tag:blogger.com,1999:blog-1899403076260186177.post3258536703218501872..comments2024-03-27T11:31:58.400-07:00Comments on "Education for Myanmar Youths": ကိုယ်တွေ့များ (၁)Unknownnoreply@blogger.comBlogger4125tag:blogger.com,1999:blog-1899403076260186177.post-85891199419376349642007-08-23T08:54:00.000-07:002007-08-23T08:54:00.000-07:00ခုလို ဆွေးနွေးတာ ကျေးဇူးတင်ပါသည်ခင်ဗျား။ :)ခုလို ဆွေးနွေးတာ ကျေးဇူးတင်ပါသည်ခင်ဗျား။ :)ဘလူးဖီးနစ်https://www.blogger.com/profile/18328047858567391520noreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-79206402109034829232007-08-22T23:04:00.000-07:002007-08-22T23:04:00.000-07:00မဂျစ်.. သူတို့ကျောင်းလခကြောင့် ပိုက်ဆံရနေသူတွေအဖြစ...မဂျစ်.. သူတို့ကျောင်းလခကြောင့် ပိုက်ဆံရနေသူတွေအဖြစ် ၊ မြင်လာတဲ့အထိ ဆိုးရွားစွာ ဖြစ်တတ်တာကတော့ မဖြစ်သင့်ပါဘူး။ ကျောင်းလခ အလကားပေးထားတာလို့မြင်တာထက် သူတို့ရဲ့ ပညာဥဏ်ကိုပူဇော်တာလို့ မြင်သင့်တယ်လို့ထင်ပါတယ်။ ဒီမှာလဲ ဆရာ၊ဆရာမတွေကို တချို့ကျောင်းသားတွေ ကလန်ကဆန်လုပ်တာပါပဲ။

ကို bluephoenix ပြောတာကိုလဲ မကန့်ကွက်ပါဘူး။ ဒါကြောင့် “လိုအပ်သည်ထက် ကြောက်ရွံ့နေမှု၊ နာခံနေမှု”လို့ ရေးထားခြင်းဖြစ်ပါတယ်။ ကျွန်မကတော့ ကလေးတွေကို ရိုက်နှက်ဆုံးမတာ၊ အရှက်ခွဲတာတွေ မြင်ရရင် စိတ်မချမ်းသာလို့ပါ။ လူသားအချင်းချင်း (ကလေးပဲဖြစ်ဖြစ်) ရိုက်နှက်တာကို၊ လက်ခံရခက်နေလို့ပါ။ အထူးသဖြင့် ကလေးလေးတွေက ရိုက်ရင်ခံရမှာပါပဲ။ ကို bluephoenix ပြောသလိုပဲ တစ်ခြားနည်းလမ်းနဲ့ ဆုံးမနိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ရိုသေမှုဆိုတာ authority/power ရှိသူတွေကိုသာ၊ အသက်ကြီးသူကိုသာ၊ အရိုအသေပေးခြင်းမဟုတ်ပဲ၊ အသက်ကြီးသည်ငယ်သည်၊ ရာထူးရှိသည်မရှိသည်အပထားလို့ လူတိုင်းကို လူတိုင်းက ပေးနိုင်ရင် အကောင်းဆုံးလို့ မြင်ပါတယ်ရှင်။ ဒါပေမယ့်လဲ ပြောသလောက်လွယ်ပေမယ့် အလုပ်ခက်တာကိုလဲ သတိပြုမိပါတယ်။ ကျွန်မဒါဆိုရင် လူတိုင်းကို ရိုသေလေးစားလား မေးလာရင်လဲ ဟင့်အင်း လို့ပဲဖြေမိမှာပါ။

ခုလိုစိတ်ဝင်တစား ဖတ်ရှု၊ဆွေးနွေးကြတာကို ကျေးဇူးတင် ၀မ်းသာပါတယ်ရှင်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-3061234240227420022007-08-22T21:54:00.000-07:002007-08-22T21:54:00.000-07:00တပည့်တွေ မှားယွင်းတဲ့လမ်းမရောက်အောင် ငယ်စဉ်ကပဲ လို...တပည့်တွေ မှားယွင်းတဲ့လမ်းမရောက်အောင် ငယ်စဉ်ကပဲ လိုအပ်ရင် နောင်ကြဉ်အောင် ဆုံးမသင့်ရင် ဆုံးမရပါတယ်။ ဆုံးမပုံ နည်းလမ်းပဲလိုတာပါ။ ကြောက်စရာရှိတာကို တော့ ကြောက်တတ်ရပါမယ်။ ရှက်စရာရှိတာကို ရှက်တတ်ရပါမယ်။ အိုးသည်က အိုးကို ရိုက်သလိုပါပဲ။

