Thursday, August 30, 2007

ပညာတော်သင်အပိုင်းနဲ့ ပတ်သက်သော ဆွေးနွေးချက်

ဒီပို့စ်ကတော့ ဘလောဂါ့တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ခံစားချက်တွေပါ ။ ဒီပို့စ်ကို သူက ကျွန်မကိုပေးထားခဲ့တာကြာပါပြီ.. သူ့ ဘလောဂ့်မှာ တင်ဖို့အကြောင်းအရာမတိုက်ဆိုင် မတင်ဖြစ်တာနဲ့ ၊ ကျွန်မကပဲ ဒီမှာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပညာရေးနဲ့ ပတ်သက်တဲ့ သူ့ ဆွေးနွေးချက်ကို ဖတ်ကြည့်လိုက်ရအောင်... ။

မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူးသလောက် ဆက်လက် တိုးတက်နေမဲ့ သဘောရှိပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခုသံသရာကတော့ အစရှိပါတယ်။

ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။ အင်္ဂလိပ်တွေနဲ့ စစ်မက်ယှဉ်ပြိုင်တဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ်ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။ ဒီအခါမှာ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီအချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီပို့စ်မှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေးပြီးပါပြီ။

ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။ နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့မှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့ နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရသေးတာလဲ။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။

ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာနိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည်ချာလည်လိုက်နေတယ်။ ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှ မရှိဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့ ကြိုးစားရပါမယ်။ မိဝေး၊ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။ နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတစ်ခု ကြားဖူးပါတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့ နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။

ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။

ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရသတဲ့။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သတ်လို့ ဗီယက်နမ်လို နိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွတ်ဖို့၊ အာကာသနည်းပညာတို့ ဆိုရင် ဝေးရော။

ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိဘူး။ သက်ဆိုင်ရာ ဘွဲ့တစ်လုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲဆိုတာလဲ မသိကြဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ အလုပ်လုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။

ဒီဖြစ်စဉ်ကြီးဟာ အစိုးရတစ်ခုတည်းနဲ့သာ ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။ နိုင်ငံတိုးတက်ဖို့ အဓိကဖြစ်တဲ့ အရင်းအမြစ် ဟာ ပညာရေးပါ။ ဟိုးရှေး မြေရှင်ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့ ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့တွေ စပါးတစ်တင်းရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေးနဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာသန်းချီရနေတာဟာ နည်းပညာကြောင့်ပါပဲ။ ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လိုလုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံကို အမေရိကန်ကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။

တစ်ခုခုတော့ လုပ်ကြဖို့သင့်ပြီဆိုတာကို ကျွန်တော့်ရဲ့ မဖြစ်စလောက် ဉာဏ်လေးနဲ့ မမီ့တမီ စဉ်းစားတင်ပြ လိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန်ကို တည့်မတ်ပေးကြပါ။

နယ်စပ်ပညာရေးခရီး(၂)

ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ပညာရေးကော်မတီအကြောင်းနဲ့ မဲဆောက်အနီးဝန်းကျင်က ကျောင်းလေးတွေရဲ့ အခြေအနေကို ဒီတပတ် တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီကလေးတွေ အတွက် ပညာရေး ကော်မတီကို ၁၉၉၉ ခုနှစ်က စတင်ပြီး ထိုင်း မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား ကလေးများ ပညာရေး ကော်မတီဆိုပြီး ဖွဲ့စည်းခဲ့တာပါ။ ဥက္ကဌအဖြစ် မဲဆောက်မှာ ရှိတဲ့ အထက်တန်းကျောင်း တကျောင်းဖြစ်တဲ့ ဆာသူးလေ ကျောင်းအုပ်ဖြစ်သူ နော်ဖောရယ်က တာဝန်ယူခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအနေနဲ့ ထိုင်းနိုင်ငံ အခြားဒေသက ကျောင်းတွေနဲ့ သင်ရိုးညွှန်းတန်း တပြေးညီတည်းဖြစ်အောင် လုပ်ဆောင်သွား မယ်။ နောက် အဲဒီကလေးတွေ ရဲ့ ပညာရေးကို ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုအောင်၊ အထက်တန်းလွန် ကျောင်းသားတွေ အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကောလိပ် ကိုလည်း တိုးချဲ့ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ တရားဝင် ပြောကြားထားပါတယ်။

သူတို့လေးတွေအားလုံး ပညာကို လိုချင်တက်မက်သူလေးတွေပါ

မဲဆောက်မှာ အခုရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ ၂၀၀၆-၂၀၀၇ စာရင်းဇယားအရ (မယ်လမ၊ ဖို့ဖရာ့ စတဲ့ မဲဆောက်အနီးအနားက နယ်တွေအပါအ၀င်) ကျောင်းပေါင်း ၇၅ ကျောင်း၊ ကျောင်းသားပေါင်း ၇၇၇၄ ဦး ၊ ကျောင်းဆရာ၊ဆရာမ ဦးရေ ၃၇၂ ဦးထိ တိုးမြင့် များပြားလာခဲ့တာကို တွေ့ရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားဦးရေ များပြားလာတာနဲ့အတူ အချိုးကျ တိုးပွားလာတဲ့ သူတို့ရဲ့ ရင်သွေးငယ်လေး တွေရဲ့ပညာရေး လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းဖို့ လိုအပ်လာပါတယ်။ဒီကလေးတွေ ကို ဒီလိုမှ ပညာသင်ကြား မပေးဖြစ်ခဲ့ရင် ကလေးတွေဟာ မူးယစ်ဆေး ကုန်ကူးမှု တွေမှာ အသုံးချခံရတတ်တယ်၊ နောက်တခါ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာ အဖြစ်သွတ်သွင်းခံရမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။

ဒါ့ကြောင့် ကလေးတွေရဲ့ ပညာရေးကို တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနိုင်ဖို့ အတွက် ပညာရေးကော်မတီ ကို ဖွဲ့စည်းခဲ့ရတဲ့ အပြင် အခုဆိုရင် ရွှေ့ပြောင်းကျောင်းများရဲ့ ဆရာများ သမဂ္ဂကိုလည်း ၂၀၀၆ ခုနှစ်က အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပါပြီ။

ဒီကော်မတီတွေက အထောက်အပံ့မရှိတဲ့ ကျောင်းတွေအတွက် အလှုရှင်ရအောင် ၊ နောက် သူနဲ့ ချိတ်ဆက် ထားတဲ့ စေတနာရှင်တွေနဲ့ အတူ စာရင်းသွင်းပြီးသား ကျောင်းလေးတွေ အတွက် တတ်နိုင်သလောက်လစာ၊ ကျောင်းအတွက် အသုံးစရိတ် စသည်ဖြင့် ထောက်ပံ့ရ ပါတယ်။
တချို့ကလေးတွေက မဲဆောက်ရောက်မှ ကျောင်းနေဖူးကြတာတွေပါ
ကလေးတွေ ကျောင်းတက်တဲ့အခါ အိမ်နားနီးကျောင်းမှာ တက်ဖြစ်တာများပေမဲ့ တချို့ ကလေးတွေက အထက်တန်း ကျောင်းမှာ ဒါမှမဟုတ် ကျောင်းကြိုကားခ တတ်နိုင်တဲ့ မိဘတွေ က ကျောင်းနည်းနည်း ကောင်းတဲ့ကျောင်းမှ ထားကြတဲ့အခါ မနက် ၉ နာရီ တက်ရမယ့်  ကျောင်း ကို ကျောင်းကားမလုံလောက်လို့ မနက် ၇နာရီ ၁၅ လောက်ကတည်းက ထမင်းဘူးနဲ့ သွားရတာ၊ ကျောင်းဆင်းချိန် ၃ နာရီပေမယ့် ညနေ ၅ နာရီထိ ပို့လိုက် ကြိုလိုက် လုပ်နေတဲ့ ကျောင်းကားကို ကျောင်းမှာ စောင့်နေရတာ စသဖြင့် တော်တော် ဒုက္ခရောက် ကြပါတယ်။

မိဘတွေက အလုပ်သမားလက်မှတ် မရှိကြတဲ့အခါ၊ တချို့ အဖေကရှိ အမေကမရှိ ဖြစ်ကြတာမို့ ထိုင်းရဲတွေ ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး တွေ ဖမ်းနေတဲ့အချိန်တွေဆိုရင် ကလေးတွေပါ မိဘနဲ့ အတူ တောထဲ တောင်ထဲ ရှောင်ပုန်းပြေးနေရတော့ ကျောင်းပျက် ကြပြန်ပါရော။ တခါတလေကျပြန်တော့ မဲဆောက်မှာ ကျောင်းနေတဲ့ အရွယ်တွေ ပလပ်စတစ်ကောက်နေတာ၊ အမှိုက်လှည်းလေးတွန်းလို့ လမ်းဘေးက အမှိုက်ပုံးတွေကို မွှနေတာ မြင်ရတဲ့အခါမှာ သူတို့ ဘာ့ကြောင့် ကျောင်းမတက်ကြတာလဲ ဆိုတဲ့ မေးခွန်းက ပါးစပ်ဖျားကို အမြန်ရောက် ပေမယ့် မမေးမိအောင် ကိုယ့်ကိုယ်ကို ဘရိတ်အုပ်လိုက်ရပါတယ်၊ ကျောင်းတက်နိုင်ဖို့က အခြေအနေတွေ အားလုံးပေးပါမှ ဆိုတဲ့ ဘ၀တွေမဟုတ်လား။

အခုရက်တွေမှာတော့ မဲဆောက်မှာ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ပိုက်စိတ်တိုက် ဖမ်းဆီးနေပြီး မိတာနဲ့ ထောင် ၁၂ ရက်ချ ၊ နောက် လွတ်ရက်မှာ တဖက်ကမ်း မြ၀တီကို ပြန်ပို့နဲ့ မို့ လူကြီးတွေ ပြေးနေရသလို ကလေးတွေလည်း လိုက်ပါပြေးနေရတာမို့ တချို့ ကျောင်းသေး သေးလေးတွေတောင် ပိတ်ထားတာရှိပါတယ်။
ဒီလိုကျောင်းမျိုးလေးတွေ အများကြီးရှိပါတယ်
လက်ရှိအခြေအနေတွေအရမှာတော့ နယ်မြေဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ပဋိပက္ခအပေါ် အခြေတည် ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြလို့ လုံခြုံရေး အတွက်ဆိုကာ အချို့နယ်မြေတွေက အိမ်တွေကို ပြောင်းရွှေ့ခိုင်းတာ၊ ဖျက်သိမ်းခိုင်း တာတွေ လုပ်လာတဲ့အပြင် ဆရာဆရာမလုပ်နေသူတွေကိုလည်း အလုပ်သမား လက်မှတ်မရှိတဲ့ အတွက် ဖမ်းဆီးစစ်ဆေးခြင်း တွေ လုပ်လာတာကို တွေ့ရတဲ့အတွက် ကျောင်းအချို့ ဆက်မဖွင့်နိုင်တော့တဲ့ အခြေအနေကို ကြုံတွေ့ နေရပါတယ်။

ဒါပေမဲ့ ဖြစ်သလိုအခြေအနေတွေထဲကပဲ တတ်နိုင်သလောက် အခြေအနေဖြစ်အောင် ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေကြဆဲပါ၊

ဆက်လက်ဖော်ပြပါဦးမယ်။

ပညာရေး အကျပ်အတည်း (၂၃)

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကျူရှင်ဟာ ထင်ထင်ရှားရှား ကြီးစိုးနေတဲ့ ကျောင်းပြင်ပ ပညာရေး တစ်မျိုးပါပဲ။ သူငယ်တန်းကနေ စပြီး မဟာတန်းတက်တဲ့အထိ ကျောင်းသားတွေရဲ့ ကျောင်းပညာရေးတွေနဲ့အတူ ကျူရှင်ကလဲ ထပ်ချပ်မကွာ လိုက်ပါနေ တာပါ။ တကယ်တော့ ကျူရှင်ဟာ ကောင်းကျိုးရော ဆိုးကျိုးပါပေးတဲ့ ပညာရေးတစ်မျိုး ပါပဲ။



မြန်မာနိုင်ငံမှာက ငွေကြေးတတ်နိုင်တဲ့ မြို့ပေါ်နေ လူတန်းစားမိဘတွေက သူတို့ရဲ့ ကလေးတွေကို အသက်၃နှစ်လောက်ကတည်းက မူကြိုပို့တဲ့ အလေ့အထ ရှိပါတယ်။ အများစုကတော့ မိဘနှစ်ပါးစလုံး အလုပ်လုပ်ရတဲ့အတွက် ကလေးတွေကို ကျောင်း စောစော ပို့ကြရတာပါပဲ။ အခုခေတ် မူကြိုတွေက ကျောင်းလခ များများယူပြီး စာကိုလည်း အပြိုင်အဆိုင်သင်ကြတာမို့လို့ ကလေးတွေဟာ ကျောင်းကြီးမနေခင်မှာဘဲ စာတတ်နေ ကြပါပြီ။ ဒါကြောင့်ပဲ မြို့ပေါ်က သူငယ်တန်းဆရာတွေဟာ စာသိပ်သင်စရာ မလိုတော့ဘဲ ကလေးတွေအနေနဲ့ စာတွေကို ဘယ်လောက် အလွတ်ရသလဲ ဆိုတာကို ကြည့်ပြီး အလွတ်ကျက်စွမ်းရည် တက်လာအောင် လေ့ကျင့်ပေးရတာလောက်ပဲ ရှိတော့တာပါ။

အဲဒီအခါမှာ ကလေးတွေအနေနဲ့ စာကို ၏..သည် မလွဲ ရွတ်နိုင်ပြီး၊ ဆရာ ဆရာမက အကဲဖြတ် အမှတ် ကောင်းကောင်းပေးလိုက်ရင် အဆင့်ကောင်းကောင်း ရနိုင်တာပါပဲ။ အဲလိုနဲ့ ကလေးတွေဟာ အလွတ် ကျက် နိုင်စွမ်းချင်း တူတဲ့အခါမှာတော့ ဆရာ ဆရာမ လက်ထဲက အကဲဖြတ်အမှတ်ကို ပို ရနိုင်ဖို့အတွက် အတန်းပိုင် ဆရာ ဆရာမရဲ့ ကျူရှင်ဆီ ကို အလုအယက် ပြေးကြရတော့တာပါ။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံက ကလေးတွေဟာ တက္ကသိုလ်ရောက်တော့လည်း ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ကျူရှင်တွေ ယူကြရပြန်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားတွေကိုယ်တိုင် အတန်းမှာ မပျော်တာနဲ့ ဆရာ ဆရာမ တချို့ရဲ့ အဂတိ လိုက်စားမှုတွေကြောင့် တက္ကသိုလ်မှာ ကျူရှင်တွေ ကျိတ်ဝိုင်းတွေ ရှိလာတာပါ။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်ကစပြီးတော့ တက္ကသိုလ်မှာ ပြက္ခဒိန်နှစ်တစ်နှစ်ကို စာသင်နှစ် ၂နှစ် လုပ်လိုက်ပါတယ်။ ပြီးတော့ အတန်းတစ်တန်းကို ၆လတက်ပြီး စာသင်နှစ်တစ်နှစ်လို့ သတ်မှတ်လိုက်ပါတယ်။အဲဒီအပြင် ၀ိဇာသိပ္ပံ တက္ကသိုလ်တွေရဲ့ ပုံမှန် လေးနှစ်သင် ကာလကို ၃နှစ်သင်ကာလအဖြစ် သတ်မှတ်လိုက်ပါတယ်။



အဲဒီအခါမှာ စတုတ္ထနှစ်သင်ရိုး တချို့ကို တတိယနှစ်သင်ရိုးထဲ ထည့်သင်ရပါတယ်။ တတိယနှစ် သင်ရိုးတချို့ကို ဒုတိယနှစ်သင်ရိုးထဲ ပေါင်းထည့်ပြီး သင်ရပါတယ်။ ဒီလိုပဲ ပထမနှစ် သင်ရိုးထဲလည်း ဒုတိယနှစ်သင်ရိုးတချို့ကို ထည့်သင်ရပါတယ်။ ဒါကြောင့် သင်ရိုးကသာ ပိုများလာပြီး သင်ရမယ့်အချိန်က နည်းသွားတာကြောင့်မို့၊ တကယ် သင်ပြီဆို ရင် စာသင်နှစ်နဲ့အညီ စာမပြီးနိုင်ပါဘူး။ ဒါပေမဲ့ သင်ရိုးကုန် အပြီး သင်ရမယ် ဆိုတဲ့ အမိန့်က ရှိနေတော့၊ ဆရာတွေအနေနဲ့ မရရအောင် အချိန်လုပြီး သင်ကြရတာမို့လို့ စံမီတဲ့ ပညာရေး မဖြစ်နိုင်တော့ပါဘူး။ ဆရာ ဆရာမရော ကျောင်းသား ကျောင်းသူတွေပါ ထိခိုက်နစ်နာတဲ့ စနစ်ပါပဲ။

၂၀၀၃-၂၀၀၄ ပညာသင်နှစ်ရောက်တော့ ပြက္ခဒိန်နှစ် တစ်နှစ်မှာ စာသင်နှစ် ၃နှစ်ကို အပြိုင် ဖွင့်တာမို့ ဆရာဆရာမတွေဟာ စာမေးပွဲတွေ စစ်ဆေးပေးရတဲ့အလုပ်တွေနဲ့ သိပ်ပင်ပန်းကြရပါတယ်။ အဲဒီအခါ သင်ကြားရေးထဲမှာ ပိုပြီး အားလျော့ လာပါတယ်။ ဒီလိုနဲ့ ကျောင်းသားတွေဘက်ကလဲ ဒီပြဿနာကို ကျူရှင်နဲ့ပဲ ဖြေရှင်းရပါတော့တယ်။ ဒါကလည်း တက္ကသိုလ်ပညာရေးထဲထိ ကျူရှင်စနစ် ထွန်းကားလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

၂၀၀၄-၂၀၀၅ပညာသင်နှစ်ရဲ့ တက္ကသိုလ် အတန်းတင် စာမေးပွဲမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့အပြင်၊ ကိုယ်နဲ့ နေ့စဉ် ထိတွေ့နေရတဲ့ မြန်မာစာဘာသာ ကိုတောင်မှပဲ တရားဝင်အောင်မှတ် ၅၀ကို အောင်တဲ့သူ မရှိတဲ့အတွက် ၂၅မှတ်အထိ လျှော့ချ ပေးခဲ့ရပါတယ်။ ဒါတောင်မှပဲ အကျအရှုံး များနေသေးတာမို့လို့ နောက်ဆက်တွဲ စာမေးပွဲ (Supplementary Exam) စစ်ပေးရပါတယ်။ အဲဒီမှာ ဆပ်ပလီ ဖြေကြရတဲ့ ကျောင်းသား ကျောင်းသူ ၈၀ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ စာမေးပွဲကိုပါ အကျများနေသေးတာကြောင့် နောက်ဆက်တွဲ စာမေးပွဲတွေကို ဒုတိယ အကြိမ် တတိယအကြိမ်တွေအထိ ၃ခါ စစ်ပေးခဲ့ ရပါတယ်။

နောက်ဆုံးတော့ အောင်ချက်နှုန်း ကောင်းကောင်း ပြနိုင်ရမှာမို့လို့ ဖြစ်တဲ့နည်းနဲ့ အအောင် ပေးလိုက်ရတာပါပဲ။ ဒါကို ကျောင်းသားတွေဘက်ကလည်း သိနေတာကြောင့် စာမေးပွဲကို အရေး မထားတော့ပါဘူး။ ရေးဖြေစရာ စာရအောင် ကျူရှင်တွေဆီ သွားလိုက်ရင် ပြီးတာပဲလို့ သဘောထား လာကြပါတယ်။ ဒီနေရာမှာ အာဏာပိုင်တွေရဲ့ အအောင်ပေး ရေး မူ ကို အသုံးချပြီး၊ လှေကြုံလိုက်တဲ့ ဆရာ ဆရာမ တချို့ကြောင့်လည်း လာဘ်ယူဖို့ကိုသာ ဦးတည်ပြီး တကယ်တမ်းမှာ စာတတ်အောင် သင်မပေးတော့တဲ့ ကျူရှင်တွေလည်း ရှိလာပါတယ်။ ဒါကြောင့် အခု ၂၀၀၆ ခုနှစ်မှာတော့ တက္ကသိုလ်တွေမှာ နောက်ဆက်တွဲ စာမေးပွဲကို တစ်ကြိမ်ပဲ ခွင့်ပြုပြီး ကျူရှင်ကိစ္စတွေကိုလည်း သေချာ စိစစ်ပြီး ကိုင်တွယ်ရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ညွှန်ကြားထား ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ပညာရေး သမိုင်းမှာတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် ထိ ဟာ အရည်အသွေး အကျဆင်းဆုံး နှစ်တွေလို့ ပြောရမှာပါ။ လစာနဲ့ စားဝတ်နေရေး မလုံလောက်မှုတွေကြောင့် ဆရာ ဆရာမတွေဘက်က သင်ကြားရေးမှာ ပေါ့လျော့လာ သလိုပဲ၊ မိဘတွေရဲ့ ဘက်စုံ အကျပ်အတည်းကြောင့် သားသမီးရဲ့ အခြေနေမှန်ကို သေချာ ဂရုမစိုက်နိုင်တော့တာတွေကလည်း လူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပါ တယ်။ ပြီးတော့ တက္ကသိုလ်တွေရဲ့ ၀န်းကျင်မှာ ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကြောင့်လဲ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းပညာရေးမှာ အရည်အသွေး ကျလာပါတယ်။ နောက်ဆုံးတော့ ကျူရှင်ဆိုတာကလည်း ဆရာ ဆရာမ ကို အပိုင်ကိုင်ပြီး စာမေးပွဲအောင်ဖို့ အတွက်သာ ဖြစ်ပြီးတော့ စာတတ်ဖို့ဆိုတဲ့ ရည်ရွယ် ချက် မပါတော့သလောက် ဖြစ်လာပါပြီ။

