tag:blogger.com,1999:blog-1899403076260186177.post6054744319484756072..comments2024-03-29T00:34:29.788-07:00Comments on "Education for Myanmar Youths": ဘယ်သူ့တာဝန်လဲUnknownnoreply@blogger.comBlogger6125tag:blogger.com,1999:blog-1899403076260186177.post-56239244477126980902009-07-19T20:10:46.412-07:002009-07-19T20:10:46.412-07:00ကျနော်လည်း ဒီစနစ်ဆိုးထဲက သားကောင်တစ်ယောက်ပါပဲ..
က...ကျနော်လည်း ဒီစနစ်ဆိုးထဲက သားကောင်တစ်ယောက်ပါပဲ..
ကျနော် ဆယ်တန်းအောင်တဲ့ နှစ်မှာပဲ ၁၀တန်း အမှတ်စာရင်းနဲ့  GTI တက်ရတဲ့ နှစ်ဖြစ်သွားတယ်.. စက်မှုတက္ကသိုလ်တက်ချင်လို့  ၃ နှစ် ၃ မိုး အမှတ်တွေကောင်းအောင် လုပ်ခဲ့ရတယ် .. တကယ်တန်းတက်ခွင့်ရတော့ ရွေးချယ်ခွင့်မရှိတဲ့ အနေအထားမှာ တက်ခွင့်ရခဲ့တယ်..ကိုယ့်က မြိုပြအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့  အခက်အခဲများစွာနဲ့  ရုန်းကန်လာခဲ့ရတာ.. တက်ခွင့်ရတော့ ဘာအေူကာင်းပြချက်မှ မရှိဘဲ .. ရွေးချယ်ခွင့် ပေးထားတဲ့ ဘာသာတွေက ဘာမှ မဆိုင်တဲ့ ဘာသာရပ်တွေဖြစ်နေတယ်.. တစ်ချို့ ကတော့ လုံးဝမတတက်တော့ဘဲ.. လက်လွတ်ခဲ့ပြီး .. ကျနော်ကတော့ စက်မှုတက္ကသိုလ် တက်ခွင့်ရတာကိုပဲ ကျေနပ်နှစ်သိမ့်မိပြီး ဆက်တက်ခဲ့တယ်.. တက်နေတုန်း ကာလလေးမှာပဲ.. စနစ်တွေ ပြောင်းပြီး .. ဘ၀တွေဟာလဲ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတယ်..
ဒီလိုနဲ့ ပဲ .. မြန်မာပြည်အထက်ပိုင်းက မြို့ လေးတစ်မြို့ မှာ မြေဖြူကိုင် အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့တယ်..
ကိုယ်ရင်ဆိုင်ခဲ့ရတဲ့ ဘ၀ က ဆိုးရွားခဲ့ပေမယ့်.. တကယ့်ကျောင်းကြီးတစ်ခုမှာ ဆရာဆရာမ အပြည့်အစုံနဲ့ 
လက်တွေ့ ခန်း အပြည့်အစုံနဲ့  သေသေချာချာ သင်ခဲ့ရပြီး..ကိုယ်သင်ပေးရတော့မယ့် တပည့်တွေရဲ့  ဘ၀ကို ရင်နာနာ နဲ့  ကိုယ်ချင်းစာတရားထားပြီး ဘ၀ကို နှစ်မြုပ်ထားခဲ့တယ်..၆ နှစ်လောက်ကြာတဲ့ အချိန်မှာတော့...ဘယ်လို့ မှ သည်းခံ မနေနိုင်တော့ဘူး..
အားလုံးကို တိတ်တဆိတ် စွန့် ခွာခဲ့ရတယ်...
ဒီစနစ်ရဲ့  ၇ိုက်ခတ်မှုက အခုအချိန် ပြင်ဆင်နိုင်ခဲ့ရင်တောင်..အနည်းဆုံး နောက်မျိုးဆက် ၂ ဆက်လောက်တော့ ... ထိခိုက်ခံစားရဦးမှာပါ..
ဖြူဖြူ လို့  နာမည်လွဲထားတဲ့ ကောင်မလေးဟာ.. ကျနော့် တပည့်လေးတောင် ဖြစ်နေမလား မသိပါဘူးဗျာ...ရင်မောမိပါတယ်ဗျာ..Anonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-42895616769762005462009-03-27T09:45:00.000-07:002009-03-27T09:45:00.000-07:00It is a right article for the bad situations of th...It is a right article for the bad situations of the Education field in Myanmar. Thanks for your writing.
