖြစ်တဲ့ ဆရာ ဆရာမတွေရအောင် လုပ်ရမယ်ဆိုတာပါပဲ ။

ကျမတို့မြန်မာလူမျိုးတွေမှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဆိုပြီး ဆရာကို သုံးမျိုးခွဲ ပြောလေ့ရှိကြတယ် ။ ဒါ့အပြင် ကိုယ်ရိုသေတဲ့လူ ၊ ကိုယ့်ထက် ရာထူးအာဏာမြင့်သူတွေကို ဆရာလို့ ခေါ်လေ့ရှိကြတယ် ။ ဆိုက်ကားဆရာ ၊ မြင်းလှည်းဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ .. စတဲ့ ဂုဏ်ပုဒ်တွေမှာလည်း ဆရာဆိုတဲ့စကားလုံးနှစ်လုံးကို ထည့်သွင်းခေါ်ဆိုကြတယ် ။

စာသင်ခန်းထဲက ဆရာ ဆရာမတွေကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆရာ အဖြစ်သတ်မှတ်ကြမလဲ ။ ပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်တာကို ခံချင်ကြပါသလဲ ။

ဆက်ဖတ်ရန်...

Thursday, September 8, 2011

ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ (အက်ဆေး)

တောကိုမှီ၍သာ လူသား မျိုးနွယ်စု၏ ယဉ်ကျေးမှု သမိုင်းခရီးရှည်ကို ချီတက် နိုင်ခဲ့ကြ၏။ ဥာဏ်အလင်းကိုလည်း တောမှာပင် ရှာမှီး သိမြင်ခဲ့လေပြီ။ “ဥတုရာသီ တောကို မှီ၏” ဟူသော ရှေးလက်ဆောင်ကလေးလည်း မပျောက်ပျက်စကောင်း။ ထို့ထက် အဖိုးတန်သော ပညာအမွေသည်လည်း မရှိနိုင်ခဲ့။ ရှင်သန်မှုအတွက် လိုအပ်ချက်များ၏ ပင်ရင်းလည်း ဖြစ်သည်မို့တမုံ့။

ဆက်ဖတ်ရန်...

Tuesday, August 30, 2011

Gingerbread Man ပုံပြင်



(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။

ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)

ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။

ဆက်ဖတ်ရန်...

Thursday, April 14, 2011

အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။


ဆက်ဖတ်ရန်...

Wednesday, December 22, 2010

မြန်မာပြည်ပညာရေး သမိုင်းကြောင်း

စုလတ်:
ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာပြည်ရဲ့ ပညာရေးအခြေအနေနဲ့ ပညာရေးစနစ်ကို နဲနဲလောက်လေ့လာကြည့်ချင်ပါတယ်ရှင့် ။ referenceတွေဘယ်မှာရှာရင် ရနိုင်မလဲပြောပြပေးပါလားရှင်။

ဆက်ဖတ်ရန်...

Tuesday, November 2, 2010

ဆူးထွင်းအပ်

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲ ဖြစ်ဖြစ်၊ စေတနာနဲ့ပဲ ဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဘက်သားရဲ့ ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံ သွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကို မျှော်ပြီး ဆုံးမကြတာ များပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။

ဆက်ဖတ်ရန်...

Tuesday, September 21, 2010

ကမ္ဘာ့ဆရာများနေ့ အမှတ်တရ ဆောင်းပါး (၁)

World Teachers' Day (2010) article no.1 - Do Teachers really matter in Burma?
Thein Naing

'There is an urgent need to improve teaching and learning conditions, a decent working environment, living wages, more male teachers, initial and ongoing professional development, involvement in policy-making, collective bargaining to defend and enhance teachers’ rights, to retain skilled teachers and to attract good candidates to become teachers."

ဆက်ဖတ်ရန်...

Tuesday, September 14, 2010

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်

လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။

ဆက်ဖတ်ရန်...

Saturday, September 11, 2010

ပုံမှန် ကလေး၊ ပုံမှန် ဆရာ

သိန်းနိုင်

“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”

ဆက်ဖတ်ရန်...

 

© 2007 IngridGrey By Arephyz