တကယ်တော့ မြန်မာနိုင်ငံလို ပြည်သူလူထုတွေ ဆင်းရဲတဲ့ နိုင်ငံမှာ ကျူရှင်ယူစရာ မလိုဘဲနဲ့ ပြည့်စုံတဲ့ ကျောင်းပညာရေးပဲ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုး ကြောင့် ကျောင်းပညာရေးကို သေသေချာချာ မရနိုင်တဲ့အခါမှာတော့ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ကျူရှင်ကို ကျောင်းပြင်ပ ပညာရေးတစ်ခု အနေနဲ့ သေသေ ချာချာ ကြိုးစား သင်ယူဖို့ပဲ ရှိပါတော့တယ်။ အဲလိုပဲ ဆရာ ဆရာမတွေ ဘက်ကလည်း အပို ငွေကုန်ခံပြီး ကျူရှင်ယူကြရတဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ပညာသင် ပေးသင့် သလို ကျူရှင်မယူနိုင်တဲ့ ကလေးတွေကိုလည်း ကျောင်းစာသင်ခန်းထဲမှာ တကယ် ပညာတတ်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆၊သြဂုတ်၂၀။

Monday, August 27, 2007

ပညာရေး အကျပ်အတည်း (၂၂)

ကျောင်းပြင်ပ ပညာရေးတွေကို ဆွေးနွေးရင်းအဝေးသင်ပညာရေးထဲက Online Education အကြောင်းဆွေးနွေးခဲ့ပါတယ်၊ တကယ်တော့ ပညာရေးမှာ Information Technology ခေတ်ရောက်ပြီလို့ ကြွေးကြော်နေတဲ့ လက်ရှိအစိုးရအနေနဲ့ သိပ္ပံနဲ့နည်းပညာ ကိုသာ ကျောင်းပညာရေးအတွက် တကယ် ထိထိရောက်ရောက် အားပေးမယ်ဆိုရင် မြန်မာနိုင်ငံက လူငယ်တွေဟာလည်း နိုင်ငံတကာ အဆင့်မီ ပညာရေးတွေကို ဆည်းပူး ရယူ နိုင်ကြမှာပါ။ မြန်မာနိုင်ငံရဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာကတော့ IT ထွန်းကားတဲ့အတွက် လူတိုင်း ကိုယ့်အရည်အချင်းရှိသလောက် ပညာကို အလွယ်တကူ သင်ယူခွင့် ရနေတာမို့လို့ ပညာရေးအဆင့်မှာ မြန်မာနိုင်ငံထက် အများကြီး သာသွားတာပါ။



အခု မြန်မာနိုင်ငံမှာကတော့ စာသင်ခန်းတွေ ဆီမှာလဲ ထိရောက်တဲ့ပညာရေးကို မရ ၊ Internet ကနေလည်း လေ့လာခွင့်မရတဲ့အခါမှာ ကျောင်းသားတွေရဲ့ အားကိုးရာက ကျူရှင်တွေ ဖြစ်လာတာပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတာက ကျောင်းပြင်ပ ပညာရေး တမျိုးလို ဖြစ်လာပြီ လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ ကျူရှင်အကြောင်းဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတဲ့ ဝေါဟာရက ၁၉၇၀လောက်ကစပြီး တွင်ကျယ်လာခဲ့ပါတယ်။ အစပျိုးတာကတော့ အခြေခံပညာ ကျောင်းတွေကပါ။ မိဘနှစ်ပါးလုံး အလုပ်လုပ်ကြရတဲ့ ခေတ်ကို ရောက်လာတာနဲ့အတူ ကလေးပညာရေးကို မိဘက အချိန်မပေးနိုင်ကြတော့တဲ့ အတွက် ကလေးတွေကို စာတော်ဖို့ သူတို့ အတန်းပိုင် ဆရာ ဆရာမဆီ အချိန်ပို သင်ဖို့ အပ်ရာကနေ ကျူရှင်တွေ ပေါ်လာတာပါ။ မဆလခေတ်မှာ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာပြီး ၀န်ထမ်းတွေ လစာနဲ့ ကုန်ကျစရိတ် မလောက်မငှ ဖြစ်လာရာကနေ အပိုဝင်ငွေရတဲ့ အလုပ်ပိုတွေလုပ်လာကြရပါတယ်။ ဒီလိုနဲ့ ဆရာတွေလည်း ကျူရှင်ပြတဲ့ အပိုအလုပ်ကို လုပ်လာကြရတာပါပဲ။ အထူးသဖြင့်တော့ ဆေးတက္ကသိုလ်တို့ စက်မှုတက္ကသိုလ်တို့လို အမှတ်ကောင်းမှ ၀င်ခွင့်ရတဲ့ ကျောင်းမျိုးဝင်ခွင့် ရဖို့အတွက် ၁၀တန်းစာမေးပွဲ အမှတ်က အဓိက ကျလာတဲ့အခါမှာ ကျောင်းမှာသင်တာနဲ့ မလုံလောက် တော့ဘူးလို့ ယူဆလာကြတယ်။ အဲဒါကြောင့် ကျူရှင်တွေ အများကြီး ထွန်းကားလာတာ ပါပဲ။ အစောပိုင်းတုန်းက ကျောင်းက ဆရာ ဆရာမတွေပဲ ကျူရှင်သင်ရာကနေ နောက်ပိုင်း မှာ ပြင်ပကျူရှင်တွေပါ ရှိလာရာက ၁၉၇၅ခုနှစ်လောက်မှာ အစိုးရက တရားဝင် မှတ်ပုံတင်ပြီး ကျူရှင်ဖွင့်ခွင့်ပေးခဲ့ပါတယ်၊ အဲဒီကျူရှင်တွေဟာ ၁၉၉၀နောက်ပိုင်းမှာတော့ ၀ိုင်းဆိုပြီးတော့ လူ ၁၀ယောက်သာ အများဆုံး လက်ခံပြီး သင်တန်းကြေးလည်း အများကြီးပေးရတဲ့ ပုံစံကို ပြောင်းသွားပါတယ်။

၂၀၀၀ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ အခြေခံပညာရေးမှာ ကျောင်းတွင်း သင်ကြားမှု အခြေအနေဟာ တော်တော် ဆုတ်ယုတ်လာပါတယ်။ ကျောင်းဆရာတွေရဲ့ လစာ နည်းပါးမှုကြောင့် ဆရာတွေဟာ စာသင်ခန်းကို စိတ်ဝင်စားမှု နည်းလာပါတယ်။ ကျောင်းသားတွေဘက်ကလည်း ဆရာတွေအပေါ် အားမရတာမျိုး အပြန်အလှန် ဖြစ်လာပါတယ်။ အဲဒီအပြင် ခေတ်စနစ်ရဲ့ အထွေထွေ အကျပ်အတည်းနဲ့ အခြေခံပညာ အထက်တန်းရဲ့ ဘာသာရပ်များတဲ့ အခက်အခဲတွေ အင်္ဂလိပ်လိုသင်တဲ့ ပြဿနာ တွေကြောင့် မိဘက သားသမီးပညာရေးကို မကူနိုင်တော့ပါဘူး။ အဲလိုနဲ့ ကျောင်းသားတွေ ကို အချိန်ပြည့် ဂရုစိုက်ပေးနိုင်တဲ့ ကျောင်းအိပ် ကျောင်းစား ဘော်ဒါတွေ ပေါ်လာပါတယ်၊ ၂၀၀၀ပြည့်နှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ သားသမီးတွေကို ဘော်ဒါကျောင်း ထားတာ ခေတ်စားလာပါတယ်။ ဘော်ဒါကျောင်းတချို့ကတော့ တကယ်ပဲ ကလေးတွေကို ကျောင်းနေ ပျော်ပြီး စာတော်စေတယ် လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

တကယ်တော့ ကလေးတွေ ကျောင်းနေပျော်ပြီး စာတော်စေရေးဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရနဲ့ ကျောင်းဆရာတွေမှာ အထူး တာဝန်ရှိတာပါ။ အခုတော့ ကလေးတွေက ကျူရှင်တွေမှာ ဘော်ဒါကျောင်းတွေမှာပဲ ပျော်နေကြပါတယ်။ ဒါပေမယ့် အဲလို ပျော်ခွင့်ရတာကလည်း တကယ့် လူနည်းစုလေးပါပဲ။ ကျူရှင်တွေ ဘော်ဒါတွေရဲ့ စရိတ်က သိပ်များတာမို့လို့ သာမန် လူထုလူတန်းစားက သားသမီးတွေခမျာ အနားတောင် မကပ်နိုင်ကြပါဘူး။ အခု ၂၀၀၆-၂၀၀ရ ပညာသင်နှစ်အတွက်ဆိုရင် ၀ိုင်းကြေးက ဘာသာစုံ ၁၀ယောက်ဝိုင်း တစ်ဝိုင်းကို အနည်းဆုံး ကျပ်၁၀သိန်း ရှိပါတယ်။ တစ်ယောက်ချင်း ကျူရှင်ခက တစ်လကို ၁သိန်းခွဲ လောက်ရှိတာပါ။ ဘော်ဒါတွေကတော့ ကျောင်းသားကို အစားအသောက်ကအစ ကျန်းမာရေး အဆုံးကြည့်ပေးတာမို့လို့ တစ်နှစ်ကို အနည်းဆုံး ဘော်ဒါကျောင်းကတောင် ၁၂သိန်းပေးရတယ်လို့ ဆိုပါတယ်။ အဲဒီလောက် ငွေကြေး အကုန်အကျ များတဲ့ ပညာရေးကို မြန်မာနိုင်ငံမှာ လူနည်းစုသာ တတ်နိုင်ကြပါတယ်။ အများအားဖြင့်ကတော့ ပြည်ပမှာ အလုပ်လုပ်ပြီး သားသမီးလည်း နည်းတဲ့သူတွေသာ တတ်နိုင်တာပါ။

သာမန်ဝန်ထမ်းသားသမီးလို ကျူရှင်အတွက် ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေကတော့ အများစုတက်နိုင်တဲ့ တန်းခွဲကျူရှင်တွေမှာ တက်ကြရပါတယ်။ အဲဒီ ကျူရှင်တွေမှာတောင် မှ သင်တန်းကြေးက အနည်းဆုံး တစ်ယောက်ကို တစ်လ ၆သောင်းရှိပါတယ်။ တစ်နှစ်ကို အနည်းဆုံး ၆သိန်း ၇သိန်းတော့ ကုန်မှာပါ။ အဲဒီလောက် အကုန်အကျခံထားရတဲ့ ပညာရေးရဲ့ ဦးတည်ချက်ကရော တကယ်တန်ဖိုးရှိရဲ့လား၊ တကယ်ရော အသုံးကျရဲ့လားဆိုတာကလည်း စဉ်းစားဖို့ ကောင်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် မေလမှာတော့ အာဏာပိုင်တွေက ကျောင်းဆရာဆရာမတွေ ကျူရှင် မပြရဘူး၊ပြရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အမိန့်ထုတ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ကျောင်းတချို့ကိုလဲ စစ်ဆေးပြီး ပိတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကလေးတွေရဲ့ ပညာရေး အတွက် တကယ်လည်း လိုအပ်နေတဲ့ ကျူရှင် ယဉ်ကျေးမှု ကတော့ ရှိနေရတုန်းပါပဲ။ ပိုဆိုးတာကတော့ ခုချိန်မှာ ကျူရှင်ဆိုတာက တက္ကသိုလ်အဆင့်၊ မဟာဘွဲ့အဆင့်တွေထိပါ ရှိနေတာပါပဲ။

တကယ်တော့ ကျောင်းသားတွေ ကျောင်းမတက်ဘဲ ကျူရှင်တွေပဲ တက်နေလို့ ကျူရှင်တွေ ပိတ်ပစ်ရမယ်ဆိုတာထက် ကျောင်းမှာ စာကို ဂရုတစိုက်သင်ပေးဖို့နဲ့ ဆရာ ဆရာမတွေ စားဝတ်နေရေး မပူပင်ရဘဲ စာကောင်းကောင်း သင်ပေးနိုင်အောင် ပံ့ပိုးပေးဖို့ကသာ အစိုးရတွေရဲ့ အခြေခံကျတဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၆)


Sunday, August 26, 2007

ပညာရေး အကျပ်အတည်း (၂၁)

ဒီတစ်ပတ်တော့ Non-formal Education ထဲက အဝေးသင်ပညာရေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈အထိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် လက်အောက်ခံ စာပေးစာယူသင်တန်းဆိုတာ ရှိခဲ့ပါတယ်။ အဲဒီကနေ စာစဉ်တွေဖြေ စာမေးပွဲတွေ ဖြေပြီး ဘွဲ့ ယူနိုင်ပါတယ်။ ၁၉၈၈နောက်ပိုင်းမှာတော့ တက္ကသိုလ် ကျောင်းတွေ နှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ကစပြီး စာပေးစာယူသင်တန်းဌာနကို အဆင့်မြင့်ပညာဌာန လက်အောက်ခံ အဝေးသင်ကောလိပ်လို့ ပြောင်းခဲ့ပါတယ်။ အခုတော့ သီးခြား တက္ကသိုလ်ကြီးတစ်ခုအနေနဲ့ အဝေးသင်တက္ကသိုလ်ဖြစ်နေပါပြီ။ အစတုန်းက ၀ိဇ္ဇာ သိပ္ပံ ဘာသာတွဲတွေပဲ ရှိရာကနေ တဖြည်းဖြည်း တိုးလာလိုက်တာ အခုဆိုရင် သက်မွေး ၀မ်းကျောင်း တက္ကသိုလ်အဆင့်ဖြစ်တဲ့ စီးပွားရေးပညာတို့၊ ဥပဒေပညာတို့လို ဘာသာရပ် တွေကိုတောင် အဝေးသင် အဖြစ်နဲ့ ဘွဲ့ပေးနေပါပြီ။

အဝေးသင်ပညာရေးက ငွေကြေးများများ မတတ်နိုင်တဲ့ လူတွေနဲ့ အလုပ်လုပ်ရင်း ကျောင်းတက်ချင်တဲ့ လူတွေအတွက် သိပ်အဆင်ပြေတဲ့ ပညာရေးပါ။ နိုင်ငံတနိုင်ငံအတွက် ရှိသင့်တဲ့ ပညာရေးမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၀၁မှာ ဗိုလ်ချုပ်ခင်ညွန့်စခဲ့တဲ့ အမျိုးသား ပညာရည် မြင့်မားမှု နှစ်ရှည် နှစ်၃၀စီမံကိန်း ထဲမှာတောင်

-အဝေးသင်ပညာရေးစနစ်ကို တိုးချဲ့ပြီး လွတ်လပ်သောတက္ကသိုလ်ပညာရေးအဖြစ် ပြောင်းလဲရေးအတွက် ထိရောက်သော နည်းလမ်းများရှာဖွေရန်။
-နည်းပညာများအသုံးပြု၍ အဆုံးမရှိပညာသင်ကြားနိုင်မည့် အခွင့်အရေးများကို စီစဉ်ပေးရန်။

ဆိုတဲ့အချက်တွေကို အသေအချာ ထည့်ပြီး ရေးဆွဲထားတာ တွေ့ရပါတယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ အဝေးသင်ပညာရေးကနေ နှစ်စဉ် ဘွဲ့ရတွေ အရေအတွက် အများကြီး ထုတ်လုပ်ပေးနေတယ်လို့ ပြောရမှာပါ။

နိုင်ငံတကာမှာတော့ အဝေးသင်ပညာရေးဆိုတာ Online Education ပါပဲ။ Internet ကို သုံးပြီးတော့ ကိုယ့်ဘာသာ သင်ယူရတာပါ။ သတ်မှတ်ပေးထားတဲ့ အချိန်ဇယားတွေ အတိုင်း သင်ခန်းစာတွေယူပြီး အပတ်စဉ်လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ ပြီးတော့မှ လိုအပ်ရင် အနီးကပ် ဆွေးနွေးတန်းတွေ သွားတက်ပြီး စာမေးပွဲ ဖြေရပါတယ်။ ဒီလိုနဲ့ ဘယ်သူမဆို အလုပ်ချိန်တွေကို မထိခိုက်လှဘဲ ဘွဲ့ယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဆက်သွယ်ရေးနည်းပညာ သိပ်မဖွံ့ဖြိုးမတိုးတက်သေးတာကြောင့်ရော လူတိုင်း အင်တာနက် မသုံးနိုင်တာကြောင့်ရော နိုင်ငံတကာက Online Education တွေကို လုပ်ခွင့်မရနိုင်ကြပါဘူး။

မြန်မာနိုင်ငံက အဝေးသင်ပညာရေးစနစ်မှာတော့ ၀ိဇ္ဇာဘာသာရပ်အဓိက ကျောင်းသား တွေဟာ တနှစ်ပတ်လုံး စာကို မမြင်ဖူးကြဘဲ စာမေးပွဲနီးမှ ၁၀ရက် အနီးကပ် သင်တန်း ဆိုပြီး တက်ကြရပါတယ်။ ပြီးတာနဲ့ စာမေးပွဲစစ်တာမို့ ကျောင်းသားတွေအနေနဲ့ ဘယ်လိုမှ ပညာမတတ်နိုင်ပါဘူး။ ပိုဆိုးတာကတော့ အဝေးသင်ဌာနက ကျောင်းသားတွေအတွက် လေ့လာရမယ့် စာအုပ်စာတမ်းကို ပြည့်စုံအောင် ထုတ်မပေးဘဲ ချန်ထားတာတို့၊ စာစဉ်တွေကို အခကြေးငွေယူပြီး ဖြေပေးတာတို့ လုပ်တဲ့အတွက် ကျောင်းသားတွေက ကျောင်းစာနဲ့ နဲနဲမှ မနီးစပ်တော့ပါဘူး။

အဝေးသင်ပညာရေးရဲ့ နောက်ထပ် ချို့ယွင်းချက်တွေကတော့ ကျောင်းသားတွေအတွက် ပို့ချချက်လမ်းညွှန်ဆိုတဲ့ စာအုပ်တွေကို ထုတ်ပေးထားတဲ့အပြင် အဆင်သင့် စာပြင်ထားတဲ့ အဖြေစာအုပ်တွေကို လေ့လာမှုလမ်းညွှန်ဆိုပြီး ထပ်ထုတ်ပြီးတော့ ကျောင်းသားတွေကို အလွယ်လမ်း လိုက်အောင် လုပ်ပေးထားပါတယ်။ ဒါကြောင့် ကျောင်းသားတွေက စာမဖတ်တော့ပါဘူး။ ဒီလိုပဲ ဆရာဆရာမတွေကလဲ စာသင်ဖို့ အထူးတလည် မပြင်ဆင် ကြတော့ပါဘူး။ ပိုဆိုးတဲ့ ပြဿနာတစ်ခုကတော့ မြန်မာစာကလွဲပြီး ကျန်တဲ့ ဘာသာတိုင်း ကို အင်္ဂလိပ်လို သင်တဲ့အတွက် အခြေခံပညာရေးထဲမှာ အင်္ဂလိပ်စာအခြေခံ မကောင်းခဲ့ကြရတဲ့ သူတွေအနေနဲ့ ဒုက္ခရောက်ကြရတော့တာပါပဲ။ ဒါပေမဲ့ အောင်ချက်နှုန်း ကောင်းရမယ် ဆိုတဲ့မူကြောင့် ဘယ်လိုဖြေဖြေ အောင်တာမျိုးမို့လို့ ပညာသင်နှစ် တစ်နှစ်မှာ ကျောင်းသားဟာ မေးခွန်းအရ ၆ပုဒ်ဖြေရမယ့် တစ်ဘာသာကို စာ၅ပုဒ်ပဲ ကျက်ပြီး ၃ပုဒ်လောက် ဖြေထားရင်ကို စာမေးပွဲအောင်တဲ့ အခြေနေထိ ရောက်လာပါတယ်။