Wake up MyanmarAnonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-4198479546475709862009-03-25T22:09:00.000-07:002009-03-25T22:09:00.000-07:00သည်အဖြစ်တွေဟာRIT မှမဟုတ်ပါ ဆေးကျောင်းလည်း သည်နည်းန...သည်အဖြစ်တွေဟာRIT မှမဟုတ်ပါ ဆေးကျောင်းလည်း သည်နည်းနှင်နှင် ဖြစ်ကုန်ပါပြီိ။ ကိုယ့်ပြည်ကိုယ်ကို စနစ်ကျကျဖျက်ဆီးနေသူတွေရဲ့ ယုတ်မာပက်စက်ချက်ကတော့ ရာဇ၀င်ရှားပါပေတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-52984209739898744332009-02-23T00:18:00.000-08:002009-02-23T00:18:00.000-08:00EC (Electronic Communication)များဖြစ်နေမလား မသိ......EC (Electronic Communication)များဖြစ်နေမလား မသိ...ဟုတ် ပါတယ်...ဖြစ် ရပ် မှန်တွေပါပဲAnonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-39492205038241206322009-02-22T16:12:00.000-08:002009-02-22T16:12:00.000-08:00မြန်မာပြည်ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ သိလ...မြန်မာပြည်ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရောက်နေတဲ့ ဆစ္ဒနီမြို့မှာရှိတဲ့ University of Technology, Sydney (UTS) ကတော့ Sydney မြို့လယ်တည့်တည့်မှာ ရှိပြီး မြို့ဆင်ခြေဖုန်းနည်းနည်း ပိုကျတဲ့နေရာမှာ ရှိတဲ့ University of Sydney နဲ့ တဖါလုံ ကျော်ကျော်လောက် ဝေးပြီး ရထား၊ ဘတ်စ်၊ ကား တွေနဲ့ တော်တော်ဝေးတဲ့နေရာကတောင် ကြိုက်တာနဲ့ လာလို့အဆင်ပြေတယ်။ ဆစ္ဒနီမြို့က ကျောင်းသားတွေတင်မကဘူး ကီလိုမီတာ ၆၀ (၃၇ မိုင်ခွဲ) လောက်ဝေးတဲ့ Blue Mountain လို နေရာက Full time study လုပ်နေတဲ့ ကျောင်းသားတွေတောင် အခက်အခဲမရှိ လာတက်နေတာ တွေ့ရတယ်။ ကိုယ်ပိုင်ကားနဲ့ လာတက်သူတွေမှာ ကား Parking အတွက် ပိုက်ဆံနည်းနည်း ပိုကုန်တာကလွဲပြီး Public Transportation ကိုသာ အသုံးပြုနေတဲ့ ကျောင်းသားတွေအတွက်ကတော့ ဘာအခက်အခဲမှကို မရှိဘူး။ စာကြည့်တိုက်မှာ ကွန်ပြူတာ အလုံအလောက် ရှိတဲ့အပြင် Faculty တိုင်းနှင့် Building တိုင်းမှာလည်း သီးသန့်ကွန်ပြူတာတွေ ထားပေးထားသေးတယ်။ ကျောင်းသားတွေမှာ အခက်အခဲရှိရင် တင်ပြဖို့ Student Union, Student Association နဲ့ Student Centre ဆိုတာတွေကို ဖွင့်ထားတဲ့ ရုံးတွေလည်း ရှိပါတယ်။ အဆင်မပြေတာရှိရင် အဲဒီနေရာတွေမှာ သွားတင်ပြလို့ရပါတယ်။ အများနဲ့ မဆိုင်ပဲ ကျောင်းသားတဦးချင်းစီမှာ ရှိတတ်တဲ့ အခက်အခဲကို သီးသန့်တင်ပြချင်ရင် ကျောင်းသားတွေအတွက် Counseling Services ဆိုတာ ရှိပြီး အဲဒီမှာ တင်ပြရင် အဖြေရှာလို့ရနိုင်တဲ့ အကြံကောင်းတွေပေးပါတယ်။ တဦးချင်းနဲ့လည်း မဆိုင်၊ ကျောင်းတခုတည်းနဲ့လည်းမဆိုင်ပဲ ပညာရေးနဲ့ ပတ်သက်လို့ အစိုးရပေါ်လစီအပေါ်မှာ တခုခုတောင်းဆိုချင်ရင်တော့ ဆစ္ဒနီယူနီနဲ့ UTS နှစ်ခုပေါင်းပြီး ကျောင်းသားတွေ တခါတခါ ဆန္ဒပြပြီး တောင်းဆိုတာတွေ ရှိပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး ဆရာ၊ဆရာမတွေကို ကြိုတင် သင်တန်းမပေးပဲ ပညာရေး သင်ရိုး အခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေလို့ ဆရာတွေရော ကျောင်းသားတွေမှာပါ ရရှိတဲ့အခက်အခဲအပြင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲ၊ စာကြည့်တိုက်နဲ့ ကွန်ပြူတာအလုံအလောက်မရှိတဲ့ အခက်အခဲ အဆိုးဆုံးက ဘာကိုမှ အရေးဆိုတောင်းဆိုပိုင်ခွင့်မရှိတဲ့ သက်တောင့်သက်သာ လုံးဝမရှိပဲ ပညာသင်ပေး သင်ယူနေကြရတဲ့ မြန်မာပြည်က ဆရာတွေနဲ့ ကျောင်းသားတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။Nge Nainghttps://www.blogger.com/profile/16228085635463408835noreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-2486280649256000312009-02-21T21:38:00.000-08:002009-02-21T21:38:00.000-08:00What a touchable article !!!I cheer all the teache...What a touchable article !!!

I cheer all the teachers and students who try their best in these days in all those TUs.Anonymousnoreply@blogger.com