ခု ဒီမှာ ဆရာတွေက ကျွန်တော်တို့ကို ဆရာစားမချန်သင်ပေးပါတယ်။ လူမျိုးခြားဖြစ်ပေမယ့် သူတို့လူမျိုးထက်ဂရုစိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မင်္ဂလာတရားတော်နဲ့ အညီ ကျင့်သုံးလို့ပါ။ ဆရာတွေကို ကြောက်လည်းကြောက်ရပါတယ်။ ရိုလဲ ရိုသေရပါတယ်။ ချစ်လဲချစ်ပါတယ်။ သူတို့ တပည့်တွေက ပမာမခန့်လုပ်တာတွေ တွေ့ဘူးပါတယ်။ ကျွန်တော့်တပည့်များ ဒီလိုလုပ်လာရင် လက်မခံနိုင်ပါ။ မဖြစ်သင့်ဘူးလို့ထင်မိပါတယ်ခင်ဗျာ။ဘလူးဖီးနစ်https://www.blogger.com/profile/02563681495802423734noreply@blogger.comtag:blogger.com,1999:blog-1899403076260186177.post-1065445648667313532007-08-22T08:44:00.000-07:002007-08-22T08:44:00.000-07:00မလေး.. စင်္ကာပူမှာလည်း ကလေးတွေပညာရေးက ကနေဒါနဲ့ simil...မလေး.. စင်္ကာပူမှာလည်း ကလေးတွေပညာရေးက ကနေဒါနဲ့ similar ပါပဲ ။

တခုတော့ ရှိတယ် .. ဒီနိုင်ငံမှာ ခုတလော ဆရာဆရာမတွေ ဦးနှောက်အခြောက်ဆုံးကတော့..

ကလေးတွေကို အကြောက်တရားမရှိဖို့ သင်ပေးခဲ့တာ ၊ သူတို့လေးတွေ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့အခါ မကြောက်တရားက တခါတလေ မှားယွင်းစွာ အသုံးချလိုက်ရင် ၊ မိုက်ရူးရဲဆန်တဲ့ ရိုင်းစိုင်းခြင်းတို့ ဖြစ်ပေါ်စေတယ် ။

ဆရာဆရာမတွေအမြင်ကတော့ မိဘတွေအပေါ်မှာလည်း အများကြီး မူတည်တယ်လို့ ပြောကြတယ် ။ မိဘတွေက ကိုယ့်ကလေးကို အထိမခံ ၊ နည်း၂လေး ဆရာဆရာမတွေက ဆုံးမတာနဲ့ ဟိုတိုင်ရ ဒီတိုင်ရ ။ ကြာလာတော့ ဆယ်ကျော်သက်တချို့ဟာ ဆရာဆရာမတွေကို သူတို့ကို ပညာပေးနေသူတွေအဖြစ် မမြင်တော့ပဲ ၊ သူတို့ကျောင်းလခကြောင့် ပိုက်ဆံရနေသူတွေအဖြစ် ၊ မြင်လာတဲ့အထိ ဆိုးရွားစွာ ဖြစ်တတ်တယ် (နေရာတိုင်းမဟုတ်ပါ ။ တချို့တလေ)

အဲဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ဗမာနိုင်ငံရဲ့ မိဘ ကလေး လူငယ်တွေ ဆရာဆရာမတွေအပေါ်ထားတဲ့ ယုံကြည်လေးစားမှုဟာ ၊ ဒီနိုင်ငံတွေထက် အစပေါင်းများစွာ သာလွန်နေတယ်လို့ ခံစားရပါတယ် ။ ဒါအတွက်လည်း ဂုဏ်ယူမိပါတယ် ။Anonymousnoreply@blogger.com