အဲလိုနဲ့ ၁၉၉၅နောက်ပိုင်းကစပြီး အဝေးသင်ပညာရေးအခြေနေ ဆုတ်ယုတ်လာခဲ့တာ ၁၉၉၈ခုနှစ်မှာတော့ အဝေးသင်စာမေးပွဲတွေရဲ့ သမိုင်းမှာ အဆိုးဆုံးဖြစ်တဲ့ စာမေးပွဲကို ခိုးကူးဖြေလို့ရတဲ့ ပြဿနာ စလာတာပါပဲ။ အဲဒီနှစ်မှာပဲ စာမေးပွဲမှာ ကျောင်းသား စာခိုးချတာကို မဖမ်းရဘူး၊ ဖမ်းလို့ ပြဿနာတက်ရင် ဆရာသာ အလုပ်ထွက်ရမယ်ဆိုတဲ့ နှုတ်မိန့်ကို ပညာရေးဝန်ကြီးကတဆင့် သက်ဆိုင်ရာ ပါမောက္ခတွေ ကျောင်းအာဏာပိုင် တွေက တရားဝင် ပြောခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပဲ ကျောင်းသားအများစုက ခိုးချဖြေတဲ့လမ်းကို ပို ရွေးလာကြပါတယ်။ ၂၀၀၀ခု နောက်ပိုင်းမှာတော့ အဲဒီပြဿနာက ပုံမှန်တက္ကသိုလ် ပညာရေးနယ်ပယ်အထိ ကူးစက်ပျံ့နှံ့ သွားပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်တွေမှာ ပညာရေးဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ စာရိတ္တပါ ဆုတ်ယုတ် ပျက်စီးလာပါတယ်။ ဒါဟာ ပညာရေးစနစ်တခု လျော့လျဲမှုရဲ့ အကျိုးဆက်ပါပဲ။

၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှာတော့ နှစ်၃၀စီမံကိန်းရဲ့ ပထမ ၅နှစ် လုပ်ငန်းစဉ် အနေနဲ့ အဝေးသင်ကျောင်းသားတွေအတွက် မြို့နယ်အလိုက် Multi-media Room တွေ ဖွင့်ပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ လမ်းပမ်းသွားလာရေး အခက်အခဲ၊ လျှပ်စစ်မီး မလာတဲ့ အခက်အခဲတွေ ရှိတဲ့အပြင် ပုံမှန်ဖွင့်ပေးတာမျိုးလည်း မရှိတာကြောင့် သင်ယူရေးအတွက် ထိရောက်တဲ့ အကူအညီမျိုး မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးဟာ နှစ်တိုင်းနှစ်တိုင်း သင်ကြားရေးသင်ယူရေးတွေမှာ ချိချိနဲ့နဲ့ နဲ့ အောင်ချက်ကတော့ဖြင့် ထိပ်တန်း ရောက်နေတုန်းပဲ ဖြစ်ပါတယ်။ ပညာသေချာ မတတ်တဲ့ ဘွဲ့ရတွေကိုလဲ အများကြီး ထုတ်လုပ်ပေးနေတုန်းပါ။

တကယ်တော့ အဝေးသင်ပညာရေးဟာ ကာယကံရှင်ရဲ့ အရည်အသွေးပေါ် မူတည်ပြီး တသက်လုံး သင်ယူသွားနိုင်တဲ့ ပညာရေးစနစ်မျိုးမို့လို့ နိုင်ငံတကာမှာတော့ သိပ်ကို အောင်မြင်နေတာပါ။ ကိုယ်နိုင်ရင်နိုင်သလို ဘွဲ့နှစ်မျိုးကိုတောင် တချိန်ထဲ ရနိုင် ယူနိုင် တာ ပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ ပြင်ပ ကမ္ဘာမှာ တကယ့်ကို ပညာခေတ်လို့ ကြွေးကြော်နိုင် လောက်အောင် ပညာတတ်တွေ ပညာရှင်တွေ ပေါ်ထွက်နေတာပါပဲ။ ဒါဟာ နည်းပညာ ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့်ရှိခြင်းတွေရဲ့ ကောင်းကျိုးတွေ ဖြစ်တဲ့အပြင် ကောင်းမွန်စနစ်ကျတဲ့ ပညာရေးပုံစံတွေကြောင့်ပါပဲ။

အဝေးသင်ပညာရေးဟာ ပညာလိုလားသူတွေအဖို့တော့ ကမ္ဘာ့ပညာခေတ်ကို ရင်ဆိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရများ ပညာရေး တာဝန်ရှိ လူကြီးများက အဝေးသင်ပညာရေးစနစ်ကို တန်ဖိုးရှိအောင် လက်တွေ့ အသုံးကျအောင် ဦးဆောင် ပြုပြင်စီစဉ်ပေးကြရမှာ ဖြစ်ပါတယ်ရှင်။

မေငြိမ်း
၈၊၈၊၀၆

Friday, August 24, 2007

နေနေရဲ့ ဒုတိယအတွေးများ

ဘလောဂါ့ နေနေ ရဲ့ ကလေးတွေ ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်နဲ့ နောက်ဆက်တွဲတွေးခေါ်ချက်တွေအကြောင်း ရေးထားတဲ့ ပို့စ် နဲ့ ခေတ်လူငယ်တို့နဲ့ ပညာရေးအတွေးတချို့ကို ကြိုက်လို့ ပြန်လည်တင်ပြလိုက်ပါတယ် ။

ဒုတိယအတွေး (သို့) ဥခွံဟောင်းကိုဖောက်ထွင်းခြင်း (ရေးသားသူ - နေနေ)

စာအုပ်အမည်။ ။ကလေးတို့မနက်ဖြန်
ရေးသူအမည်။ ။မောင်သစ်ဆင်း
ပုံနှိပ်တိုက်။ ။ဦးထွန်းလှိုင် (ချစ်စရာစာပေ)
ထုတ်ဝေသည့်ခုနှစ်။ ။၂၀၀၀
စာမူခွင့်ပြုချက်အမှတ်။ ။၃၇၇/၂၀၀၀ (၅)
မျက်နှာဖုံးခွင့်ပြုချက်။ ။၃၇၄ /၂၀၀၀ (၆)
အုပ်ရေ။ ။ပထမအကြိမ်၊ အုပ်ရေ (၁၀၀၀)
တန်ဖိုး။ ။၄၀၀


ဇွန်လ (၆) ရက် ၊

အထင်ကရသမိုင်းရက်စွဲတခုနဲ့ တိုက်ဆိုင်နေတဲ့ စိတ်ထဲကမှတ်မှတ်သားသားရက်စွဲတခုပါ၊ သစ်ပင်တွေဖူးသစ်ဝေနေချိန်၊ အဖြူ-အစိမ်း၊ မိုးဖွဲဖွဲ၊ ထမင်းချိုင့်၊ ရေလျှံလမ်း စသည့် အရိပ်များ တခုချင်းအာရုံမှာပြန်ပေါ်လာသည်။ အလယ်တန်း၊ အထက် တန်းကျောင်းသားဘ၀၊ သူငယ်ချင်းတွေရော ဆရာတွေပါ စုံစုံလင်လင်ပြန်တွေ့ရတဲ့ ပထမဆုံးစာသင်ရက်။ ကျောင်းမှတ်စု စာအုပ်မာတိကာမှာ ပထမဆုံးရေးဖြစ်တဲ့ နေ့စွဲ။ ပြောရရင် သင်္ကြန်လွန်ကတည်းက ကျနော်တို့တသိုက် ကျောင်းဖွင့်ရက်ကို ကြိုကြပြီ၊ လွယ်အိတ်အသစ်၊ ထီးအသစ်၊ ဖိနပ်အသစ်၊ ကျောင်းဝတ်စုံအသစ်။ မိဘတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး စကား လုံးများ။ စိန်ပန်းတွေမရှိပေမယ့် ကျနော်တို့ကကျောင်းဖွင့်ချိန်ဆိုရင် ရင်ခုန်သည်။

ကျောင်းကိုရင်ခုန်သော ကျနော်သည် စာလည်းတော်ခဲ့ပါသည်။ ဆရာ၊ ဆရာမတွေကလည်း ချစ်ကြပါသည်။ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်မိသဖြင့် လူတကာဂုဏ်ယူသော တက္ကသိုလ်တခုတွင် နှစ်အတန်ကြာ ကုန်ဆုံးခဲ့ဖူးပါသည်။ ၀န်ခံရလျှင် ကျနော်သည် တက္ကသိုလ်ရောက်ပြီး နှစ်အနည်းငယ်ကြာမှ သင်နေသောစာနှင့် ကျနော် ဘယ်လိုမှမသက်ဆိုင်ကြောင်း သိလိုက်ရသော်လည်း ဘာမှမတတ်နိုင်တော့ပါ။ ဒီအဖြစ်အပျက်မျိုးကို ကျနော်တို့ခေတ်တွင် လူငယ်တော်တော်များများ ဆုံခဲ့ ကြမည်ဟုပြောရပါမည်။ နယ်ကျောင်းသား ကျနော်တို့အတွက် အားကျစရာ၊ အတုယူစရာ၊ ရွေးချယ်စရာရှားပါးလှသည်။ ထို့ကြောင့် တချို့တလေ စစ်ဗိုလ်ဖြစ်ကုန်ကြသည်။ အများစုမှာ ရရာဘာသာရပ်နှင့် ကျောင်းပြီးအောင်တတ်ပြီး၊ မိဘလုပ်ငန်း တွင်သာ ၀င်ကူကြသည်။ သင်္ချာဘွဲ့ရ ဆိုက္ကားဆရာ၊ အင်ဂျင်နီယာဘွဲ့ရ ဒရိုင်ဘာ၊ ကျနော်တို့မျိုးဆက်များ အထိနာကြသည်။ တိုင်းပြည်နစ်နာပါသည်။

(၁)

“ကလေးတို့မနက်ဖြန်”။ ဒီစာအုပ်ကလေးကို မြင်ဖူးတာကြာလှပြီ။ စာရေးသူ ဆရာမောင်သစ်ဆင်းဖြစ်သည်။ အရင်က တခါမှ မလှန်ကြည့်ဖူးခဲ့။ မျက်နှာဖုံးမှာတန်းစီရေးထားတဲ့ စာကြောင်းတွေထဲက ပညာလူ့အဖွဲ့အစည်းဆိုသောစာသားက ဆွဲဆောင် သွားသည်။ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်း စသောစကားလုံးများကို နောက်ပိုင်းမဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်တွေ့လာရသဖြင့် ရင်းနှီးနေသည်။ သို့သော် ဆရာမောင်သစ်ဆင်း၏စာအုပ်က သင့်ဘ၀မဂ္ဂဇင်းမှာပါဖူးတဲ့ မျက်နှာဖုံးဆောင်းပါး (၅) ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ လွန်ခဲ့သော (၁၀) နှစ်တ၀ိုက်က လူငယ်များကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သော ဆောင်းပါး အဟောင်းများသာ။ သို့သော် –

(၂)

၁၉၀၀ ပြည့်၊ အီတလီနွေဦး။
စာမေးပွဲအတွက် စနစ်တကျလေ့ကျင့်ပေးထားသော ကလေးလေးတစု စာမေးပွဲကို ရင်ခုန်နေကြသည်။ ဆရာတွေလည်း ရင်ခုန်နေကြသည်။ ဆရာတွေရဲ့ရင်ခုန်သံမှာ မခံချင်စိတ်တွေ၊ စနိုးစနောင့်ဖြစ်မှုတွေနှင့်။ “ငါတို့ကျောင်းက ကလေးတွေနဲ့ စိတ်ရောဂါဆေးရုံးက ကလေးတွေကို မေးခွန်းတခုတည်း၊ တနေရာတည်း၊ တချိန်တည်းမှာ စာမေးပွဲ စစ်ရမလားပေါ့။ အရူး လေးတွေနဲ့ ငါတို့ကလေးတွေကို တန်းတူရည်တူပြိုင်ခိုင်းသလိုဖြစ်နေပြီ။ သိက္ခာကျစရာ၊ ရှက်စရာကောင်းလိုက်တာ”။ စိတ် ရောဂါဆေးရုံးက ကလေးတွေ စာမေးပွဲခန်းထဲဝင်လာပုံကလည်း ကျောင်းက ကလေးတွေလိုငြိမ်ငြိမ်ဝပ်ဝပ်၊ ပိပိပြားပြား မဟုတ်။ ဆူဆူညံညံ။ ကလေးဆိုရင် ရို့ကျိုးတတ်မှလို့မြင်တဲ့ ဆရာတွေကတော့ ဒေါက်တာမွန်တက်ဆိုရီရဲ့ “ကံမကောင်း အကြောင်းမလှတဲ့ကလေးတွေ” ကို မျက်မှောင်ကျုံ့နေကြမည်။

သို့သော် စာမေးပွဲရမှတ်တွေကို ကြည့်လိုက်တော့ အားလုံးမျက်ပြူးဆံပြာဖြစ်ကုန်သည်။ လူစဉ်မမီလေးတွေလို့ အထင်သေးခဲ့ တဲ့ စိတ်ရောဂါကုဆေးရုံက ကလေးတွေနှင့် စနစ်တကျပုံသွင်းထားတဲ့ကျောင်းက ကလေးတွေ ရမှတ်တူနေကြသည်။ ဘယ်လို ဖြစ်တာလဲ။ ဒေါက်တာမွန်တက်ဆိုရီကို ၀ိုင်းဝန်းချီးကျူးကြသည်။ လူစဉ်မမီလေးတွေကို ပုံမှန်ကလေးတွေလောက် အမှတ်ရ အောင် ဘယ်လိုများလေ့ကျင့်ပေးခဲ့သလဲပေါ့။ ဒေါက်တာက အေးအေးဆေးဆေးပြန်ဖြေသည်။

“ကျမဘာမှ ထူးထူးခြားခြားမလုပ်ပါဘူး။ ကလေးသဘာဝကို နားလည်အောင်ကြိုးစားပြီး သူတို့သဘာဝနဲ့ကိုက်ညီတဲ့ ပညာ ရေးကို ရှာဖွေတာပါပဲ။ ကျမလည်း တခုမေးချင်ပါတယ်။ ကျမရဲ့ ကံမကောင်း အကြောင်းမလှရှာတဲ့ ကလေးတွေနဲ့ တန်းတူ ရည်တူဖြစ်သွားအောင် အဲဒီ အကောင်းပကတိ ပုံမှန်ကလေးတွေကို ဆရာတို့ ဘယ်လိုလုပ်လိုက်ကြတာလဲ”။ ဆရာအားလုံး- ပါးစပ်အဟောင်းသား၊

(၃)

အီတလီနွေဦးရဲ့ အားသစ်တွေက ရင်ထဲလှုပ်ခတ်လန်းဆန်းသွားသည်။ ဘုန်းကြီးကျောင်းပညာရေး ယဉ်ကျေးမှုအရိပ်အောက် မှ မလွတ်သေးသော ကျနော်တို့ကျောင်းတွေအကြောင်း ပြန်မြင်လာသည်။ ကလေးဆိုရင် စာတော်မှ၊ စည်းကမ်းရှိမှ၊ ရို့ကျိုးမှ၊ အမိန့်နာခံတတ်မှဆိုတဲ့ အရိုးစွဲနေသော တရားသေသတ်မှတ်ချက်တွေ၊ မြန်မာ့လူ့အဖွဲ့အစည်းမှာသာမက တခြားလူ့အဖွဲ့ အစည်းမှာပါ အတိတ်ကရှိခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် (၁၀၀) လောက်က သူတို့ဆီမှာ ဒီအစဉ်အလာကြီးကို စတင် တော်လှန်သူတွေရှိနေပြီ။ “ကျောင်းသည် ပုံစံတူ ၀က်အူချောင်းထုတ်စက်ရုံများမဖြစ်သင့်” ဟု သူတို့အတွေး တော်လှန်နေကြ ပြီ။ ကျနော်တို့ဆီမှာရောလို့ ဆက်တွေးကြည့်တော့ အားမရ။

“ကလေးသည်သာအရာရာလို့ သတ်မှတ်တဲ့ကျောင်း”။ ပညာရေးလောကသားအားလုံးနှင့် ယဉ်ပါးနေတဲ့ စကားလုံးဖြစ်မည်။ သို့သော် လက်တွေ့တွင် ကျနော်တို့ ဘယ်လောက်လက်ခံကျင့်သုံးနေကြပြီလဲ။ “ကလေးတွေကို လိမ္မာယဉ်ကျေးပြီး စာတော် အောင်ဘယ်လိုပုံသွင်းမလဲ”။

ဆရာမအဖြေက ရှင်းလင်းတိကျသည်။ “ကလေးတွေဟာ ရွံ့ရုပ်တွေ၊ ဖယောင်းရုပ်တွေမဟုတ်တဲ့အတွက် ပုံမသွင်းနိုင်ပါဘူး တဲ့။ သူတို့လေးတွေရဲ့ ပင်ကိုယ်ဖြစ်နိုင်စွမ်းတွေကို သဘာဝအတိုင်းဖွံ့ဖြိုးလာအောင် ကူညီဖို့ပါ” တဲ့။

“လူဆိုတာ ပုံစံတူတွေမဟုတ်ပါဘူး။ ကျမတို့ကျောင်းက ပုံစံတူလူရုပ်တွေထုတ်တဲ့ကျောင်းမဟုတ်ပါဘူး။ လူတိုင်းကိုယ့်သီးခြား လက္ခဏာနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ကြိုးစားလုပ်ဆောင်နိုင်တဲ့ကျောင်းပါ”တဲ့။
“ ကလေးရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပတ်ဝန်းကျင်ရယ်၊ လွတ်လပ်မှုရယ် ဒီနှစ်ခုအရေးကြီးတယ်။ ငြိမ်နေတဲ့ ကလေးဟာ စိုးရိမ်ဖို့ ကောင်းတယ်” တဲ့၊

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း (ရေးသားသူ - နေနေ)

တက္ကသိုလ်တုန်းက စာအင်မတန်ဖတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ်။ ကျနော်တို့ခေတ် ပညာရေးစနစ်ညံ့ဖျင်းတာ၊ ဆရာ တွေ ညံ့ဖျင်းတာကိုပြောကြရင်းနဲ့ သူက စဉ်းစားစရာစကားတခွန်းပြောတယ်။ “တကယ်လို့ ကျောင်းပြီးလို့ ဒီကျောင်းမှာ ကထိ ကဖြစ်လာခဲ့ရင် မင်းဘာတွေကို သင်မလဲတဲ့”။ သူပြောချင်တာရှင်းပါတယ်။ ကျနော်တို့ တတ်သလောက် မှတ်သလောက်လေး ကိုပဲ ကျနော်တို့လောက်မတတ်ပေမယ့် မျှော်လင့်ချက်ကြီးတဲ့ကလေးတွေကို ကျနော်တို့သင်ဖြစ်ဖို့များပါတယ်။ ဒါဆိုရင် ကလေးတွေခေတ်ကျရင်၊ ကျနော်တို့လိုခံစားချက်မျိုးပြန်ပေါ်လာဦးမှာပဲ။ ဆက်တွေးကြည့်တော့ အင်မတန်ကြောက်စရာ ကောင်းတဲ့ ကွင်းဆက်တခုကို မြင်လာတယ်။

- - အဟောင်း
- - အဟောင်း
--အဟောင်း

ခေါင်းထဲစဉ်းစားမိသမျှ ဘာအဟောင်း၊ ညာအဟောင်း အစုံပါပဲ။ သွေးသစ်လောင်းထားတဲ့ အဟောင်းသံသရာများ ဘယ် တော့ဆုံးမလဲ။ ကမ္ဘာကြီးကို ကျနော်တို့ မျက်ချည်ပြတ်ဖူးပြီ။ ရှေးမင်းများကို ကျနော်တို့အပြစ်တင်ကြဖူးပြီ။ ဥခွံဟောင်းထဲမှ ကြည့်လျှင် မြင်မြင်သမျှ ၀ါကျင်ကျင်ဖြစ်နေတော့မည်။ ဒီနေရာမှာ ဒေါက်တာသန်းထွန်းပြောတဲ့ စကားတခွန်းလောက် ကိုး ကားသင့်တယ်ထင်ပါတယ်။ “ကိုယ်ရေးထားတဲ့စာကို နှစ်တချို့လောက်ကြာရင် ပြန်ဖတ်ကြည့်ကွ။ ဘာမှပြောစရာ၊ ပြင်စရာ မရှိ။ အိုကေဆိုရင် သေချာပြီ။ ဒီနှစ်အတွင်းမှာ မင်းဘာစာမှမဖတ်လို့၊ ဘာအလုပ်မှမလုပ်လို့ပဲ”တဲ့။ ခံစားမှုအဟောင်းနှင့် ချဉ်းကပ်မှုအဟောင်းကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ရော၊ မျိုးဆက်ဟောင်းတွေရော အမြင်ကျယ်ကျယ် ဖွင့်ကြရတော့မည့် အချိန်လို့မြင်လာတယ်။ အာရုံသစ်ခံစားမှုကို ကျနော်တို့မျိုးဆက်များ ရင်ခုန်ကြပါသည်။ မျိုးဆက်ဟောင်းများလည်း ရင်ခုန် မည် ထင်ပါသည်။ တနည်းအားဖြင့် “မြနန္ဒာ” သီချင်းကို ကျနော်တို့ဆိုပါတော့မည်။ အဟောင်းအတိုင်းတော့ အတိအကျ မ ဟုတ်။ လက်ခုပ်ဝိုင်းတီးပေးကြဖို့ပါ။

Thursday, August 23, 2007

ကျွန်တော်ကြိုက်သော စာမေးပွဲ စံနစ်တစ်ခု

ကျွန်တော် ကြုံလိုက်ရတဲ့ စာမေးပွဲ စံနစ်လေး တစ်ခုကို ပြောပြ ချင်ပါတယ်။ စာမေးပွဲခန်းမှာ စာသင်တာ ကြုံဖူးကြပါသလား ခင်ဗျာ။ အင်မတန် ချစ်ဖို့ကောင်းတဲ့ နည်းလေးပါ။ ကျွန်တော်တို့ ဋ္ဌာန က လုပ်တာပါ။ တစ်ခြားမှာ ရှိမရှိတော့ မသိပါခင်ဗျာ။
ဒီမှာ စာမေးပွဲဖြေရင် ဆရာတချို့က equations များကို open လုပ်ပါတယ်။ လုပ်ပုံကလဲ ချစ်စရာကောင်းပါတယ်။ ကိုယ်အသုံးလိုမယ်ထင်တဲ့ equations များကို blackboard မှာ မည်သူမဆို ထွက်ရေးထားနိုင်ပါတယ်။ ဒါက open book system ထက်ကို ပိုကောင်းပါတယ်။ အားလုံး တပြေးညီ ဖြစ်နေတာပေါ့နော်။ နို့မို့ဆို စာအုပ်စုံတဲ့သူက သာနေမှာလေ။
မေးခွန်းတွေကို ဆရာ့ဆီမှာ သွားရွေးရပါတယ်။ မှောက်ထားပါတယ်။ တစ်စောင်ကို ၃ ပုဒ် လောက် ပါလေ့ရှိပါတယ်။ များများစားစား တွက်ရတယ်လို့ မရှိပါ သီအိုရီသိရင် လက်တန်းတွက်လို့ရပါတယ်။ ဂဏန်းတွေက စိတ်တွက်နဲ့တွက်ရအောင် လွယ်တာပဲပေးထားပါတယ်( အင်ဂျင်နီယာ ၃ ၄ ၅ တန်းများ )။ ပြီးတော့ တချို့ လူများက စာအုပ်များ ခိုးကြည့်တတ်ကြပါတယ်။ အချင်းချင်း တိုင်ပင် တတ်ကြပါတယ်။ တချို့ ဆရာနဲ့ဆိုမရပါ။ အဲ မပြောတဲ့ ဆရာက ပိုဆိုးပါတယ်။ စစ်ပြီဆိုရင် ဆရာ ၃ ၄ ယောက် စစ်ပါတယ်။ ကျောင်းသားတွေက အဖြေလွှာကို ထပ်လို့ မရပါ။ လူကိုယ်တိုင် အမေးခံရပါတယ်။ မေးခွန်း ၃ ခု ကို ဆီမက်စတာ တစ်ခုလုံး သင်ထားသမျှ ကနေ အကုန်လုံး စုံအောင် မေးပါတယ်။ ခိုးသာချထားရင် အရမ်းသိသာပါတယ်။ တစ်အုပ်လုံးကို မလေ့လာထား စာမကျေထားရင် ဘာမှ မဖြေနိုင်ပါ။ ဆရာ က မဖြေနိုင်ရင် သေချာရှင်းပြပါတယ်။ ပုံဆွဲပြ ရှင်းပြနဲ့ တစ်ယောက်ချင်း အနီးကပ် သင်သလိုပါပဲ။ အဲဒီအချိန်မှာ တစ်နှစ်လုံး မသိတာတွေကို တစ်ထိုင်တည်းသိသွားရပါတယ်။ အဲလို မဖြေနိုင်ရင်တော့ ထပ်ဖြေကြရပါတယ်။ ထပ်ဖြေရမှာ ကြောက်စရာပါ။ ဒုတိယအကြိမ်ဆို အသည်းအသန် စစ်စစ်ပေါက်ပေါက်တွေ မေးတာကိုးဗျ။ ကျောင်းသားတစ်ယောက်ချင်းကို မိနစ် ၃၀-၄၀ ပေးပြီး စစ်တာပါ။ ဂရိတ် ၅ ပေးချင်တဲ့သူတွေကိုတော့ စစ်စစ်ပေါက်ပေါက်မေးပါတယ်။ ကျွန်တော်ဆို ဆရာ စားပွဲမှာထိုင်ပြီးတာနဲ့ ပထမဆုံး ထဖြေလေ့ရှိပါတယ်။ စောင့်ရတဲ့ ဒဏ်ကို မခံနိုင်လို့ပါ။ ရေးဖြေက ပုံလေး ဆွဲထား အီကွေးရှင်းလေး ရေးပြီး ပွိုင့်လေး တွေ နဲနဲ ပဲ ရေးထား တာပါ။ ဘယ်လောက် ရေးထားထား ထပ်မေးမှာ ကို သိနေတာကိုး။ တစ်ခါက ဆရာမေးတာတစ်ခုကို မသိလို့ ဆရာက အခြေခံသီအိုရီတွေကနေ အဲဒီ အထိ ရောက်အောင် ပြန် စဉ်းစားခိုင်းနေတာနဲ့ ကျွန်တော် တစ်ယောက်တည်းကို ၁ နာရီလောက် ကြာသွားပါတယ်။ ချွေးတွေဆိုလဲ ဇီးကင်းလုံးလောက်ကို ကျနေတာပေါ့။ အဟဲ။ နောက်မှ ဆရာကပဲ တစ်ဝက်ကို ရှင်းပြပေးလိုက်မှ သိသွားတာပါ။ ပေးတဲ့ အမှတ်ကို မကြိုက်ရင် နောက်တစ်ခါ ပြန်ဖြေလို့ရပါတယ်။ ပြန်ဖြေရင်တော့ သိတဲ့အတိုင်းပါပဲ။ ပြန်ဖြေသူများ က စာ ပိုတတ် သွားလေ့ ရှိပါတယ်။ ကျွန်တော်က အဲဒီစံနစ်လေးကို သဘောကျပါတယ်။ ဆရာတွေတော့ သေအောင် ပင်ပန်းကြပါတယ်။ အမှတ်ကို ဖြေပြီးတာနဲ့ ချက်ချင်းပေးပါတယ်။ ဘယ်လောက်ကြီးတဲ့ စာမေးပွဲဖြစ်ဖြစ်။ ကျွန်တော်တို့ နဲ့ သင့်တော်အောင် ပြောင်းလဲ သုံးရင် ရမယ်လို့ ထင်မိပါကြောင်းခင်ဗျား။

Wednesday, August 22, 2007

ကိုယ်တွေ့ (၂) – Leaders' view on Leadership

ဒီအက်ဆေးကတော့ လွန်ခဲ့တဲ့ သုံးလေးပတ်က ကျွန်မအလုပ်က စီအိုအို မစ္စတာ ဘရင်း၊ လူမှုဆက်ဆံရေးဒါရိုက်တာ မစ္စဒိုင်ယာနာကင်းနဲ့၊ ဗြိတိသျှကိုလံဘီယာ ယူနီဗာစီတီက Clinical ပရိုဖက်ဆာ ဦးမင်းကြည်တို့ရဲ့ ခေါင်းဆောင်များ၏ အရည်အသွေးနဲ့ ပတ်သက်တဲ့ အမြင်တွေကို အက်ဆေးအဖြစ် ကျွန်မပြန်ရေးထားတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ကျွန်မရေးထားတဲ့မူရင်းအတိုင်း ဖော်ပြထားပါတယ်။ နောင်မှ မြန်မာဘာသာနှင့် ပြန်လည်ရေးသားမည်ဟု စဉ်းစားထားပါသည်ရှင်။

Persons who rule, guide or inspire others are often perceived as leaders. Throughout the years, people have attempted to define “leader” and “leadership” in many ways. Some believe that leaders are born, not made, while others believe that leaders can be made through proper training and the acquisition of emotional intelligence – self-regulation, motivation, empathy, and social skills. I also used to consider only certain people with very high profiles, like Martin Luther King, Gandhi, Mother Theresa and Daw Aung San Su Kyi, to be leaders. However, I have come to realize that even ordinary people lead themselves and others in many ways. As Whyte states, our life’s work is not a series of stepping-stones onto which we calmly place our feet, but more like and ocean crossing where there is no path. He also states that there will be times when our leaders and captains cannot be relied on. I believe that from time to time, even when we have been assigned the role of followers, we all have to find our own paths or awaken our inner captaincy to take charge when our leaders have failed to lead.

When I interviewed three individuals whom I considered leaders, I chose subjects of both genders, of different ages, and with varied work experience. I assumed that their views on leadership and leadership styles might have been influenced by their gender, personal experiences, education and training, and organizational culture. I expected to learn about their views on leadership and management, as well as their definitions of leadership. I also wanted to find out how they nurtured leadership in their employees or co-workers, and how they would handle a situation in which the organization’s goal conflicted with their own moral values. I also wanted to know if they thought of themselves as leaders. The first person I interviewed was Bob Breen, the Chief Operations Officer of MDS Metro Diagnostic Services, who spent twenty years in the military before he joined MDS Metro. My second subject was Mr. Min Trevor Kyi, a clinical assistant professor in the University of British Columbia’s Faculty of Medicine (School of Rehab Science), and the third leader was Diana King, a director of Communications and Public Relations from MDS Metro Diagnostic Services. I chose these interviewees because all of them are dedicated and highly motivated persons with at least 15 years of leadership experience. I also believe that they have strong organizational and communication skills for building partnerships among co-workers and communities.

In the interview, Mr. Breen said that the training he received in the military was mostly about leadership; therefore, this training helped him lead MDS Metro. He defined leadership as an ability to take the goals of an organization and create an environment that makes all of the people in the organization want to achieve the goals. He also stated that he would create a sense of real ownership of the goal among followers and would stand up front to point out to them that the goal was worth going for. However, he doesn’t believe that pushing people towards the goal is a good leadership skill.

Mr. Kyi defines leadership the ability to make hard decisions and yet be liked by subordinates. He believes that a leader should be able to make the right decision. He was torn when asked what he would do if the organization’s goal conflicted with his moral values. He said that he would try to see the bigger purpose and consider the greater good if he had to make the decision. I think that Mr. Kyi’s leadership style is leaning towards charismatic leadership, as he seems to gather followers through dint of personality and charm, rather than through any form of external power or authority.

In contrast, in case of an ethical conflict, Ms. King said that she would do everything in her power to influence the organization and make sure the organization knew what it was asking her to do and how she was conflicted. Finally, if she could not find a compromise that she could live with, she would leave the organization because that kind of organization would not be one for her to work for. Her leadership style reminds me of the way Johns-Manville handled the asbestos catastrophe. Bill Sells, a manager of Manville for more than 30 years, became aware that his company had been producing deadly chemicals and explosives for a hundred years. When he raised objections, he was criticized by his boss for not being loyal to the organization. However, he convinced his boss that he was the one who was loyal and started to take action by launching a half-million-dollar program to replace or rebuild nearly all the safety equipment in the building.

Taking a very different stance, Mr. Breen said that he would just quit the organization if an ethical conflict arose. He said that he did not have to adjust his values to be in an organization. In addition, he did not mention in the interview that he would make any attempt to make the organization understand why there was an issue for him. I concluded that as a result of being trained in the military, his leadership style is more transactional, based on an assumption that social systems work best with a clear chain of command. He also mentioned in the interview that he would clearly lay out each goal with the plan and possible outcome for his followers. He gave an example of being on a battlefield where a soldier can be shot and killed if things go wrong. As well, in a swinging trapeze example, he pointed out that one would grab another trapeze in order to make a new step. I believe that one could fall and make another attempt. However, there are so many cases in which people do not have another chance, and that could be worse than the void between the swings. Therefore, in the above situation, as a military officer Mr. Breen must have needed to recognize possible negative outcomes, and to try to use a transactional leadership style.

All my interviewees expressed the belief that formal and informal training and mentoring, along with giving employees new projects and chances to make mistakes, learn, and grow, could help in nurturing subordinates; however, Ms. King believes that it not up to the mentor to force someone to consider him/her as a mentor. She believes a good leader is someone who does not use the word “I” and who has a sense of humour. Similarly, Mr. Kyi stated that selflessness, empathy, active imagination, sharing the workload and trusting the employees are some good leadership qualities. In addition, Ms. King stated that giving acknowledgment and recognition to employees who are leading without authority is one of the qualities of a good leader. She asserted that it does not matter, or at least should not matter, whether the leader gets the recognition or the team gets the recognition. This concept reminds me of Heifetz’s suggestion to find partners: the ally and confidant. I believe that finding partners, getting input and contributions from one’s followers and selecting their best ideas, input and contributions, can be helpful in accomplishing the common goal.

As stated above, some believe that leaders are born, not made, while others believe that leaders can be made by offering proper training to bring out emotional intelligence. I believe that leaders can be made; however, some traits such as an out-going personality and enthusiasm need time, practice and a great force to evolve if they are not already present. My belief is supported by Daniel Goleman. In his paper “What Makes A Leader?”, he states that there is a genetic component to emotional intelligence which means that nature plays a role in determining whether a person will be a great leader. The advice that I received from my colleagues and friends when they were sharing their life experiences with me included encouragement to empathize, forgive, take chances, be happy, give recognition, never give up, give another chance, and have courage. This advice is similar to Warren Bennis’s manager vs. leader distinction, which states that leaders focus on people, inspire trust, have an eye on the horizon, innovate,investigate, challenge and develop new plans. I have also mentioned that I used to consider only famous individuals to be leaders. However, after reading a few books about leadership, watching presentations, listening to the speakers, interviewing some leaders, and watching my friends and co-workers, I have come to the understanding that leaders can be just ordinary people who make a difference in their communities and in the world. I have come to realize that even the smallest thing that we do in our lives with good intentions can constitute leadership and have a positive effect on someone somehow. Therefore, even though one does not have all the skills of a great leader, one can learn the skills by having a mentor, taking on new challenges, making mistakes and learning from them, and developing spirituality and emotional intelligence.

References:
Goleman, D. ‘What Makes A Leader’
Heifetz Leadership Without Easy Answers
Teal, T. The Human Side Of Management

Whyte David. “Crossing the Unknown Sea”

Related Sites:
University of British Columbia
MDS Science
Vancouver Coastal Health

ပညာရေး အကျပ်အတည်း (၂၀)

ကျောင်းပြင်ပ ပညာရေးထဲက မြန်မာနိုင်ငံရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပညာရေး အကြောင်း ဆွေးနွေးချင်ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းဆိုတဲ့ ဝေါဟာရကို မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားပါ။ အထက်တန်းအဆင့် မြန်မာစကားပြေ သင်ရိုးထဲက စာရေးဆရာမန်းတင်ရဲ့ ဘုန်းကြီးကျောင်းသား စကားပြေမှာ ဟိုတချိန်တုန်းက ဘုန်းကြီးကျောင်း ပညာရေး ယဉ်ကျေးမှု ကို အသေးစိတ်ကျကျ တွေ့ရပါတယ်။ မြန်မာတွေ အခြေခံပညာတတ်ဖို့နဲ့ ယဉ်ကျေးလိမ်မာရှိမှုတွေကို ဘုန်းတော်ကြီး ကျောင်းတွေ က သင်ကြားပေးနိုင်တယ်လို့ လူကြီးမိဘတွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် နယ်ဘက်က မြန်မာကလေးငယ်တွေ တော်တော်များများဟာ ဘုန်းကြီးကျောင်းတွေနဲ့ မလွတ်ကြသလောက်ပါပဲ။ ဒါပေမဲ့ ကျောင်းသင်ရိုး နဲ့ အတူ ဗုဒ္ဓဘာသာကိုပါ သင်ပေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းပညာရေးက ဗြိတိသျှလက်ထက်မှာ မှေးမှိန်သွားတာပါ။ ကိုလိုနီအစိုးရက ခေတ်မီ သိပ္ပံပညာနဲ့ အင်္ဂလိပ်စာကို အားပေးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပညာရေးနဲ့ အလှမ်းဝေးတဲ့ နယ်ဒေသ တွေနဲ့ မျိုးချစ်စိတ် ကြီးမားတဲ့ ဗမာတွေအကြားမှာတော့ ဘုန်းတော်ကြီးသင် ကျောင်းတွေက ပျောက်ပျက်မသွားခဲ့ပါဘူး။ အဲဒီတုန်းက ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဟာ ကျောင်းစာနဲ့အတူ ဘ၀နေနည်းတွေကိုပါ ဘာသာရေးနဲ့ ဆက်နွယ်ပြီး သင်ပေးတာမို့ မြန်မာ-အင်္ဂလိပ် အဘိဓါန်ပြုစုခဲ့တဲ့ J.S Furnivall က ဘယ်သူမှမယှဉ်နိုင်တဲ့ အောင်မြင်မှုပဲလို့ ချီးကျူးခဲ့ရပါတယ်။ ဒါတောင် အဲဒီတုန်းက သင်ကြားပုံက ဘုန်းတော်ကြီးတွေက ကြိမ်လုံးကိုင်ပြီး ကလေးတွေက လက်ပိုက် မျက်စေ့စုံမှိတ်ပြီး ယံမင်္ဂလာ ဒွာဒဿဟိကို ကျုံးအော်ကြရတာမျိုးပါ။ အခုထိ မြန်မာပြည်မှာ မတိမ်ကောသေးတဲ့ ဆရာတွေ သင်ကြားပေးသူတွေက ဦးဆောင်တဲ့ Teacher centered စနစ်ပါ။

အခု ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အံ့သြစရာကောင်းလောက်အောင်ပဲ ဘုန်းတော်ကြီး ကျောင်း ပညာရေး ပြန်ထွန်းကားလာတာ တွေ့ရပါတယ်။ မြန်မာတပြည်လုံးမှာ အစိုးရ အသိအမှတ်ပြု စာရင်းအရကို ကျောင်းပေါင်း ၃၀၀၀ကျော် ရှိနေပါပြီ။ အရင်က မူလတန်းအဆင့်လောက်နဲ့ ဗြိတိသျှ ခေတ်နောက်ပိုင်း မှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေလောက်ထိပဲ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းပညာရေး ဟာ ဒီဘက်ခေတ် ၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ မြို့ကြီးပြကြီးတွေမှာကိုပဲ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အများကြီးရှိလာပါတယ်။ ပြီးတော့ ပညာအဆင့်ကလဲ ရေးတတ်ဖတ်တတ်ရုံ မူလတန်း အဆင့်လောက် မဟုတ်တော့ဘဲ အလယ်တန်းဆင့်အထက်တန်းဆင့်ထိ ရှိလာပါပြီ။

ဒီနေရာမှာ အခု ဘုန်းတော်ကြီးသင်ပညာရေးနဲ့ အရင်တုန်းက ဘုန်းတော်ကြီးကျောင်းတို့ ကွာခြားတာ ကတော့ ဘုန်းကြီးတွေ ကချည်းပဲ စာသင်ပေးတာမဟုတ်တော့ပါဘူး။ အခု ဘုန်းတော်ကြီးသင်ပညာရေး ကတော့ ခေတ်ပညာတတ် ဆရာဆရာမတွေက အစိုးရကျောင်းရဲ့ သင်ရိုးအတိုင်း စနစ်တကျသင်ပေးတဲ့ ကျောင်းတွေ ဖြစ်နေပါပြီ။ သင်ကြားနည်း စနစ်တွေဆိုရင်လည်း ခေတ်မီတိုးတက်တဲ့ ကျောင်းသားရဲ့ သင်ယူနိုင်မှုနဲ့ သင်ယူလိုစိတ်ကို ဦးစားပေးတဲ့ (Student centered) နည်းကို ကြိုးစာြး ပီး သုံးနေကြတာ တွေ့ရပါတယ်။ ဆရာဆရာမတွေကလဲ ကလေးတွေအတွက် သင့်တော်တဲ့ သင်ကြားနည်းစနစ်တွေကို ဖတ်ရှုလေ့လာကြ ဆွေးနွေးကြပြီးတော့မှ စာသင်ခန်းတွေကို စနစ်တကျ ကိုင်တွယ်လာကြတာကိုလည်း တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ကျောင်း အများကြီး ရှိလာရတာရဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့်ပဲလို့ ပြောရမှာပါ၊ မိဘတွေ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် ကလေးပညာရေးအတွက် ငွေကုန်ကြေးကျများတဲ့ အစိုးရကျောင်းပညာရေးကို သင်မပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် အခမဲ့ဖြစ်တဲ့ ဘုန်းတော်ကြီး ကျောင်းတွေဆီ ပြေးကြရတာပါ။ အဲလိုနဲ့ပဲ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေ… မိဘမဲ့ကလေးတွေရဲ့ အားကိုးရာအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အများကြီး ပေါ်လာတာပါပဲ။ တကယ်တော့ Non-formal Education သာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူတိုင်းအတွက် ပညာရေး( Education for all) ကို အကောင်အထည် ဖေါ်ပေးနေတာနဲ့ အတူတူပါပဲ။

တကယ်တော့ ဗြိတိသျှလက်ထက်ကစပြီး မှေးမှိန်နေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို ပြန်ပြီး အသက်ဝင်လာ စေတာက ၁၉၉၃ခုနှစ်မှာ မန္တလေး ဖောင်တော်ဦး ကျောင်းထိုင်ဆရာတော်ပဲ ဖြစ်ပါတယ်။ စာသင်သား၃၉၄ယောက်ကို ဆရာ ဆရာမ ၁၀ယောက်နဲ့အတူ ဆရာတော်ကိုယ်တိုင် စာဝင်သင်ပြီး စခဲ့ရတာပါ။ အခု၂၀၀၅-၂၀၀၆ပညာသင်နှစ်မှာတော့ စာသင်သား ၆၃၉၀ နဲ့ ဆရာဆရာမ အရေအတွက်က ၁၃၀ရှိလာပြီး အထက်တန်းအဆင့်ထိ သင်ပေးနေရပါပြီ။ ကျောင်းမှာ ကွန်ပျူတာခန်းနဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။ ဆရာတော်က တကယ့်ကို အမြင်ကျယ်ကျယ်နဲ့ စီစဉ်ပေးထားတာပါပဲ။ ဖောင်တော်ဦးကျောင်းမှာ မိဘမဲ့ကလေးတွေကိုလည်း ကျောင်းအိပ် ကျောင်းစား လက်ခံမွေး ထားပါ သေးတယ်။ ဆရာတော့် ရည်ရွယ်ချက်ကတော့ ဆင်းရဲတဲ့သူတွေအတွက် အနာဂတ်ဘ၀ တိုးတက်ဖို့ကိစ္စမှာ အရေးကြီးဆုံးက ပညာရေးပါပဲတဲ့။ ဖေါင်တော်ဦးကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ၂၀၀၆ခုနှစ် မေလထုတ် ချင်းတွင်းမဂ္ဂဇင်း မှာ မြတ်သာဝေ ဆိုတဲ့ စာရေးဆရာက အသေးစိတ် ရေးထားခဲ့ပါတယ်။

အရင်ကတော့ ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာကလေးတွေ ဘာသာရေးနဲ့ နီးစပ်အောင်၊ စာရေးစာဖတ် အခြေခံ ကောင်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ပဲ ပို့ကြတာပါ။ အခုကတော့ ကျောင်းပညာရေးအတွက် ငွေကြး မတတ်နိုင်လို့ ကျောင်းမနေကြရတဲ့ ကလေးတွေအတွက် အနည်းဆုံး အခြေခံပညာရဖို့မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေက အရေးပါလာပါပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဖွင့်တဲ့ ကျောင်းဖြစ်တဲ့အတွက်တော့ ကလေးတွေအတွက် ဘာသာရေး အကန့်အသတ် ရှိသွားတာမျိုးတော့ ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့တဲ့ တခြားဘာသာဝင် ကလေးတွေပါ စာသင်ကြားခွင့်ရအောင် အခမဲ့ အကူအညီပေးနေတဲ့ NGO အဖွဲ့များကို စာသင်ကျောင်း တွေ ဖွင့်ခွင့်ပေးသင့် ပါတယ်။ ဒါမှလည်း ကလေးတိုင်းအတွက် ပညာရေးကို အကောင်အထည် ဖေါ်ရာ ရောက်မှာပါ။

တကယ်တော့ ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်တာမို့ အဘက်ဘက်က ယိုင်လဲ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းဖို့ဆိုရင် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးဟာ အရေးကြီးလှတဲ့ လိုအပ်ချက်ပါ။ အဲဒီ လိုအပ်ချက်ကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ဖြည့်ဆည်းပေး နေတာပဲ ဖြစ်ပါတယ်။ အဲသလိုပဲ လူထုတွေဘက်ကလဲ ကလေးတိုင်းအတွက် ပညာရေးကို တတ်နိုင်သလောက် ၀ိုင်းဝန်းအားပေးကြရင်တော့ မြန်မာနိုင်ငံဟာ ပညာတတ်တွေ ထွန်းကားလာမှာမို့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဖန်တီးတည်ဆောက်ရေးမှာ အများကြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။

မေငြိမ်း
၁သြဂုတ်၊၂၀၀၆။

Tuesday, August 21, 2007

ကိုယ်တွေ့များ (၁)

ကနေဒါနိုင်ငံရဲ့ ပညာရေးစနစ်ကို Federal Government က ချုပ်ကိုင်ထားတာမဟုတ်ဘူး။ ပြည်နယ် အစိုးရတွေက ပြည်နယ်အလိုက် တာဝန်ယူကြပါတယ်။ ကလေးတွေရဲ့ ပညာရေးကို သူငယ်တန်း၊ မူကြိုအရွယ်မှာပဲ စပြီး မိဘနဲ့ ဆရာသမားတွေက ကြပ်မတ်တာ မဟုတ်၊ မွေးကင်းစအရွယ်က စပြီး ကလေးတွေကို အစားအသောက်၊ ကျမ်းမာရေးကအစ သိပ်ဂရုစိုက်ကြပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ တစ်နှစ်ခွဲ နှစ်နှစ် အရွယ်က စပြီး ရေမြှုပ်လိုပဲ အကုန် စုပ်ယူမှတ်ထားတယ်လို့ သုတေသနတွေအရ သိရလို့ အဲဒီအရွယ်က စပြီး ကြပ်မတ်ကြတယ်။ စာရေး၊ စာဖတ်၊ အတွက်အချက်၊ လူမှုဆက်ဆံရေးတွေဟာ သူငယ်တန်းမှာမှ စတင်သင်ယူ လေ့လာရရှိကြတာမဟုတ်တာ အားလုံးလဲ သိပြီးဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကျွန်မ သူငယ်ချင်းတွေထဲမှာ ကလေး မယူကြသူတွေရှိသလို၊ ကလေးယူတယ်ဆိုရင်လဲ ကလေးတွေအတွက် ဘ၀ကို မြုပ်နှံလို့ မိဘကောင်းတွေဖြစ်အောင် ကြိုးစားသူများကိုလဲ တွေ့ရပါတယ်။ မနက်လေးနာရီထပြီး သူတို့ကလေးတွေကို သင်တန်းမျိုးစုံကို ပို့ပေးပါတယ်။ အားလုံးသိကြပြီးတဲ့ အတိုင်းပဲ ဒီမှာက ထမင်းချက်လဲကိုယ်၊ ကားမောင်းလဲကိုယ်၊ ခြံစိုက်လဲကိုယ်၊ အ၀တ်လျှော်လဲကိုယ်၊ အားလုံးသိမ်းကြုံးလုပ်ကြရတာဆိုတော့ မြန်မာပြည်က ငွေကြေးတတ်နိုင်သူများလို ကလေးကျောင်းကြို၊ ကျောင်းပို့ လူစားမရှိတော့ သူတို့တွေပဲ မနက် လေး၊ငါးနာရီထ၊ ထမင်းဗူးထည့်၊ ကလေးပစ္စည်းထုပ်ပိုး ထွက်ကြတာတွေ့နေရပါတယ်။



ကလေးတွေကို အသက်၁၈ နှစ်ပြည့်တာနဲ့ မိဘအိမ်က နှင်လွှတ်လိုက်တယ်လို့ အနောက်နိုင်ငံက မိဘများကို ဝေဖန်ခြင်းခံရတာတွေကို မြင်တွေ့ရပါတယ်။ ကျွန်မမြင်တာကတော့ အားလုံးတော့ မဟုတ်ပါဘူး။ တရားသေတော့မဟုတ်ပါ။ မိသားစု တစ်စုစီအပေါ်မှာ မူတည်တယ်၊ အခြေအနေတွေ၊ အချိန်ကာလတွေနဲ့ သက်ဆိုင်တယ်လို့မြင်ပါတယ်။ မိဘတွေဟာ ကလေးတွေ ၁၈နှစ်ချိန်မှာ ဘ၀တစ်ခုထူထောင်နိုင်အောင် မိမိခြေထောက်ပေါ်မှာ ရပ်နိုင်အောင် တောက်လျောက် သင်ကြားပေးပြီးခဲ့ပါပြီ၊ သွန်သင်ပေးလိုက်ပါပြီ။ ပင်လယ်ထဲမှာ ကျက်စားနေတဲ့ ငါးမန်းတွေ၊ တိုက်ငါးတွေနဲ့ ယှဉ်နိုင်အောင် သူတို့ငါးတွေကို ၁ဂနှစ်တိတိ ကျင့်ပေးပြီးခဲ့ပါပြီ။ သူတို့ဟာ တစ်ကယ်တော့ အလှမွေးကန်ထဲက ငါးတွေမဟုတ်ပါ။ ဒီလိုအစုလိုက်အပြုံလိုက် လွှတ်ပေးခဲ့လို့လဲ ကျရှုံးသွားတဲ့ ငါးပေါင်းကလဲ နဲမှာတော့ မဟုတ်ပါဘူး။ အောင်မြင်သွားတော့လဲ အဆုံးစွန်ပါပဲ။ ကလေးတွေဟာ ၂နှစ်ခွဲ၊ ၃နှစ်လောက်မှာကို ကိုယ့်အားကိုယ်ကိုးပြီး ထမင်း၊ဟင်း ကောင်းကောင်းစားတတ်နေပါပြီ။ လေးနှစ်လောက်မှာကို မိမိဘာသာဂျာကင်ဝတ်၊ ဖိနပ်စီးတတ်နေပါပြီ။ ကျွန်မ ၁၈နှစ်တုန်းက မိမိခြေပေါ်ရပ်တည်နိုင်မှုနဲ့ ဒီနိုင်ငံက ၁ဂနှစ်တွေ မိမိခြေပေါ်ရပ်တည်နိုင်မှု။ ရင့်ကျက်နေမှု၊ လှုမှုဆက်ဆံရေးတွေဟာ ကွာခြားလွန်းပါတယ်။

(ဒီနေရာမှာ ပညာရေးနဲ့ မဆိုင်ပေမယ့် ကျမကိုယ်တွေ့လေး အနည်းငယ်ဝေမျှလိုပါတယ်။

ကျွန်မအိမ်ရှေ့က အဘိုးကြီး၊ အဘွားကြီး လင်မယားဆိုရင် အဘွားကြီးနေမကောင်းစဉ်က သမီးဖြစ်သူက ကလေးတွေကို ယောင်္ကျားဖြစ်သူနဲ့ ထားပြီး လနဲ့ချီလို့ လာစောင့်ရှောက်ပါတယ်။ ယောင်္ကျားလုပ်သူကလဲ မိန်းမ သူ့မိဘနာမကျမ်းစဉ် ကြည့်ရှုနိုင်အောင် ကလေးတွေကို သူကိုယ်တိုင် စောင့်ရှောက်ပါတယ်။ တစ်ပတ် ၂ခါ ကလေးတွေနဲ့အတူ မိန်းမ ခေတ္တနေနေတဲ့ သူ့ယောက်ခမတွေအိမ်ကို လာလည်ပါတယ်။ (ဒီတိုင်းပြည်မှာ တော်ရုံလူတွေတောင် ကလေးထိန်း၊ ထမင်းချက် မငှားနိုင်ကြပါ၊ ဒီယောင်္ကျား ဘယ်လောက် အလုပ်လုပ်ရမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်) ဒီလိုမိဘကိုကြည့်နိုင်အောင်လဲ Employment Insurance ကိုလျောက်လို့ရပါတယ်။ အစိုးရက နာမကျမ်းဖြစ်သူ မိဘကို လစာနှင့် တစ်နှစ်တိတိကြည့်ခွင့် လျှောက်နိုင်အောင်လဲ အစီအစဉ်တွေ လုပ်ထားပေးပါတယ်။ အချို့သောလူအိုရုံဆိုရင် လူကြီးတစ်ယောက်ကို တစ်လ ဒေါ်လာ ၂ထောင်မှ ၃ထောင် ကျပါတယ်။ ခမ်းနားတဲ့ထမင်းစားဆောင်တွေ၊ သန့်ပြန့်တဲ့အခန်းတွေ၊ သူတို့အရွယ် လူတွေနဲ့ ကမ္ဘာတစ်ခုပါပဲ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေကတော့ ပိုသိမှာပါ။ အိုခြင်း၊ နာခြင်းက အနောက်နိုင်ငံတင်သာမက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သိပ်တော့ မကောင်းလှပေမယ့် ကြုံကြိုက်နေရစဉ်တော့ ရင်ဆိုင်နေကြရတာပါပဲ။ မိမိအိမ်မှာ နာမကျမ်းဖြစ်နေလဲ သားသမီးတွေက မကြည့်ပဲ ပစ်ထားနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေမှာ နာမကျမ်းသူ မိဘတွေကို မကြည့်ပဲ ပစ်ထားတယ်၊ ကလေးတွေကို ၁ဂနှစ်ပြည့်တာနဲ့ နှင်ချတယ်၊ သူတို့ မိသားစုတွေ မစည်းလုံးဘူး ဆိုတာတွေက အခြေအနေတစ်ခုခြင်းဆီ ပေါ်မှာ မူတည်နေပါတယ်)

ဒီနိုင်ငံက ကလေးတွေ မူကြို၊ မူလတန်းကျောင်းမသွားချင်လို့ ငိုနေတာ၊ အော်ဟစ်ကန်ကြောက်နေတာ ကျွန်မတစ်ခါမှ မတွေ့ဖူးပါဘူး။ ကျောင်းမသွားရလို့ ငိုတာတို့၊ ကျောင်းတက်ချင်လို့ နေမြန်မြန်ကောင်းချင်တာတို့ပဲ ကြားဖူးတယ်။ မူကြိုကလေးလေးတွေဟာ စာရေး၊ စာဖတ်၊ ပုံဆွဲ၊ ကွန်ပြူတာ စသဖြင့် တစ်နေ့နှစ်နာရီလောက် သင်ယူကြပါတယ်။ တချို့ကလဲ တစ်ပတ်ကို နှစ်ရက် သို့မဟုတ် လေးရက်၊ တစ်နေ့ နှစ်နာရီ သင်ယူကြတယ်။ ကစားနည်းမျိုးစုံနဲ့ ကျောင်းမှာ ပျော်တတ်အောင်၊ ကျောင်းဆိုတာ ပျော်စရာဆိုတာကို အရင် မိတ်ဆက်ပေးတဲ့ သဘောပါ။ Lower-middle class တွေနဲ့ အချို့ working class က မိဘတွေကအစ၊ သူတို့ရဲ့ကလေးတွေဟာ တစ်နှစ်ခွဲလောက်မှာကို ရေကူး၊ ဘောလုံး၊ ဟော်ကီ၊ ဘဲလေး၊ ကျွမ်းဘား စသည့် ကျမ်းမာရေးလှုပ်ရှားမှု၊ ဥာဏ်ရေဖွံ့ဖြိုးစေတဲ့ ကစားနည်းတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ထိတွေ့၊ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ ကျွန်မ သိရသလောက်ကတော့ သူငယ်တန်းကိုလဲ နေ့တစ်ဝက်ပဲတက်ရပါတယ်။ မနက်ပိုင်းအချိန် သို့မဟုတ် ညနေပိုင်း နှစ်ချိန်ခွဲထားတယ်လို့ ဆိုကြပါတယ်။ ဆရာ၊ ဆရာမတွေဟာ ကလေးတွေကို ရိုက်နှက်တာမဆိုနဲ့ အော်၊ငေါက်ခြင်း၊ ဆူပူခြင်း စသဖြင့် လုံးဝမလုပ်ကြပါ။ ဆိုးတဲ့ ကလေးတွေကို အတန်းဒေါင့်မှာ မတ်တပ်ရပ်ခိုင်းခြင်း၊ တစ်ယောက်ထဲ ကစားခိုင်းခြင်းနဲ့ ဒဏ်ပေးတတ်ကြတယ်။ ကလေးတွေကို စာမရလို့ လူပုံအလယ်မှာ အရှက်ခွဲခြင်း၊ ဆူပူငေါက်ငမ်းခြင်းတွေ မလုပ်သလို၊ လုပ်ခွင့်လဲ မရှိပါဘူး။ ငယ်စဉ်အခါက ကလေးတစ်ယောက်ကို လူပုံအလယ်မှ အရှက်ခွဲမိရင် ရှက်သွားတဲ့ အားငယ်သွားတဲ့ ဒေါသထွက်သွားတဲ့ စိတ်ခံစားမှုက (ကလေးက နုတော့) အသက်ကြီးသည်ထိ ပါသွားတယ်ဆိုလို့ ပညာပေးသူ (educator) တွေနဲ့ ကလေးမိဘတွေဟာ ကလေးတွေရဲ့ အနာဂတ်ပညာရေးတွက် အဲလို စိတ်ထိခိုက်အောင် လုပ်မိခြင်းကို ကြိုးစားရှောင်ကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံက ကလေးတွေရဲ့ မျက်နှာတွေဟာ အမြဲတက်ကြွလန်းဆန်းနေပါတယ်။ သူတို့မျက်နှာတွေပေါ်မှာ ဖိနှိပ်ခံရမှု၊ နေရင်းထိုင်ရင်း တစုံတရာကို ကြောက်နေရမှု၊ မလိုအပ်ပဲ လေးနက်နေမှု၊ နေရင်းထိုင်ရင်း ရှက်နေမှု၊ မိဘဆရာသမားတွေကိုလဲ လိုအပ်သည်ထက် ရိုသေကြောက်ရွံ့နေမှု၊ နာခံနေမှု အရိပ်တွေကို မတွေ့ရတတ်ပါဘူး။

အဲလို စိတ်အားငယ်တဲ့ အရိပ်တွေဟာ ကျောင်းထဲ၊ အလုပ်ခွင်တွေထဲအထိ ပါလာတတ်ပါတယ်။
သင်ပညာတွေ ဘယ်လောက်တတ်တတ်၊ ခံယူချက်၊ စိတ်ခံစားချက်၊ အတွေးအခေါ်တွေက ပြောင်းရ သိပ်ခက်ခဲပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်တွေမှာ ပြောလေ့ရှိတာ၊ လူသစ်တွေကို အလုပ်ကိုမတတ်ရင် သင်ပေးနိုင်တယ်၊ ခံယူချက်၊ အတွေးအခေါ်နဲ့ သဘောထားက သင်ပေးရမလွယ်ဘူးလို့ ဆိုကြတယ်။ အလုပ်ခန့်တဲ့အခါတွေမှာ အတွေ့အကြုံရှိတဲ့ လူစွမ်းအား အရင်းအမြစ်ငှာနက အလုပ်ခန့်ရန် မေးမြန်းသူများက အလုပ်လာလျောက်သူများကို စကား တစ်ခွန်းနှစ်ခွန်းပြောတာနဲ့ attitude ကို ခန့်မှန်းလို့ရနေပါတယ်လို့ ဆိုကြပါတယ်။


Monday, August 20, 2007

ပညာရေး အကျပ်အတည်း (၁၉)

Non-formal Education နဲ့ ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဟောင်း ဦးသန်းဦးက ကျောင်းပြင်ပ၌ ဆောင်ရွက်ပေးရမည့် အများပြည်သူတို့အတွင်း သင်ယူဆည်းပူးရေး၊ အလုပ်ခွင်အတွင်း သင်ယူ လေ့ကျင့်ပေးရေး စသည့် ကျောင်းပြင်ပ ပညာရေး ... လို့ ပြောထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်ကတော့ ကျောင်းပြင်ပ ပညာရေး တွေမှာ Informal Education က လွတ်လပ်ပြီး Non-formal Education ကတော့ စနစ်ကျမှု ပို ပါ တယ်လို့ ပြောပါတယ်။



မြန်မာနိုင်ငံမှာ ကျောင်းပြင်ပ ပညာရေးအနေနဲ့ Non-formal Education အစီအစဉ်တွေ တော်တော် များများ ရှိပါတယ်၊ အဲဒီ အစီအစဉ်တွေဟာ ကျောင်းတွင်းပညာရေးနဲ့ ဆက်စပ် နေကြပါတယ်။ ဒါကြောင့်ပဲ ပညာရေး သုတေသီတွေက သက်မွေးပညာရေး၊ အထူးပညာ ရေး၊ အဝေးသင်ပညာရေးတို့ရဲ့ သဘောသဘာဝ မှာ ကျောင်းတွင်း ပညာရေး (Formal Education) နဲ့ ကျောင်းပြင်ပ ပညာရေး( Non-formal Education) လက္ခဏာ နှစ်ရပ်စလုံး ဆောင်နေတယ်လို့ ထောက်ပြ ကြပါတယ်။

များသောအားဖြင့် Non-formal Education ကို အစိုးရနဲ့အတူ၊ ကုလသမဂ္ဂအစီအစဉ်တွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)တွေ၊ လူမှုအသင်းအဖွဲ့တွေက ထူထောင်ကြပါတယ်၊ ရည်ရွယ်တာကတော့ ကျောင်းပညာ ရေး မရနိုင်တဲ့သူတွေအတွက် အလုပ်မပျက် ပညာ သင်ယူနိုင်ရေးပါပဲ၊ အဲဒီအပြင် ကျောင်းပညာရေးထဲက မရ နိုင်တဲ့ ခေတ်နဲ့ ညီတဲ့ ဗဟုသုတ တွေ၊ ပညာပေးသင်ခန်းစာတွေကို ကျောင်းပြင်ပ ပညာရေး(Non-formal Education) ကနေ ပေးနိုင်ပါတယ်။ ဥပမာ- မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေ၊ HIV/ AIDS ပညာပေး အပါ အ၀င် ကျန်းမာရေး ပညာပေးတွေ၊ လူကုန်ကူးတဲ့ ပြဿနာတွေ၊ သတင်းနဲ့ နည်းပညာ အသုံးပြုပုံတွေ၊ လူ့အခွင့် အရေးတွေ၊ အသက်မွေးဝမ်းကြောင်းပညာတွေ အများကြီး သင်ပေးနိုင်ပါတယ်။ လောလောဆယ် ဂျာမနီနိုင်ငံရဲ့ အကူအညီနဲ့ ယူနီဆက်ဖ်က လုပ်နေတဲ့ ကျောင်းပြင်ပ ပညာရေးမှာ HIV ပညာပေးကို ပူးတွဲ သင်ပေးနေတာမျိုး ပါပဲ။


စစ်အစိုးရကတော့ သူ့ လက်ထက်မှာ ‘စက်မှု စိုက်ပျိုးနှင့် သက်မွေး ပညာဦးစီးဌါန’ ရဲ့ အစီအစဉ်နဲ့ အတတ်ပညာ နယ်လှည့် သင်ကြားရေး အဖွဲ့တွေ ဖွဲ့စည်းခဲ့တယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သင်တန်းတွေ အများအပြား ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆင့်မြင့် ပညာဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က သူ့ရဲ့ စာတမ်းတစ်စောင်မှာ ကျောင်းပြင်ပ ပညာရေးအနေနဲ့ သင်ကြားပေးတဲ့ သင်တန်း တွေကတော့ အချုပ်အလုပ်သင်တန်း၊ အချက်အပြုတ်သင်တန်း၊ ပရိဘောဂသင်တန်း၊ အိမ်သုံးလျှပ်စစ် ပစ္စည်းပြင် သင်တန်း၊ စက်ပစ္စည်းပြင်သင်တန်း၊ လက်သမားသင်တန်း၊ ပန်းရံသင်တန်းနဲ့ ဆံသသင်တန်းတွေ ဖြစ်တယ်လို့ ထည့်သွင်း ဖတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လက်ချိုးရေလို့ ရတဲ့ အရေအတွက် လောက်ပဲ သင်တန်းတက်ခွင့် ရခဲ့တာပါ။ ပြည်သူတရပ်လုံး ရနိုင်တဲ့ သင်တန်းတွေ ဖြစ်မလာပါဘူး။

ကျောင်းပြင်ပ ပညာရေးထဲက အဝေးသင်ပညာရေးကတော့ အလုပ်လုပ်တဲ့ လူငယ်တွေအတွက် လိုအပ်တဲ့ ဘွဲ့လက်မှတ် တစ်ခုရဖို့တော့ အထောက်အကူ ပြုတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဝေးသင် ပညာရေး စနစ်ကတော့ ပညာခေတ်ကို လိုက်မီ ဖို့အတွက်ဆိုရင် ထင်သလောက် မပေါက်လှပါဘူး။ အဲသလိုပဲ ပုဂ္ဂလိကကျောင်းတွေရဲ့ ပညာရေးဟာလည်း လူနည်းစုဖြစ်တဲ့ လူချမ်းသာသားသမီးတွေအတွက်သာ ဖြစ်နေပါ သေးတယ်။ ချို့တဲ့တဲ့ ကလေးတွေမှာတော့ အားကိုးစရာ ဘုန်းကြီးကျောင်း ပညာရေး ရှိပါတယ်။



အရင်ကတော့ ဘုန်းကြီးကျောင်းပညာရေးဟာ ကျောင်းပြင်ပ ပညာရေး (Non-formal Education)ဆန်ပါတယ်။ အခုတော့ ချို့တဲ့ နွမ်းပါးတဲ့ ကလေးတွေ ပညာသင်ယူနိုင်ဖို့အတွက် ဘုန်းကြီးကျောင်း ပညာရေးက ပုံမှန် ကျောင်းပညာရေး (Formal Education) ဖြစ်လာပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အစိုးရအသိအမှတ်ပြုဘုန်းတော်ကြီးသင်ကျောင်း ထောင်ကျော် ရှိနေပါပြီ။ စာသင်သားတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေကို အဆင့်မီ စနစ်ကျတဲ့အပြင် လွတ်လပ်တဲ့ သင်ကြားနည်းကို သုံးပြီး သင်ပေးနေတာမို့လို့ အောင်မြင်တဲ့ ကျောင်းပြင်ပ ပညာရေး တစ်ခုလို့ ဆိုရမှာပါ။

အဲဒီအပြင် ခုချိန်မှာ အင်တာနက်သုံးတဲ့ လူငယ်တချို့ဟာ အမြင်ကျယ်လာပြီး Online Education တွေကို တောင် ပြည်တွင်းကနေ လှမ်းလျှောက်ပြီး သင်ယူနိုင်နေကြပါပြီ။ ပြီးတော့ ပြည်ပ ပညာသင်ဆုတွေ လျှောက်ပြီး တော့လည်း ကျောင်းသွားတက် နိုင်နေပါပြီ။ ဒါတွေဟာ ကျောင်းပြင်ပ ပညာရေး(Non-formal Education)ကို လေ့လာချဉ်းကပ်ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ ပြီးတော့ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနရဲ့ နှစ်၃၀စီမံကိန်း ထဲ မှာလဲ အီလက်ထရွန်နစ်ပညာရေးစနစ်( e education) ကို ဦးတည်စေသော သင်ကြားရေး နှင့် ဆက်သွယ်ရေး နည်းပညာ အသုံးပြုမှု တိုးတက်စေရေး လုပ်ငန်း… လို့ ပါတာမို့ ဒါဟာ အစိုးရက ဂရုတစိုက် ပံ့ပိုးပေးရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။


ပညာရှင်တွေကတော့ ကျောင်းပြင်ပ ပညာရေး(Non-formal Education) ရဲ့ အားသာချက် ကို အစိုးရ ကျောင်း ပညာရေးနဲ့ ယှဉ်ပြီး သုံးသပ် တင်ပြကြပါတယ်။ အဲဒီမှာ ကျောင်းပညာ ရေးက ကာလရှည်ပြီး ခြုံငုံအသိမျိုးကို ပေးပြီး.. ကျောင်းပြင်ပ ပညာရေးကတော့ အချိန်တိုပြီး အသေးစိတ်ကျတဲ့ အသိပညာမျိုးကို ပေးနိုင်တယ်။ ပြီးတော့ ကျောင်းပညာရေးက ပညာရှင်ဆန်ပြီး ကျောင်းပြင်ပ ပညာရေးကတော့ လက်တွေ့ကျကျ ဖြေရှင်းနိုင် စေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကျောင်းပညာရေးက သီးခြားဆန်ပြီး ဘောင်ကျဉ်းသလောက် ကျောင်းပြင်ပ ပညာရေးကတော့ ကျယ်ဝန်း လွတ်လပ်ပြီး လူမှုလောကနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆိုပါတယ်။ ကျောင်းပြင်ပ ပညာရေးရဲ့ အထင်ရှားဆုံး အားသာချက်ကတော့ လူတစ်ဦးချင်းအနေနဲ့ ကိုယ်ဆန္ဒ ရှိ သလောက် ပညာသင်ယူနိုင်တဲ့အချက်ပါပဲ လို့ ပညာရေးပညာရှင်အများစုက လက်ခံထား ပါတယ်၊

ဒါကြောင့်ပဲ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး အဆင့်အတန်း အခြေအနေတွေ အရဆိုရင် ကျောင်းပြင်ပ ပညာရေး(Non-formal Education) ကို အားပေးဖို့ဟာ အစိုးရတိုင်းက လုပ်သင့်တဲ့ စနစ်တစ်ခုပဲ ဖြစ်တယ်လို့ ပညာရှင်တွေက အဆိုပြုထားတာ တွေ့ရပါတယ်။ ဒါမှပဲ လူတိုင်း ပညာတတ်ရေးနဲ့ အတူ ပညာခေတ်ကို နိုင်ငံတကာနဲ့ အမီ လိုက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ခုချိန်မှာ ပညာလိုလားတဲ့လူငယ်တွေအတွက် ကျောင်းပြင်ပ ပညာရေး ကို သင်တန်းပုံစံ အမျိုးမျိုး နဲ့ သင်ယူနိုင်ကြဖို့.. အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ၀ိုင်းဝန်း ပံ့ပိုးမှု ကူညီပေးမှုတွေနဲ့ စနစ်တကျ လုပ်သွားကြဖို့ လိုပါတယ်။----

မေငြိမ်း
(၂၀၀၆)

Friday, August 17, 2007

ပညာရေး အကျပ်အတည်း (၁၈)

Informal Education ဟာ စာသင်သားတွေက ပတ်ဝန်းကျင်လောကတစ်ခုလုံးဆီကနေ အတတ်ပညာ အမျိုးမျိုးကို သင်ယူတာပဲဖြစ်တယ် လို့ ကမ္ဘာ့ပညာရှင်အများစုက ဆိုကြပါ တယ်။ ဒီတော့ Informal Education ဟာ ဘ၀တလျှောက်လုံး ယူလို့ရနိုင်သမျှ ဘယ်လိုအတတ်ပညာမျိုးကိုမဆို ကိုယ့်အားကိုယ်ကိုးပြီး သင်ယူသွား နိုင်တဲ့ နည်းပါပဲ။ ဒီနေရာမှာ ပတ်ဝန်းကျင် တလောကလုံးဟာ သင်ယူရမယ့် နယ်ပယ်ပါပဲ။ အဲဒီအခါမှာ ကလေး လူငယ် တွေနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ကလေးတွေရဲ့ သင်ယူမှုကို ကူညီလမ်းညွှန် ပေးရမယ့် မိဘတွေက သိပ် အရေးပါ လာပါတယ်။ ဒါကြောင့်ပဲ "သားသမီးမကောင်း မိဘခေါင်း" တို့ "လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဖာစရိယ မိနဲ့ဖ" တို့လို ဆိုရိုးတွေ ရှိခဲ့တာပါပဲ။



အခုနောက်ပိုင်း ပညာခေတ်ထဲမှာ ပြောလာကြတဲ့ Education for all, All for Education ဆိုတာတွေက Informal Education ဆီကို ဦးတည်နေတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ကလေးအားလုံး မသင်မနေရ ပညာရေး ကို ရနိုင်ဖို့ဆိုတာကနေစပြီး ကလေးတွေ လူငယ်တွေရဲ့ လေ့လာဆည်းပူးမှုကို မိဘတွေကပါ ပူးပေါင်းပါဝင်ပြီး လမ်းညွှန်အားပေးမှ ကမ္ဘာကို အမီလိုက်နိုင်မယ် ဆိုတဲ့သဘောပါပဲ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အာဏာပိုင်တွေရဲ့ အဘက်ဘက်က ဟန့်တား ပိတ်ပင် တာတွေ အကူအညီ မပေးတာတွေကြောင့် ၁၉၆၂ခုနှစ် နောက်ပိုင်းမှာစပြီး ဆုတ်ယုတ် ကျဆင်းလာခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မှာတော့ ပြိုလဲလုလုအထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှု (Globalization) ရဲ့ တွန်းအားကြောင့် မြန်မာနိုင်ငံမှာ အနှောက်အယှက် အဖျက်အဆီး အပိတ် အဆို့ အမျိုးမျိုးတွေကြားထဲကပဲ လူငယ်တချို့ဟာ ကျောင်းပြင်ပ ပညာရေး အကူအညီနဲ့ အများကြီး ထူးချွန် တိုးတက် လာခဲ့ကြပါတယ်။

လူငယ်တွေ တကယ်တိုးတက်ပြီး အမြင်ကျယ်လာရင် အဲဒီ ရေစီးကြောင်းဟာ ပိတ်ဆို့ တားဆီးလို့ မရနိုင်ပါဘူး။ ပွင့်ကို ထွက်ရပါတယ်။ ဒါကြောင့်ပဲ အခုဆိုရင် မြန်မာနိုင်ငံမှာ တော်တဲ့ လူငယ်တွေ အများကြီး ရှိနေတာကို ကမ္ဘာက သိလာတဲ့အတွက် အခွင့်အရေးတွေ ပွင့်လာနေပါပြီ။

အရင်က လူချမ်းသာသားသမီးတွေမှ သင်နိုင်တဲ့ ပြည်ပ ပညာရေးကို အခုအချိန်မှာတော့ ပညာ တကယ် ထူးချွန်ပြီး နား မျက်စေ့ ဖွင့်ထားမယ်ဆိုရင် သာမန် လူလတ်တန်းစား သားသမီးတချို့လဲ သင်ယူခွင့် ရနိုင်ပါပြီ။ အာဏာပိုင်တွေဘက်က ပြည်သူလုထုအတွက် Internet သုံးစွဲခွင့်လို၊ ခေတ်ပေါ် နိုင်ငံတကာ စာအုပ်စာတမ်း လွတ်လပ်စွာ ဖတ်ခွင့်လို အခွင့်အရေးတွေကို ဘယ်လောက်ပဲ တံခါးပိတ် ကန့်သတ် ထားချင်ပေမဲ့ အာဏာပိုင် တွေအနေနဲ့က သူတို့ရဲ့ အရေးကိစ္စတွေ အတွက်လဲ ပြင်ပဆက်သွယ်ရေး တံခါးပေါက်တွေကို မဖြစ်မနေ ဖွင့်ရ သေးတာမို့လို့ သတိရှိတဲ့၊ အခွင့်အလမ်းကို အသုံးချတတ်တဲ့ လူတော်လေးတွေ အခွင့်အရေး ရနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရကျောင်းသင်ပညာရေး ဖြစ်တဲ့ Formal Education ကိုတောင် ကောင်းကောင်းမရနိုင်တဲ့ ဒီ မြန်မာနိုင်ငံထဲမှာ ပြည်ပ ပညာတော်သင်ဆုရအောင် ကြိုးစားခဲ့ကြတဲ့ လူလတ်တန်းစားကလေးတွေဟာ ကျောင်းပြင်ပ ပညာရေးတွေ အားကိုးနဲ့ ကြိုးစားခဲ့ကြရတာပါ။ စာကြည့်တိုက် အားကိုး၊ စာအုပ်စာပေ အားကိုး၊ အင်တာနက် အားကိုး နဲ့ ကျားကုတ် ကျားခဲ လေ့လာ အားထုတ် ခဲ့ကြတာပါ။ ဒီနေရာမှာ မိဘတွေရဲ့ သွန်သင် ညွှန်ပြမှုနဲ့ အားပေး မြေတောင်မြှောက် ပံ့ပိုးပေးမှုက သိပ်အရေးကြီးပါတယ်။


အခုခေတ် လူငယ်တွေဟာ ဆုတ်ယုတ်ကျဆင်းနေတဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့အတွက်၊ ပြီးတော့ အချိန်မီ ပြန် ထူထောင်နိုင်ဖို့အတွက်ဆိုရင် ပညာ တကယ်တတ်မှ ကမ္ဘာ့ အဆင့်မီမှ ရတော့မယ်ဆိုတာကို ကောင်းကောင်း သိနေကြပါပြီ။ အဲဒီအခါ Informal Education ဟာ သိပ်ကို အရေးပါလာပါပြီ။ အထူးသဖြင့် တက္ကသိုလ်က ကလေးတွေ အတွက် ကျောင်းတွေကို စာသင်နှစ်တွေ ချုံ့ပစ်ထားတဲ့အပြင် သင်ရိုးတွေလဲ လျှော့ပစ်တာ မို့ စာ တကယ် မတတ်ကြတော့ပါဘူး၊ ဒါကြောင့် ဘွဲ့ရပေမဲ့ အရည်အချင်းမမီ ဖြစ်နေကြရပါတယ်။ အဲဒီအခါမှာ အသုံးဝင်တဲ့၊ တန်ဖိုးရှိတဲ့ အဆင့်မီ ဘွဲ့ရ ပညာတတ် အစစ် ဖြစ်ဖို့အတွက် မိဘ နဲ့ သားသမီိး ညီညီညွတ်ညွတ် ပူးပေါင်းပြီး ကျောင်းပညာရေး နဲ့အတူ ကျောင်းပြင်ပပညာရေးကိုပါ အရယူကြရမှာဖြစ်ပါတယ်။

အခု ၂၀၀၄ခုနှစ် နောက်ပိုင်းမှာဆိုရင် လူထုအပေါ် စေတနာကြီးတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဂျာနယ် မဂ္ဂဇင်းတချို့က လူငယ်တွေအတွက် ဗဟုသုတ တိုးစေတဲ့ အသိတရား ပေးနိုင်တဲ့ စာတွေ ပညာရေးသတင်း အချက်အလက် တွေ ကို အများကြီး ဖေါ်ပြပေးလာတာ တွေ့ရ ပါတယ်။ ပြုစုပျိုးထောင်တဲ့သူတွေ အများကြီး ရှိလာတဲ့ သဘော ပါပဲ။ တချိန်တည်းမှာပဲ စာဖတ်သင်းတွေ စာကြည့်တိုက်တွေ ပညာရေးဆိုင်ရာ စကားဝိုင်းကလေးတွေ တိုးပွား လာ ပါပြီ။ စာဖတ်ခန်းတွေ ဆိုက်ဘာကဖေးတွေထဲမှာ လူငယ်တွေ ရောက်လာ ပါပြီ။ အဲဒါဟာ Informal Education ရဲ့ အနှစ်သာရပါပဲ။ နည်းမှန်လမ်းမှန် ပညာရှာတာမျိုး ဖြစ်ဖို့တော့ လိုပါ တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ကျောင်းပြင်ပမှာ ပညာရှာတဲ့သူတွေ ပညာလိုလားသူတွေ လေ့လာ ဆည်းပူးတဲ့ သူတွေ များလာတာဟာ နိုင်ငံထူထောင်ရေးအတွက်တော့ သိပ်အားကောင်းတဲ့ မျှော်လင့်ချက် တစ်ခုပါပဲ။


၁၈၃၁ ခုနှစ်ကနေ ၁၈၈၁ ခုနှစ်အထိအမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတ James Garfield က

လွတ်လပ်မှုနဲ့ တရားမျှတမှုပြီးရင် အရေးကြီးဆုံးက ပြည်သူလူထုရဲ့ ပညာရေးပါပဲ… အဲဒါမှမရှိရင် လွတ်လပ်မှုကိုရော တရားမျှတမှုကိုရော တည်တံ့အောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး…
လို့ ပြောခဲ့ပါတယ်၊ အဲဒါနဲ့ ဆက်စပ်ပြီး နိုင်ငံတနိုင်ငံမှာ လွတ်လပ်မှု တရားမျှတမှုတွေ မရှိတာဟာ တကယ့် ပညာတတ်တွေ နည်းပါးနေလို့ပဲလား ဆိုတာကို တွေးကြည့်စရာ ကောင်းလှပါတယ်။

ဘွဲ့တွေ နှစ်ခု သုံးခု ရကြပြီး အတတ်ပညာ ဘာသာရပ်ဆိုင်ရာ စာပေတွေထဲမှာပဲ နစ်မြုတ်နေတဲ့ ပညာရှင်တွေ တောင်မှပဲ အသိဥာဏ်ပညာနဲ့ ယှဉ်တဲ့ ဆင်ခြင်တုံတရား ရှိဖို့ အတွက်ဆိုရင် ကိုယ့်ကျင့်တရားဆိုင်ရာ… စိတ်အင်အား ဆိုင်ရာ ဘာသာရပ် တွေ စာပေတွေကို လေ့လာကြရပါတယ်။ ပြီးတော့ ပညာရှင်အချင်းချင်း ဆွေးနွေးပွဲတွေ စကားဝိုင်းတွေ လုပ်ပြီး အသိအမြင်တွေ လေ့လာ ဖလှယ်နေကြရပါတယ်။


အဲလို လေ့လာ ကြရ တာဟာလည်း Informal Education ပါပဲ ။ ဒါကြောင့် Informal Education ဟာ Lifelong learning လည်း ဖြစ်တာမို့ တဘ၀စာလုံးအတွက် လိုအပ်တဲ့ အသုံးဝင်တဲ့ ပညာရေးပဲ ဖြစ်ပါတယ်။

မေငြိမ်း၊ ၂၀၀၆။

Wednesday, August 15, 2007

ပညာရေး အကျပ်အတည်း (၁၇)

ပညာရေးစနစ် နဲ့ ဆက်နွယ်နေတဲ့ ကျောင်းပြင်ပ ပညာရေးတွေဖြစ်တဲ့ Informal Education နဲ့ Non-formal Education တွေထဲက Informal Education နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။


ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ထုတ် မြန်မာတိုင်းမ် သတင်းစာမှာ မြန်မာနိုင်ငံရဲ့ ကျောင်းပြင်ပ ပညာရေးအတွက် ယူနီဆက်ဖ်ရဲ့ အထောက်အကူနဲ့အတူ ဂျာမနီနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၈ ဒဿမ ၇သန်း နဲ့ ညီတဲ့ ယူရို ၇သိန်း အကူအညီ ပေးမယ်ဆိုတဲ့ သတင်းကို ကြည့်မြင်တိုင် အလက်ချောင်းရွာ မှာ လက်တွေ့ စာသင်ပေး နေတဲ့ သတင်းဓါတ်ပုံနဲ့အတူ တွေ့ရပါတယ်။ ဒါဟာ အားတက်စရာပါပဲ။

သတင်းမှာပါတဲ့ ဖေါ်ပြချက်အရတော့ ပညာရေးမှာ အရေး အဖတ် အတွက် အခြေခံ နဲ့ အတူ HIV/ AIDS နဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေလည်း ပါတယ်လို့ သိရပါ တယ်။ အဲဒီမှာ ယူနီဆက်ဖ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က “လူတွေကို စားစရာ ဝေငှလိုက်တာထက် ပညာရေးနဲ့ အသိပညာတွေဝေငှလိုက်တာက သူတို့ဘ၀အတွက် ပိုကောင်းတဲ့ ရေရှည် မြှုပ်နှံမှု တစ်ခု ဖြစ်တယ်” လို့ ပြောထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို ပညာရေး အကူအညီတွေ အများကြီး ရှိဖို့ လိုနေပါတယ်။


တကယ်တော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ၁၉၉၉-၂၀၀၀ က စတဲ့ နှစ်၃၀ စီမံကိန်း ထဲမှာလည်း လက်ရှိ ဆောင်ရွက်နေသော အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ၁၀ခု ဆိုတဲ့ ခေါင်းစဉ် အောက်မှာ နံပါတ် (၉) အချက်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ တိုးတက်စေရေး ဆိုတာ ပါပါတယ်။

နိုင်ငံတကာမှာတော့ Informal Education ဟာ ပညာလိုလားသူတွေအတွက် Information Technology ခေတ်နဲ့အညီ အဆင့်မီစာကြည့်တိုက်တွေ အင်တာနက်သုံး စာဖတ်ခန်းတွေ လူငယ်အဖွဲ့အစည်းတွေ လူမှု အဖွဲ့ အစည်း တွေကနေ ကိုယ့်ဘာသာ လေ့လာ သင်ယူကြတာပါပဲ။ ကမ္ဘာ့နိုင်ငံအများစုဟာ ပြည်သူလူထု အနေ နဲ့ အသိဥာဏ် ပညာ တိုးတက်မှ နိုင်ငံ တိုးတက်မယ်ဆိုတာကို နားလည် သဘောပေါက်ကြတဲ့အတွက် Informal Education ရနိုင်အောင် အစိုးရ ကိုယ်တိုင်ကရော စေတနာ အလှူရှင်တွေ ကရော ၀ိုင်းပြီး ပံ့ပိုးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် Informal Education အတွက် အခြေခံလိုအပ်ချက်တွေထဲက တခုဖြစ်တဲ့ စာကြည့်တိုက်တွေတော့ ရှိလာပါပြီ။ စာကြည့်တိုက်တွေဟာ ဘ၀တက္ကသိုလ်၊ လူထုတက္ကသိုလ် လို့ အဓိပ္ပါယ် ဖွင့်ဆိုရ လောက် အောင်ပဲ လူတွေရဲ့ ဘ၀တွေ ပညာရေးတွေအတွက် သိပ် အရေးပါတာပါ။ တသက်တာလုံး ပညာ သင်ယူသွားနိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀လောက်ကစပြီး ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ စာဖတ် အသင်းတွေ စပြီး ထွန်းကား လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာပိုင် တွေကတော့ အခုအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စာကြည့်တိုက် ၃၀၀၀ကျော် ရှိပြီလို့ သတင်းစာတွေကနေ ကြေငြာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ကွန်ပျူတာ အင်တာနက် တွေ လုံလုံလောက်လောက် သုံးခွင့် ရဖို့တော့ လိုပါသေးတယ်။ အဲဒီအပြင် ဘယ်လို စာဖတ်ကြမလဲ၊ ဘယ်လို သင်ယူကြမလဲ ဆိုတာတွေကို အတူတူ ဆွေးနွေး အဖြေရှာနိုင်ဖို့ အဖွဲ့အစည်းတွေ လည်း ရှိဖို့ လိုပါတယ်။


အဲသလိုပဲ အင်္ဂလိပ်စာရေးဆရာကြီး John Ruskin ကလည်း

"ပညာရေးဆိုတာ လူတွေကို မသိသေးတဲ့ အကြောင်းအရာတွေ သင်ပေးဖို့မဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်အောင် သင်ပေးတာပဲ ဖြစ်တယ်"
လို့ ပြောခဲ့ပါတယ်။ ဒါဟာ မြန်မာ့ဆိုရိုးထဲက အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားနဲ့ အတူတူပါပဲ၊ စာတတ်မှ စာဖတ်မှ လိမ်မာမယ်၊ ကိုယ်ကျင့်တရား ကောင်းမယ်၊ စာရိတ္တ ကောင်းမယ်လို့ ပြောတာပါပဲ။ ဒါကြောင့် ဘွဲ့လက်မှတ် အောင်လက်မှတ် တစ်ခုခု ရတဲ့အထိ ကျောင်းမနေနိုင်ရင်တောင်မှပဲ ဘ၀ထဲမှာ အသိဥာဏ် နဲ့ ပြည့်စုံတဲ့လူ ဖြစ်နိုင်ဖို့အတွက် ကျောင်းပညာရေးမျိုးနဲ့ စာပေပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ဖို့၊ လေ့လာဆည်းပူးခွင့် တွေ ရဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ပညာရေး ကဏ္ဍထဲမှာ Informal Education ဟာ မရှိမဖြစ် လိုအပ်လာတာ ဖြစ်ပါတယ်။


ဒါပေမဲ့ လောလောဆယ် မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုထဲက အများစုကြီးဟာ ကျောင်းပြင်ပ ပညာရေးကို ထိတွေ့ခွင့် မရတဲ့အပြင် ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမယ့်၊ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ် ဆိုတာကိုတောင် သိခွင့်မရကြတဲ့ အခြေနေမှာ ရှိနေကြတာပါ။

အဆိုးဆုံးကတော့ ၂၀၀၀ပြည့်နှစ်ကတည်းက စပြီး လက်ရှိအစိုးရ ကြွေးကျော်ထားတဲ့ စီမံကိန်းတစ်ရပ်ဖြစ်တဲ့ Lifelong learning ဆိုတာက စီမံကိန်းရဲ့ ဒုတိယ၅နှစ်သက်တမ်းထဲ ၀င်လာပြီဖြစ်တဲ့ ခု ၂၀၀၆ ခုနှစ်ထိတိုင် လုံးဝ အကောင်အထည် မဖော်သေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူလူထုဟာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာရေးကို မသင်ယူနိုင်တဲ့အပြင် informal Education နဲ့ပါ သင်ယူခွင့် မရနိုင်ကြ ရတဲ့အတွက် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေကြရတာလည်း ဖြစ်ပါတယ်။ ပညာမမြင့်တဲ့အတွက် လူမျိုး မမြင့် နိုင် ရတာပဲ ဖြစ်ပါတယ်။

မေငြိမ်း ၊ ၂၀၀၆။

နယ်စပ်ပညာရေးခရီး

ကျမတို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာကြတဲ့ လူတန်းစားတရပ်ကို ရွှေ့ပြောင်းအလုပ်သမား(migrant worker) တွေအဖြစ် သတ်မှတ်ကြပါတယ်။ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ပညာတတ်တယ်၊ ပိုက်ဆံရှိတယ် ဆိုရင် အပေါ်လိုင်းလို့ခေါ်တဲ့ တရားဝင် ဗီဇာတွေ ၊ ပတ်စပို့စ်တွေနဲ့ နိုင်ငံခြား တိုင်းပြည်တွေကို ထွက်နိုင်ကြပေမဲ့ လက်လုပ်လက်စား အများစုကတော့ အိမ်နီးချင်းနိုင်ငံ တွေဆီကို တရားမ၀င်လမ်းကြောင်းများမှ ခိုးဝင်ခြင်းဖြင့် ရောက်ရှိ အလုပ်လုပ်ကြရပါတယ်။

အဲဒီအခါမှာတော့ မိဘတွေနဲ့အတူ ရင်သွေး ကလေးငယ်လေးတွေကလည်း ဒီခရီးကို ပါဝင်ကြရပြန်ပါတယ်။ တပါးတိုင်းပြည်မှာ ကိုယ့်ရင်သွေးတွေကို ဘယ်လိုကျောင်းထားရမယ် ဆိုတာ မှန်းဆမရတဲ့ အိပ်မက်တွေပါပဲ။ ကိုယ်တိုင်ကတောင် တရားဝင် အလုပ်သမား လက်မှတ်မရှိလေတော့ ထိုင်းကျောင်းကိုထားဖို့ ခက်ခဲလှပါတယ်။ ကျောင်းထားဖြစ်တော့ လည်း ကျောင်းဝတ်စုံဖိုး မတတ်နိုင်လို့၊ နောက်ကိုယ့်ကလေးကို ကိုယ့်မိခင်မြန်မာစာ တတ်စေချင်လို့ စသည်ဖြင့် မိဘများမှာ အတော် ဦးနှောက်ခြောက်ကြရပါတယ်။

မဲဆောက်ဆိုတဲ့ ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့ တဖက်ကမ်းက မြို့ကလေးမှာ မြန်မာ အလုပ်သမားပေါင်း မနက်သွားညပြန် အပါအ၀င်ဆိုရင် တသိန်းခွဲလောက် ရှိပါတယ်။ ဒီမှာ အခြေချနေထိုင်တဲ့ အလုပ်သမားတွေရဲ့ သားသမီးတွေ အတွက် မြန်မာစာသင်ကျောင်းလေးတွေကို ဖွင့်ဖြစ်တာ ဆယ်စုနှစ် နီးပါးရှိလာနေပါပြီ။ ကျောင်းသားတွေလည်း တိုးလာသလို ကျောင်းတွေလည်း တိုးတိုးလာပါတယ်။ ကျောင်းသားဦးရေ (၆၀၀၀)်ကျော်ရှိလာနေပြီး ကျောင်းပေါင်းက စာရင်းဝင်ပြီးသား (၄၈) ကျောင်း ၊ ဒီနှစ် ထပ်ဖွင့်တာတွေ စာရင်းမပေါက်သေးတာတွေပါရင် (၅၃) ကျောင်းလောက်ရှိပါတယ်။ ဆရာ ဆရာမဦးရေက (၃၀၀) ကျော် ရှိနေပါတယ်။ အရင်က တချို့ကျောင်းတွေက ဆရာတွေလခဟာ ဘတ် (၅၀၀) လောက်ပဲ ရတာတွေ ရှိပေမဲ့ အခုဒီနှစ် ၂၀၀၇ စာသင်နှစ်ကနေစပြီး ကျောင်းဆရာလခကို အနည်းဆုံး ဘတ်(၂၀၀၀) သတ်မှတ်လိုက်ပါတယ်။ ဘတ်(၂၅၀၀) ထိပေးတဲ့ကျောင်းလဲ ရှိပါတယ်။ အဲဒါကတော့ ကျောင်းတွေကို ထောက်ပံ့တဲ့ အဖွဲ့ (ဒါမှမဟုတ်) လူပုဂ္ဂိုလ်တွေပေါ် မူတည်ပါတယ်။

ဒါကတော့ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့က ဖွင့်လှစ်ထားတဲ့ မူလတန်းကျောင်းလေးဖြစ်ပါတယ်။

အခုလို စာသင်နေပါတယ်။


စေတနာရှင် နိုင်ငံခြားသူလေးက အခုလို အင်္ဂလိပ်စာကို သင်ပေးတာပေါ့။

ကျောင်းတွေအများစုက မူလတန်းအဆင့်ပဲ ရှိပြီး အလယ်တန်းအထက်တန်းထိ သင်ကြားပေးနိုင်တဲ့ ကျောင်းကတော့ ၃ ကျောင်းပဲ ရှိပါသေးတယ်။ တချို့ကျောင်းတွေက ကျောင်းသားရှိရာမှာ တည်ထားရတာဖြစ်လို့ သွားရေးလာရေးခက်ခဲတဲ့ နေရာတွေမှာ ဖြစ်နေရပါတယ်။ ကလေးမိဘတွေက မနက်စောစော အလုပ်သွားကြတဲ့ အခါ ကလေးအကြီးက ကလေးအငယ်တွေကို ထပ်ဆင့် ထိန်းကျောင်းနေရတာတေ၊ွ မိသားစုအတွက် တဖက်တလမ်းက ဈေးကူရောင်းပေးရတာတွေ ဖြစ်နေလို့ စာသင်တဲ့ နေ့ကျောင်းတွေမှာ တချို့ကလေးတွေက မတက်ရောက်နိုင်ပဲ ညကျောင်းဖွင့်တဲ့ နေရာမှာ တက်ရတာတွေလဲ ရှိပါတယ်။ မဲဆောက်မှာ လူအများဆုံးတက် တဲ့ ညကျောင်း တကျောင်းမှာ ဆိုရင် ကလေး (၇၀) လောက်ရှိပြီး အဲဒီထဲက တ၀က်လောက် က နေ့ကျောင်း မတက်နိုင်လို့ ညကျောင်းတမျိုးတည်း တက်ရတဲ့ ကလေးတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေ နေတဲ့ တန်လျား အရှည်ကြီး တခုရဲ့ တခန်းသော အောက်ထပ်မှာ သင်ကြားတဲ့ ညကျောင်းလေးကို ကျမဗွီဒီယို ရိုက်ကူးထားခဲ့ ပါတယ်။ အဲဒါကိုတော့ မဂျစ်ဆီပို့ပေးထားပါတယ်။ (ကျမမတင်တတ်လို့ပါ)၊ ညကျောင်းတွေကို ညနေ ၆ နာရီလောက်မှာ စဖွင့်ပြီး တချို့ကျောင်းလေးတွေက ရ နာရီခွဲ ၈ နာရီလောက်မှာ ဆင်းပါတယ်။ ခုနပြောပြတဲ့ ကျောင်းလေးကတော့ ည ၉ နာရီမှာ ဆင်းပါတယ်။ ကျောင်းတက်တဲ့ကလေးတွေအတွက် အိမ်စာလုပ်ရာ စာသင်ခန်း၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက်က သေစာရှင်စာ ဖတ်တတ်ဖို့ ဘ၀ အတွက်စာသင်ခန်း ပါပဲ။

နယ်စပ်တလျှောက်က ကလေးတွေရဲ့ ပညာသင်ကြားရပုံ၊ ကျောင်းတက်ရန် အခက်အခဲများ၊ ဆရာ ဆရာမ ရှားပါးပုံ ၊ ရွေ့ပြောင်းပညာရေးဆရာ များသမဂ္ဂ စသည်ဖြင့် ကျမသိသလောက် ဆက်လက် ဝေမျှပေးပါ့မယ်။ အဲဒီ အချက်အလက် အမှန်တွေ ပေါ်က ကျမတို့ ဘာတွေ ကူညီနိုင်မလဲ ဆိုတာ စုပေါင်းစဉ်းစားကြရအောင်နော်။

ဒီကလေးတွေအားလုံးဟာ ကျမတို့ချစ်တဲ့ မြန်မာနိုင်ငံသားတွေပါ။

Monday, August 13, 2007

ပညာရေး အကျပ်အတည်း (၁၆)

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အတန်းတင် အတန်းကျ စာမေးပွဲစနစ်ကို ပြန်သုံးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးပါပြီ။ တကယ်တော့ စာမေးပွဲစနစ်ကိုပဲ စနစ်ကျတဲ့ ပုံစံနဲ့ ကျင့်သုံးမယ်ဆိုရင်တော့ ဒါဟာ ကလေးများအတွက် အဆိပ်အတောက် မဖြစ်နိုင် ပါဘူး။ စာမေးပွဲစနစ်ကို ကျင့်သုံးပြီး ပညာတတ်တွေ အောင်အောင် မြင်မြင် မွေးထုတ်နိုင် နေတဲ့ အင်္ဂလန်နိုင်ငံဟာ ထင်ရှားတဲ့ သက်သေပါပဲ။ အင်္ဂလန်နိုင်ငံမှာ ကျင့်သုံးတဲ့ စာမေးပွဲ စနစ် က အတန်းတင် အတန်းချ စနစ် မဟုတ်ပါဘူး။ ကလေးတွေရဲ့ အရည်အချင်းတွေကို ခန့်မှန်းပြီး တပြေးညီဖြစ်အောင် ညှိတာမျိုးပဲ ဖြစ်ပါတယ်၊


တကယ်တော့ စာမေးပွဲဆိုတာဟာ ကလေးတွေအနေနဲ့ စာတွေကို ပညာတွေကို ဘယ်လောက် မှတ်မိလဲ… ဘယ်လောက် အလွတ်ပြောနိုင်လဲဆိုတာကို စစ်ဆေးတာမျိုး မဖြစ်ရပါဘူး။ ကလေးတွေအနေနဲ့ စာကို ဘယ်လောက် နားလည်လဲ.. ဘယ်လောက် ပြန်ပြီး အသုံးချနိုင်လဲ.. ဘယ်လို ပြန်ပြီး အသုံးချနိုင်သလဲ ဆိုတာ ကိုသာ စစ်ဆေးကြည့်တဲ့ သဘောပါ။ ပြီးတော့ ရေးဖြေစာမေးပွဲနဲ့အတူ ကလေးတွေဟာ နှုတ်ဖြေလည်း ဖြေကြ ရပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ လူမှုဆက်ဆံရေးတွေ ကိုယ်ရည်ကိုယ်သွေးတွေကိုပါ အကဲခတ် စစ်ဆေးပါ တယ်။ အဲဒီအပြင် အတန်းထဲမှာ Assignment ရေးတာမျိုးကို တစ်ယောက်ချင်းရော အဖွဲ့နဲ့ရော လုပ်ကြရတာ မျိုးလည်း ပါပါတယ်။အဲဒီ Assignment ဟာ စာမေးပွဲ တစ်စိတ်တပိုင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ လို စာမေးပွဲပုံစံကို ဘွဲ့လွန်တန်းများမှာပဲ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကတော့ တစ်နှစ်လုံး သင်ခဲ့တဲ့ စာတွေကို လစဉ် စာမေးပွဲတွေ ဖြေရသလို နှစ်အဆုံး မှာလည်း အတန်းတင်စာမေးပွဲဆိုပြီး ဖြေရပါတယ်။ မေးခွန်းပေါ်မှာပဲ အမှတ် ၁၀၀ ဖိုး အပြည့် ဖြေရတာပါ။ ပြီးတော့ လစဉ်ဖြေခဲ့တဲ့ ရလဒ်တွေကိုလည်း အတန်းတင်စာမေးပွဲကြီးမှာ တရားဝင် ထည့်စဉ်းစားပေး တာမျိုး မရှိပါဘူး။ ကလေးရဲ့ အတန်း တွင်း ပူးပေါင်း ပါဝင်မှုတွေ လူမှုဆက်ဆံရေးတွေ စိတ်နေသဘောထားတွေကို သင်ကြား ပေးတဲ့၊ အသိအမှတ်ပြုတဲ့ ထည့်သွင်း စဉ်းစား ပေးမှုမျိုးလည်း မပါပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကတော့ ကလေးဘ၀အတွက် အမှန်တကယ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရေး (Moral Education) နဲ့ ပတ်သက်လို့ လုံးဝ ထည့်မစဉ်းစားတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

၁၉ရာစု ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Benjamin Disraeli (1801-1900) က “ Upon the education of the people of this country the fate of this country depends” “နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာ ဟာ အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ပညာရေးအပေါ်မှာ မူတည်တယ်” လို့ ပြောခဲ့တာကို ကြည့်ရင် ကလေးတွေ လူငယ်တွေရဲ့ ပညာရေးဟာ တန်ဖိုးရှိတဲ့ ပညာရေးဖြစ်ဖို့ ဘယ်လောက် လိုအပ်တယ်ဆိုတာ ပေါ်လွင်စေလှပါတယ်။

တန်ဖိုးရှိတဲ့ ပညာရေး ဆိုတာနဲ့ ပတ်သက်လို့တော့ အမေရိကန် ပညာရေးသုတေသီ Nicholas Murray Butler ( ၁၈၆၂-၁၉၄၇ ) က ပြောခဲ့ဖူးပါတယ်။ သူက
- မိခင်ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်စေတဲ့ပညာရေး၊
- ယဉ်ကျေးသိမ်မွေ့တဲ့အမူအယာ အလေ့အကျင့်ရှိလာစေတဲ့ ပညာရေး၊
- ရသခံစားမှုကို နားလည်စေတဲ့ ပညာရေး၊
- စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသွားစေတဲ့ ပညာရေး နဲ့
- အမှုကိစ္စတွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်စေတဲ့ပညာရေး
မျိုးတွေကမှ တန်ဖိုးရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒါမှပဲ အဲဒီတန်ဖိုးရှိတဲ့ ပညာရေးနဲ့ မွေးထုတ်လိုက်တဲ့ လူငယ်များကသာ တိုင်းပြည် အတွက် တန်ဖိုးရှိတဲ့ ကံကြမ္မာ တွေကို ဖန်တီးပေးနိုင်မှာပါ။ အဲဒီလို ကလေးရဲ့ ပညာဥာဏ်ရည်နဲ့အတူ ကိုယ်ရည်ကိုယ်သွေးကိုပါ ပျိုးထောင် ပေး နိုင်ဖို့ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မှတ်ဥာဏ်တစ်ခုတည်းသက်သက်ကိုသာ အားပေးတဲ့ မူလလက်ဟောင်း စာမေးပွဲ စနစ်ဟာ လွဲမှားတဲ့ စနစ်သာ ဖြစ်ပါတယ်။


အဲလိုစနစ်နဲ့ ကြီးပြင်းရတဲ့ ကလေးတွေ လူငယ်တွေဟာ မှတ်ဥာဏ်ကိုသာ အားကိုးကျင့် ရှိသွားတဲ့အတွက် ဆင်ခြင်ဥာဏ်ကို အသုံးမချတတ်တော့တဲ့အထိ ဖြစ်သွားကြပါတယ်။ အဲဒီအခါ သာမန် ပညာတတ် တစ်ယောက် ရဲ့ သာမန်အသိကို မကျော်လွန်နိုင်ဘဲ ဖြစ်သွားပါတယ်။ စိတ်ပညာရှင် Howard Gardner ရဲ့ အဆိုအရတော့ တကယ့် ပညာတတ်တစ်ယောက်ဟာ သာမန် လူတစ်ယောက်ရဲ့ သာမန်အသိ (Common Sense) ကိုတော့ ကျော်လွန်ရမယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့်တော့ အသိရော အလိမ္မာပါ ပြည့်စုံမှ ပညာတတ်လို့ ပြောတာ ပါပဲ။ ဒါကြောင့်ပဲ ဘွဲ့ထူး ဂုဏ်ထူး မရဖူးပေမဲ့ လေ့လာအားထုတ်မှုနဲ့ တီထွင် ဖန်တီး နိုင်စွမ်းတွေ ကိုယ်ကျင့်တရား တွေ ကောင်းတာကြောင့် ပညာရှင်လို့ သတ်မှတ်ရသူတွေ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ အများကြီး ရှိခဲ့တာပါပဲ။

“An educated person is one who has learned how to learn” ဆိုတဲ့ အနက်ဖွင့်ဆိုချက် အတိုင်းပါပဲ၊ ပညာတတ်ဆိုတာဟာ ပညာ ဘယ်လို သင်ယူရမလဲ ဆိုတာကို သင်ယူ တတ်မြောက် ပြီးတဲ့သူပါပဲ။ ဒါကြောင့် ပညာရေးဟာ ကိုယ် လေ့လာ တတ်မြောက် ထားသမျှကို နေရာတကျ ဝေဖန်ပိုင်းခြားပြီး အသုံးချတတ်အောင် တတ်မြောက်ဖို့ပဲ လိုတာမို့လို့ ကလေးတွေအတွက် လွဲမှားတဲ့ ယှဉ်ပြိုင်စိတ်နဲ့ အကြောက်တရားကို ဖြစ်စေတဲ့ မြန်မာနိုင်ငံရဲ့ စာမေးပွဲပုံစံဟာ ပြုပြင် ပြောင်းလဲသင့်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတော့ စဉ်ဆက်မပြတ် အကဲခတ် အတန်းတင်စနစ် (Caps) ကိုသုံးပြီး အောင်မြင်တဲ့ပညာရေးကို တည်ဆောက်နိုင်နေတာ တွေ့ရပါတယ်။ ကလေးတွေဟာ အလယ်တန်းဆင့် ရောက်တဲ့အထိ ကျောင်းစာနဲ့ အိမ်စာကို မျှမျှတတ ပေါ့ပေါ့ပါးပါး လုပ်ကြရပြီး အတန်းတက် သွားကြပါတယ်။ ကျောင်းမှာ စာသင်ခန်း အတွင်းကနေ စလို့ ကျောင်းဝင်း သန့်ရှင်းရေးအထိ တပျော်တပါး လုပ်ရင်း လူမှု ဆက်ဆံရေး နဲ့ ပူးပေါင်း လုပ်ဆောင်တတ်မှုတွေကို တတ်မြောက်သွားကြပါတယ်။ ပန်းချီချိန်မှာ ရောင်စုံလေးတွေ သုံးပြီး ပုံလှလှလေးတွေ ဆွဲရင်း ဂီတချိန်မှာ သီချင်းဆိုရင်း ကရင်း အနုပညာကို ခံစားတတ်သွားကြပါတယ်။ ကာယချိန်မှာ အားကစားလုပ်ရင်း ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဆက်စပ် နားလည်သွားကြပါတယ်။ ဒီလိုနဲ့ပဲ ကလေးတွေဟာ သူတို့ဘာသာတောင် သတိမထားမိလိုက်ဘဲနဲ့ တကယ် ပညာတတ် သွားကြတာပါပဲ။ ဆရာ ဆရာမတွေနဲ့ တရင်းတနှီး ထိတွေ့နေရင်းကပဲ သူတို့ အမှတ်တွေ ရသွားကြတာပါပဲ။ စာမေးပွဲကြီးရယ်လို့ မရှိဘဲ ကလေးရဲ့ ဥာဏ်ရည်အလိုက် ထူးချွန်ဆုတွေ ဘာတွေလဲ ရသွားကြတာပါပဲ။


ဒါကြောင့်ပဲ ကလေးတွေအတွက် တကယ်တန်ဖိုးရှိတဲ့ ပညာတတ်ဖြစ်အောင် ပျိုးထောင်ရာမှာ စာမေးပွဲဟာ အဓိက မကျလှဘဲ ကလေးရဲ့ အရည်အသွေးကို စနစ်တကျ ပျိုးထောင်ပြီး အကဲဖြတ်နိုင်ဖို့ကသာ အဓိက ကျတယ် လို့ ပြောရတာဖြစ်ပါတယ်။ တကယ်လို့ စာမေးပွဲစနစ်ဆိုရင်လဲ ကလေးရဲ့ ပညာတတ်မြောက်မှုကို အမှန်တကယ် သိနိုင်ဖို့နဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ အကဲခတ်နိုင်တဲ့ စာမေးပွဲစနစ်မျိုးသာ ဖြစ်သင့် ပါတယ်။

မေငြိမ်း (၁၃၊၆၊၀၆)

Saturday, August 11, 2007

ပညာရေး အကျပ်အတည်း (၁၅)

အလိုအလျှောက် အတန်းတင်စနစ်

“ငယ်ရွယ် နုနယ်သေးတဲ့ ကလေးဘ၀မှာ စာမေးပွဲစနစ်ကြောင့် အတန်းကျတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ရ စေတာ မျိုးဟာ ကလေးတွေအတွက် မှားယွင်းတယ်” လို့ နိုင်ငံတကာ ပညာရေး သုတေသီ တွေက ပြောခဲ့ပါတယ်။ ဒါကြောင့် အဲဒီ အမှားကို တားဆီးဖို့ ကလေးတွေကို စာမေးပွဲစနစ် မသုံးသင့်ဘူးလို့ ဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ စာမေးပွဲစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကလေးတွေဟာ ပညာရေးမှာ ဆင်ခြင် တွေးတောဥာဏ်ကို မသုံးတော့ဘဲ အလွတ်ကျက် နည်းကို အားကိုးလာပါတယ်။ ပြီးတော့ စာမေးပွဲကျမှာကို ကြောက်တာကြောင့် ခိုးချတာတို့ ဆရာဆရာမတွေကို လာဘ်ထိုးတာတို့ ရှိလာတာပါပဲ။ တပြိုင်တည်းမှာပဲ ဆရာဆရာမ တွေရဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့်လဲ စာမေးပွဲစနစ်ထဲမှာ အဂတိ လိုက်စား တဲ့ အကျင့်ပျက်မှုက ပူးတွဲပါလာပါတယ်။ အဲဒီအခါမှာ ကလေးတွေနဲ့ မိဘတွေအတွက် တော့ စာမေးပွဲဟာ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတစ်ခုလို ဖြစ်လာပါတယ်။


တကယ်တော့ ကလေးတွေအတွက် ပညာရေးဘ၀ဟာ ပျော်ရွှင်ပေါ့ပါးဖို့ လိုပါတယ်။ အထူးသဖြင့် ပညာရေးကို စပြီး ထိတွေ့ရတဲ့ မူလတန်းအဆင့်ဟာ ကလေးတွေကို ကိုယ်ရော စိတ်ပါ ဖွံ့ဖြိုးစေတဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုတာ မို့ ကလေးတွေရဲ့ စိတ်နေ စိတ်ထား၊ လူမှုဆက်ဆံရေး အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေ ကောင်းမွန် ဖွံ့ဖြိုးဖို့ နဲ့ အတူ သဘာဝ ပတ်ဝန်းကျင်ကိုပါ ရင်းနှီး ကျွမ်းဝင်အောင် စီစဉ်ပေးရမှာပါ။ ဒါကြောင့်ပဲ ကမ္ဘာ့ နိုင်ငံတွေမှာ ကလေး တွေ အတွက် ပညာအရည်အချင်း စစ်ဖို့ကို စာမေးပွဲစနစ် အစား စဉ်ဆက်မပြတ် စစ်ဆေးနည်းကို ကျင့်သုံး ခဲ့ကြတာ ဖြစ်ပါတယ်။



တကယ်လည်း စာမေးပွဲစနစ်နဲ့ စဉ်ဆက်မပြတ် စစ်ဆေးနည်းရဲ့ ရလဒ်တွေက သိသိ သာသာပဲ ကွာခြားပါတယ်။ စာမေးပွဲစနစ်ဟာ ကလေးတွေကို မှတ်ဥာဏ်အား ကောင်းဖို့သာ လိုတယ်လို့ ပုံသွင်းတာ ဖြစ်ပါတယ်။ ကလေးတွေ ရဲ့ တီထွင်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်ဥာဏ် တွေရဲ့ အရေးကြီးမှုကိုတော့ ထည့်မစဉ်းစားပါဘူး။ အဲသလိုပဲ ကလေးတွေ ရဲ့ ကျန်းမာ သန်စွမ်းတာ ၊ ပေါင်းသင်း ဆက်ဆံရေး ကောင်းတာ၊ မိသားစုစိတ်ဓါတ် ရှိတာ တို့လို စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း အသိအမှတ် မပြုပါဘူး။ ဒါဟာ တနည်းအားဖြင့်တော့ ပညာရေးကဏ္ဍထဲမှာ သိပ်လိုအပ်တဲ့ Moral Education ပိုင်းကို ထည့်မစဉ်းစားတာပါပဲ။

စဉ်ဆက်မပြတ်စစ်ဆေးနည်း Continuously Assessment Progression System ကတော့ စာမေးပွဲစနစ်ကို လုံးလုံး ဆန့်ကျင် ပါတယ်။ စာမေးပွဲစနစ်ထဲမှာ စာအများကြီးကျက်ပြီး အများကြီးဖြေရတဲ့နေရာမှာ CAPS ကတော့ တဆစ်စီ တပိုင်းစီပဲ ဖြေကြရပါတယ်။ မေးခွန်းတို ဓမ္မဓိဌာန်ပုံစံနဲ့ သွားတာမို့ ကလေးတွေဟာ ပေါ့ပေါ့ ပါးပါး ဖြေဆိုနိုင်ပြီးတော့ တကယ် သိမှ တတ်မှ ဖြေလို့ရတာမို့ စာ တကယ်တတ်ပြီး အတန်း တက်ကြရတာ ဖြစ်ပါ တယ်။ ပြီးတော့ တီထွင်ဥာဏ် ဆင်ခြင်ဥာဏ် သုံးရတာတွေ၊ ကျောင်းတွင်း အသင်းအဖွဲ့အလိုက် ပူးပေါင်းပြီး လုပ်ငန်း သဘော လုပ် ကြရတာတွေကိုပါ အမှတ်ပေးတာမို့ ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားပေးနိုင်တဲ့ အတန်း တင် စနစ်ပါပဲ။ ဒီနေရာမှာ ဘက်လိုက်မှုကင်းပြီး တရားမျှတ ဖို့တော့ လိုပါတယ်။



CAPS အရဆိုရင် ကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းသင်ခန်းစာတွေ ပိုင်နိုင် ကျွမ်းကျင်ဖို့ သာမကဘဲနဲ့ သူတို့လေးတွေရဲ့ ရိုးသားဖြောင့်မတ်မှု၊ လုံ့လ၀ီရီယရှိမှု၊ ပေါင်းသင်းဆက်ဆံရေး၊ စည်းကမ်းရှိမှု၊ ကိုယ်ပိုင် စွမ်းရည် ရှိမှုတွေကို အမှတ်ပေးရပါတယ်။ သင်ခန်းစာတွေ တတ်တဲ့အဆင့်ကိုလဲ မှတ်မိရုံသာမကဘဲ တီထွင် ကြံဆတတ်တာ၊ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းတတ်တာ၊ ဝေဖန် သုံးသပ်တတ်တာတွေကိုပါ အမှတ် ပေး ရပါတယ်။ အဲဒီ အရည်အချင်းတွေကို တစ်ယောက်ချင်းစီအတွက် လစဉ် မှတ်တမ်းတင် သွားပြီး စာသင်နှစ် အကုန် အခန်းဆုံး စစ်ဆေးအပြီးမှာ စနစ်တကျ အတန်းတင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ မူလတန်းနဲ့ အလယ်တန်းအဆင့်တွေမှာ ကလေးရဲ့ အသက် အရွယ် နဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အကဲဖြတ် အမှတ် ပေး သွားရတာပါ။

မူလတန်းအောက်ဆင့်မှာ ဘာသာစကားတတ်မြောက်မှုနဲ့ အခြေခံသင်္ချာ တတ်ရုံလောက်ပဲ လိုပေမဲ့ မူလတန်း အထက်ဆင့်ကနေ စပြီး အလယ်တန်း အထိ လောက်မှာတော့ တစ်နှစ်ကို ငါးကြိမ်လောက် အကဲဖြတ် စစ်ဆေးရ ပါတယ်။ အဲဒီအပြင် ကျောင်းခေါ်ချိန် ၇၅ရာခိုင်နှုန်းပြည့်တာ၊ ပြစ်ဒဏ်ကင်းပြီး ကျောင်းစည်းကမ်း လိုက်နာတာ၊ ကျောင်းတွင်း ဝေယျာဝစ္စတွေကို ၀င်လုပ်တာ၊ အားကစား လုပ်တာ၊ စာပေဆိုင်ရာ လှုပ်ရှားမှုတွေ လုပ် တာ၊ ကျောင်း အသင်းအဖွဲ့တွေမှာ ပူးပေါင်း လှုပ်ရှားတာတွေကိုပါ ထည့်ပြီး အမှတ်ပေး ပါတယ်။ ဒါကြောင့်ပဲ CAPS ဟာ ကလေးတွေရဲ့ စာရိတ္တဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေး အသိပညာတွေ လူမှုဆက်ဆံရေးအသိပညာတွေ တိုးပွား စေတဲ့ စနစ်လို့ ပြောရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ၁၉၉၈-၉၉ကနေ ၂၀၀၅-၂၀၀၆ပညာသင်နှစ်အထိသုံးခဲ့တဲ့ CAPS မှာ ကလေးတွေအတွက် အစိုးရလက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်ရင် ၁၆မှတ် ပေးထားပါတယ်။ ပြီးတော့ ဆရာ ဆရာမနဲ့ အဆင်ပြေရင် ပြေသလို ရသွားတဲ့ အမှတ်တွေလည်း ရှိတာမို့ ကလေးတစ်ယောက်အတွက် အောင်မှတ် ၄၀ရဖို့ဆိုတာ မခက်လှပါဘူး။ ဒါတောင်မှ အောင်မှတ် မပြည့်ခဲ့ရင်လည်း ပညာရေး ၀န်ကြီးဌာနက အောင်ချက်နှုန်း ကောင်းရမယ်လို့ တရားဝင် အမိန့်ထုတ် ထားတာ မို့လို့ အဲဒီကလေးက ဖြည့်ဆည်းသင်ကြားနည်းတို့ ကုစားစစ်ဆေးနည်းတို့နဲ့ အတန်းတက် သွားတာပါပဲ။ အဲဒီမှာ ပြဿနာကတော့ အောင်ချက် ရာနှုန်း ပြည့်ရမယ် ဆိုတဲ့ အမိန့်ကြောင့် ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို အလွယ်တကူ အအောင်ပေး လိုက်ကြရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကလေးတချို့ ဟာ စာတကယ်မတတ်ဘဲ အတန်းတက်သွားကြပြီး စာမေးပွဲစနစ်သုံးတဲ့ အလယ်တန်း အထက်ဆင့် အရောက် မှာ အတန်းကျကြ ရပါတော့တယ်။ တခါတလေမှာ ကျောင်းစာကို ဘယ်လိုမှ မလိုက်နိုင်တော့လို့ ကျောင်းထွက် သွားကြရတာမျိုးတောင် ရှိလာတဲ့ အထိပါပဲ။ ဒါကြောင့်ပဲ ပညာရေးဝန်ကြီး က မြန်မာနိုင်ငံရဲ့ အခြေခံပညာရေး မှာ CAPS က မအောင်မြင်တဲ့အတွက် စာမေးပွဲစနစ်ကိုပဲ ပြန်သုံးရမယ်လို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း ကလေးတွေအတွက် အကောင်းဆုံးဖြစ်တဲ့ စဉ်ဆက် မပြတ် အကဲခတ် အတန်းတင် စနစ်ကိုသာ ကမ္ဘာ့အဆင့်မီအဖြစ် ကျင့်သုံး သင့်ပါတယ်။ ဒီနေရာမှာ ကမ္ဘာနဲ့အ၀ှမ်း အောင်မြင်နေ တဲ့ စနစ်ဟာ မြန်မာနိုင်ငံမှာတော့ ဘာကြောင့် မအောင်မြင်ရသလဲ ဆိုတာကို အဖြေရှာကြရမှာ ဖြစ်ပါတယ်။

CAPS ဟာ ကလေးတွေကို တဦးချင်း အရည်အသွေး ပြည့်မီစေတဲ့ စနစ်ပါ။ ကလေးတစ်ဦးချင်းကို စောင့်ကြည့် အကဲခတ် ရတာမို့ ဆရာဆရာမတွေ တကယ် အလုပ်လုပ်ရတဲ့ ပင်ပန်းတဲ့ စနစ်ပါပဲ။ ဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ စာသင်ခန်းတွေမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသားကျောင်းသူ အယောက် အစိတ် သုံးဆယ်ထက် ပိုမထားတာ ဖြစ်ပါတယ်။ အဲဒီအခါ စာသင်သား ဦးရေနဲ့ ဆရာဦးရေ မျှတာမို့ ကလေးတွေ ကို တစ်ဦးချင်း စောင့်ကြည့် အကဲဖြတ် နိုင်ပါတယ်။ ပြီးတော့ ဆရာ ဆရာမဟာ လုံလောက်တဲ့ လစာကို ရကြတာမို့ စားဝတ်နေရေး ပူပန်စရာမလိုဘဲ အလုပ်ကို စိတ်ပါဝင်စားနိုင်ကြပါတယ်။ ဒါကြောင့် ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်ရတဲ့ အဂတိ လိုက်စားရတာမျိုးလည်း မရှိသလောက် ဖြစ်သွားပါတယ်။ နောက် လိုအပ်ချက် တစ်ခုကတော့ နိုင်ငံတကာမှာက ဆရာအလုပ်ကို လုပ်တဲ့သူတွေဟာ ဆရာဖြစ်သင်တန်း ဆင်းပြီးသူသာ ဖြစ်ရပါတယ်။ အဲလို ပညာရေးစနစ်ထဲမှာ အရည်အချင်း ပြည့်မီတဲ့သူတွေမို့ ကလေးပညာရေးကို နိုင်နိုင်နင်းနင်း ကိုင်တွယ် နိုင်ကြ တာ ပါပဲ။ ဒီအချက်တွေဟာ ကမ္ဘာ့ နိုင်ငံ တွေမှာ ပညာရေးစနစ် အောင်မြင်ရတဲ့ အကြောင်းရင်းတွေပါပဲ။

အဲဒီ နိုင်ငံတကာမှာ ပညာရေးစနစ် အောင်မြင်ရတဲ့ အကြောင်းရင်းတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပညာရေး အခြေနေတွေအတွက် အဓိက လိုအပ်ချက်တွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် ကလေး တွေအနေနဲ့ မြန်မြန်ကြီး တိုးတက် ဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီး ရဲ့ ဖြစ်စဉ်ကို လိုက်မီနိုင်ဖို့ဆိုရင်တော့ စာမေးပွဲစနစ် ဟာ ကလေးတွေအတွက် ပုံသေ မှတ်ထားဖို့ကိုသာ လေ့ကျင့်ပေးတဲ့ ၊ စဉ်းစား ဆင်ခြင်ဥာဏ်ကို အားမပေးတဲ့ အဖျက်အဆီး အဆိပ်အတောက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း ( ၅၊၆၊၀၆ )

 

© 2007 IngridGrey By Arephyz